2008 Beijing Olympics Opening Ceremony

မနေ့ က 2008 Beijing Olympics ဖွင့်ပွဲတုန်းက ပုံတွေ ကြည့်ဖြစ်တယ် high resolution ပုံတွေပါ တော်တော်မိုက်တယ် ပုံတွေရဲ့ ရိုက်ထားတဲ့ အနေအထားနဲ့ ကာလာတွေ နောက် ကင်မရာကိုတော့ အဓိက အကြိုက်ဆုံးပဲ
ပုံတွေ ကြည့်ပြီး အားတက်သွားတယ် တော်သေးတာပေါ့ လို့ ကျွန်တော်တို့ ဆီမှာ တရုတ်လောက် လူဦးရေမများလို့ သူတို့လိုသာများရင် ဒီတစ်သက် အလုပ်ရှာရတော့မှာ မဟုတ်ဘူးလို့ အခုတောင် အလုပ်ရှာမရသေးဘူး သန်း 60 လောက်ပဲရှိတဲ့ နိုင်ငံမှာ… နိုင်ငံတိုးတက်သွားရင်တော့ အလုပ်အကိုင်နေရာပေါလာမှာ ပါ.. ပုံတွေ ကြည့်မှပဲ တရုတ်တွေ လူအရမ်းပေါမှန်းသိတော့တယ် မီးပန်းတွေ လွှတ်တာ အရမ်းလှတယ်ဗျာ ကျွန်တော်တို့ဆီမှာ သတင်းကျွတ်တောင် မီးပန်း မဖောက်ရတာ ကြာပြီ… အောက်မှာ ပုံတချို့ တင်ထားပါတယ် ဒီထက်များတာကြည့်ချင်ရင်တော့ Boston နဲ့ flickr မှာ ကြည့်လိုက်ပါ ခင်ဗျာ…








သဉ္ဖာ said,
Wrote on August 15, 2008 @ 11:25 am
အင်း..ဟုတ်တယ်နော်။ သူတို့ဆီမှာ အပေါ်ဆုံးက လူဘဲနေမှာ။ ဖွင့်ပွဲမှာလည်း လူတွေ အရမ်းသုံးထားတယ်။ ဒီပုံတွေ အခုမှ တွေ့မိတယ်။ တော်တော်ကို လှတယ်။ ရုပ်ရှင်တွေထဲမှာလည်း လူအရမ်းသုံးလွန်းတယ်။ ခုနောက်ပိုင်း Hollywood တန်းဝင် တရုတ်ကားတွေဆို ရုပ်ရှင်ထဲမှာ လူများလွန်းလို့ ကြည့်ရတာ မူးလာတယ်။ ဒါပေမယ့် တကယ် လူတွေ အများကြီး ထည့်ရိုက်တာလား computer effect လားတော့ မသိဘူး။
Breath Taking Images Around Olympics | My Burmese Blog said,
Wrote on August 28, 2008 @ 5:35 pm
[...] အရင် ဖွင့်ပွဲတုန်းက ပုံတွေကိုတော့ 2008 Beijing Olympics Opening Ceremony ပို့စ်မှာ [...]
Songs from Beijing Olympics 2008 | My Burmese Blog said,
Wrote on March 12, 2009 @ 3:08 pm
[...] ပဲ လုပ်နေတာ ကြာပြီ အရင် နှစ် Olympics ကတည်းက ဒါပေမယ့် ကွန်နက်ရှင် [...]