Archive for August, 2008

Breath Taking Images Around Olympics

Beijing Olympics ပိတ်ပွဲတုန်းက ဓာတ်ပုံတွေနဲ့ နောက် ပြိုင်ပွဲကာလာအတွင်းက ရိုက်ထားတဲ့ high quality ပုံတွေ တွေ့လို့ ပြန်တင်လိုက်ပါတယ်။ ပုံတွေက အရမ်းကြည်ပြီး ရိုက်ထားတာတော်တော် ကောင်းပါတယ်။ နောက် ရိုက်ထားတဲ့ နေရာတွေ တော်တော်လှတယ်ဗျာ။ ကျွန်တော် desktop မှာ wallpaper လုပ်ပြီး သုံးထားတယ်။ ပုံတွေကောင်းတာလဲ မပြောနဲ့ဗျ ရိုက်တဲ့ ကင်မရာတွေက မှန်ဘီလူးတွေကိုက နဲတာတွေ မဟုတ်ဘူး။ အခု အပေါ်မှာ ဆုံးမှာ တင်ထားတဲ့ ပုံဆို အရမ်းလှပါတယ် တရုတ်ရိုးရာ အဆောက်အဦးပုံနဲ့ ငှက်သိုက် အားကစားကွင်းရယ်နောက် ညအမှောင်မှာ လင်းနေတဲ့ မီးပန်းတွေရယ် အရမ်းလှတယ်။

Read the rest of this entry »

Happy Birthday to You

Happy Birthday!!

to

You!!

Read the rest of this entry »

Columbus’ Journey to America

၂၄ ရက်နေ့တုန်းက MWD က ပြသွားတဲ့ ပဟေဋိနန်းတော် (Puzzle Palace) ကြည့်ဖြစ်ပါတယ်။ အဲဒီထဲမှာ presenter က မေးခွန်းတစ်ခုမေးပါတယ်။ အမေရိကတိုက်ကို ကိုလံဘတ်စ်, Christopher Columbus (1451-1506), ရောက်သွားတော့ သူ့ကိုယ်သူဘယ်ေ၇ာက်နေတယ်လို့ ကိုလံဘတ်စ်က ထင်ပါသလဲတဲ့။ အဲဒီမေးခွန်းတွေ့တော့ အရင်ဖတ်ခဲ့ဘူးတဲ့ စာအုပ်ကို သတိရသွားတာနဲ့ ပြန်ရှာပြီး ပို့စ်တင်လိုက်ပါတယ်။

Read the rest of this entry »

Plan for Blog Day 2008

ဒီလ 31 ရက်နေ့မှာ Blog Day နေ့ ရှိပါတယ်။ တဖြည်းဖြည်းနဲ့တော့ နီးလာပါပြီ.. ကမ္ဘာအနှံ့က ဘလော့ခ်ဂါပေါင်းများစွာက အဲဒီနေ့မှာ သူတို့ နှစ်သက်ရာ ဘလောခ့်အသစ် 5 ခုကို မိတ်ဆက်ပို့စ် ရေးကြမှာပါ။ Blog Day နှစ်စဉ်ပြုလုပ်ခဲ့တာ ဒီနှစ်နဲ့ ဆိုရင် ၄ နှစ်မြောက်ပြီဖြစ်ပါတယ်။ ဒီနှစ် အတွက် ဘလော့ခ် 5 ခု ရွေးပြီး ပို့စ်တင်ရဦးမှာပါ။ မနှစ်က Blog Day 2007 တုန်းကတော့ ကျွန်တော် မြန်မာ ဘလောခ့် ၂ ခု အပါအ၀င် ဘလောခ့် 5 ခု အကြောင်းပို့စ် တင်ခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော် ရွေးခဲ့တဲ့ ဘလောခ့်တွေမှာ 5 ခုလုံးက ဘလောခ့်ဂါတွေ လာဖတ်ကြတော့ အဆင်ပြေအောင် ဘိုလို မတတ်ဘဲ တတ်သလောက် လျှောက်ရေးခဲ့ပါတယ်။ ဒီနှစ်တော့ ကျွန်တော်ရွေးမယ့် ဘလောခ့်ပိုင်ရှင်တွေက လာကြည့်မှာမဟုတ်တဲ့ အတွက် မြန်မာလိုပဲ ရေးပါမယ်။

Read the rest of this entry »

Why We Need Screensaver?

Screensaver ဆိုတာ အားလုံးသိတဲ့ အတိုင်း screen မှာ ပြောင်းလဲ လှုပ်ရှားမှုမရှိတဲ့ အခါ လူပ်ရှားနေတဲ့ ရုပ်ပုံတွေ၊ ဗီဒီယို၊ ဂရပ်ဖစ်ဖိုင်တွေကို လာပြပေးတဲ့ operating system တွေမှာ တွဲပါတဲ့ ဆော့ဝဲပါ။ သူကို ဘာအတွက် သုံးပါသလဲ ဆိုတော့ monitor screen, LCD screen, digital display တွေမှာ စက်ဖွင့်ထားတဲ့ အချိန်မှာ screen မှာ လူပ်ရှားမှုမရှိပဲ အချိန်ကြာလာတဲ့ အခါမှာ screen မှာ burning စဖြစ်လာပါတယ်။ အထူးသဖြင့် bright ဖြစ်တဲ့ ကာလာတွေကို ပြထားတဲ့ အချိန်မှာပါ။ အဲဒါမျိုး screen burning ဖြစ်တာ နာရီပေါင်းများလာတဲ့ အခါ screen ဟာ ၀ါးလာတာ၊ dead pixel ပေါ်တာမျိုးတွေ ဖြစ်လာပါတယ်။ အဲဒီလို မျိုး မဖြစ်ရအောင် operating system, firmware တွေမှာ screen burning ကို ကာကွယ်ဖို့ screensaver ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Read the rest of this entry »

Warcraft Dota All-Stars Contest

မနက်ဖြန် ရန်ကုန် MICT Park မှာ Warcraft Dota All-Stars ပြိုင်ပွဲ ရှိပါတယ်။ ပထမဆု ၅ သိန်းပေးမှာလို့ ကြားပါတယ်။ ကျွန်တော်တော့ မပြိုင်ပါဘူး.. သိတဲ့ အတိုင်းပဲ ကျွန်တော်က normal တောင် ပတ်ပြေးနေရတာ ကျွန်တော့် ဘော်ဒါတွေက သွားပြိုင်ကြမှာပါ။ အဲဒီမှာ နောက်ဆုံး map နဲ့ ပြိုင်မယ်ပြောတယ်။ Hero ကို ကိုယ်ကြိုက်တာ ယူခွင့်ပေးမှာ ဖြစ်ပြီးတော့ တစ်ဖက်စီကို ဂိမ်းထဲက hero 4 ကောင် ပယ်ခွင့်ရှိမယ်လို့ ပြောပါတယ်။ အဲဒီမှာ အ၇င် ပြိုင်ပွဲတွေ ဆုရနေကြ Double Damage အဖွဲ့လဲ ပြိုင်ပါလိမ့်မယ်။ အဲဒီ Double Damage က ဘယ်သူလဲမှတ်တယ် နောက်တော့မှ ကျွန်တော့် သူငယ်ချင်း ညီတွေ အဖွဲ့မှန်းသိတယ် ကလေးတွေဆိုပြီး အထင်တော့ သေးလို့ မရပါဘူး မန္တလေးမှာလဲ သူတို့ပဲ နိုင်လာတာပါ။ မနက်ဖြန်တော့ ဘယ်လို ကစားကြလိမ့်မယ်ဆိုတာကို သွားပြီး လေ့လာလိုက်ပါဦးမယ် (ကျူရှင်လဲ လစ်လိုက်ဦးမယ်) :D

ကျွန်တော်ရက်မှား သွားတယ်ဗျ ပြိုင်ပွဲက နောက်လမှ လုပ်မှာတဲ့…

IE Tester

IE Tester ဆိုတာ Internet Explorer version 5.5, 6, 7, 8 Beta 1 တွေကို စုစည်းပေးထားတဲ့ ဆော့ဝဲပါ။ အဓိကကတော့ Web Page တွေကို အရင် version တွေနဲ့ compact ဖြစ်မဖြစ် စမ်းနိုင်အောင် ဆော့ဝဲ တစ်ခုထဲမှာ ပေါင်းပေးထားတာပါ။ အရင်ကဆိုရင် အရင် version အဟောင်းတွေ မှာစမ်းနိုင်ဖို့ စက်မှာ multiple IE တွေကို လိုက် install လုပ်ယူရပါတယ်။ အခုတော့ ဆော့ဝဲတစ်ခုထဲနဲ့ အားလုံး စမ်းနိုင်ပါတယ်။ Interface က Microsoft ရဲ့ Office 2007 လို ပုံစံမျိုးလုပ်ထား ပါတယ်။ ဒီဆော့ဝဲမှာ အခုလက်ရှိ အားနဲချက် တစ်ခုရှိပါတယ် အဲဒါက version 5.5 နဲ့ 6 မှာ flash ဖိုင်တွေ မပြပေးတာပါ။ 7 နဲ့ 8 မှာတော့ ကောင်းကောင်းပြပေးပါတယ်။ အဲဒါက လွဲရင် ကျန်တာ အကုန်သုံးရ အဆင်ပြေပါတယ်။ ကျွန်တော် ဒီဆော့ဝဲ သုံးတာက png-24 ပုံတွေ စစ်ဖို့ရယ်.. layout ပြောင်းလဲတာကို ပြင်ဖို့ အဓိကထားပါတယ်။ Download လုပ်မယ်ဆိုရင် ဖိုင်ဆိုဒ်က 23 MB ရှိပါတယ်။ free ရနိုင်ပါတယ်။ အမှန်တော့ စာဖတ်သူတွေ အားလုံးကို ဖြစ်နိုင်ရင် Firefox ကိုပဲ သုံးစေချင်ပါတယ်။ သူ့မှာ add-on တွေ ထောင်ချီရှိသလို သုံးရတာလဲ အရမ်းအဆင်ပြေပါတယ်။

Download IE Tester

StatPress ~ Statistics for Blog

StatPress ဆိုတာ WordPress မှာ reader, crawler(bot), post view စတာတွေကို track လုပ်ပေးတဲ့ plug in ပါ။ သူကို သွင်းထားလိုက်ရင် reader တွေ ဘယ် ဆိုဒ်၊ ဘလောခ့်ကနေ လာကြသလဲ။ Search Engine မှာ ဘယ်လို keyword နဲ့ ရှာပြီး ကိုယ့်ဘလောခ့်ကိုရောက်လာသလဲကို သိနိုင်ပါတယ်။ နောက် ကိုယ့်ဘလောခ့်မှာ ဘယ်ပို့စ်က လူကြည့်များလဲတွေ နောက် reader က ဘယ် browser, operating system သုံးသလဲ ကို သိနိုင်ပါတယ်။ နောက် reader ကိုယ့်ဘလောခ့်မှာ ဘာတွေ ကလစ် လုပ်သွားသလဲ သိနိုင်ပါတယ်။ အပေါ်မှာ screen-shot ပြထားသလို ဂဏန်းနဲ့ရော graphic ပုံနဲ့ပါပြပေးပါတယ်။ အပေါ်က ပုံက ကျွန်တော့် ဘလောခ့် stat မဟုတ်တာ reader အရေအတွက်ကို ကြည့်ရင် သိနိုင်ပါတယ် :D ကျွန်တော့် ဘလောခ့်မှာ တနေ့ စာဖတ်သူလာတဲ့ အရေ အတွက်က လာတဲ့ crawler အရေအတွက်တောင် မမှီပါဘူး ဟီး ဟီး လာလိုက်ရင် ကျွန်တော့် အထင် မြန်မာလူမျိုးစာဖတ်သူ ၃၀၊ ၄၀ လောက်ပဲ ရှိမယ်ထင်ပါတယ်။

Read the rest of this entry »

Recommended Article for Web Designers

ဒီနေ့ feed တွေဖတ်ရင်းနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာ တစ်ခုကို ဖတ်ဖြစ်လို့ ဒီမှာ ပြန်ပြီးပို့စ်တင်လိုက်တာပါ.. Kai Loon blog မှာ ဖတ်ဖြစ်တဲ့ personal အကြောင်းအရာတစ်ခုပါ.. သူက ဒီအကြောင်းကို မနေ့က twitter မှာ twitt လုပ်ထားတာတွေ့လို့ ကျွန်တော်တောင် reply လုပ်လိုက်သေးတယ် အကြောင်းအရာက က သူ့သူငယ်ချင်းက အလုပ်အပ်လို့ ဒီဇိုင်းဆွဲပေးတယ် layout ၇တော့ ပြတော့ ဟိုက HTML, CSS စတဲ့ဖိုင်တွေတောင်းပြီး နောက်ဆုံး မလုပ်ဖြစ်တော့ရာကနေ သူသွားကြည့်တော့ အဲဒီဆိုဒ်မှာ သူ့ရဲ့ layout သုံးထားတဲ့ ကိစ္စပါ. Layout ဆိုတာမျိုးကလည်း တကယ်တော့ art လို့ ပြောရင်ရမယ်ထင်တယ် အိုင်ဒီယာ အရောင် ဒီဇိုင်း resolution တွေက တကယ်တော့ mark up ထပ်ပိုပြီး စဉ်းစားရတဲ့ အရာမျိုးပါပဲ. ဒီလိုမျိုး အဖြစ်တွေကတော့ လူတွေအားလုံးမှာ ကိုယ်ချင်းစာစိတ် သူများကို လေးစားတတ်တဲ့စိတ်မရှိရင် ထပ်ဖြစ်နေမှာပဲ. ရှောင်နိုင်အောင်ကြိုးစားရမှာပါပဲ ကိုယ်လည်းနောင် ကြုံရတဲ့ အခါ ခွင့်လွှတ်ပြီး အေးအေးဆေးဆေး နေတာပဲ ကောင်းပါတယ်.

Read Article @ Kai Loon

2008 Beijing Olympics Opening Ceremony

မနေ့ က 2008 Beijing Olympics ဖွင့်ပွဲတုန်းက ပုံတွေ ကြည့်ဖြစ်တယ် high resolution ပုံတွေပါ တော်တော်မိုက်တယ် ပုံတွေရဲ့ ရိုက်ထားတဲ့ အနေအထားနဲ့ ကာလာတွေ နောက် ကင်မရာကိုတော့ အဓိက အကြိုက်ဆုံးပဲ :) ပုံတွေ ကြည့်ပြီး အားတက်သွားတယ် တော်သေးတာပေါ့ လို့ ကျွန်တော်တို့ ဆီမှာ တရုတ်လောက် လူဦးရေမများလို့ သူတို့လိုသာများရင် ဒီတစ်သက် အလုပ်ရှာရတော့မှာ မဟုတ်ဘူးလို့ အခုတောင် အလုပ်ရှာမရသေးဘူး သန်း 60 လောက်ပဲရှိတဲ့ နိုင်ငံမှာ… နိုင်ငံတိုးတက်သွားရင်တော့ အလုပ်အကိုင်နေရာပေါလာမှာ ပါ.. ပုံတွေ ကြည့်မှပဲ တရုတ်တွေ လူအရမ်းပေါမှန်းသိတော့တယ် မီးပန်းတွေ လွှတ်တာ အရမ်းလှတယ်ဗျာ ကျွန်တော်တို့ဆီမှာ သတင်းကျွတ်တောင် မီးပန်း မဖောက်ရတာ ကြာပြီ… အောက်မှာ ပုံတချို့ တင်ထားပါတယ် ဒီထက်များတာကြည့်ချင်ရင်တော့ Boston နဲ့ flickr မှာ ကြည့်လိုက်ပါ ခင်ဗျာ…

Read the rest of this entry »