Breath Taking Images Around Olympics

Beijing Olympics ပိတ်ပွဲတုန်းက ဓာတ်ပုံတွေနဲ့ နောက် ပြိုင်ပွဲကာလာအတွင်းက ရိုက်ထားတဲ့ high quality ပုံတွေ တွေ့လို့ ပြန်တင်လိုက်ပါတယ်။ ပုံတွေက အရမ်းကြည်ပြီး ရိုက်ထားတာတော်တော် ကောင်းပါတယ်။ နောက် ရိုက်ထားတဲ့ နေရာတွေ တော်တော်လှတယ်ဗျာ။ ကျွန်တော် desktop မှာ wallpaper လုပ်ပြီး သုံးထားတယ်။ ပုံတွေကောင်းတာလဲ မပြောနဲ့ဗျ ရိုက်တဲ့ ကင်မရာတွေက မှန်ဘီလူးတွေကိုက နဲတာတွေ မဟုတ်ဘူး။ အခု အပေါ်မှာ ဆုံးမှာ တင်ထားတဲ့ ပုံဆို အရမ်းလှပါတယ် တရုတ်ရိုးရာ အဆောက်အဦးပုံနဲ့ ငှက်သိုက် အားကစားကွင်းရယ်နောက် ညအမှောင်မှာ လင်းနေတဲ့ မီးပန်းတွေရယ် အရမ်းလှတယ်။
ပိတ်ပွဲမှာလဲ အရင် ဖွင့်ပွဲတုန်းကလိုပဲ လူအင်အား အရမ်းသုံးထားတာတွေ့ရတယ်။ လူပေါမှန်းတော့ သိသွားတယ်ဗျ
။ London မှာ ကြရင်တော့ ဘယ်လိုလုပ်မလဲ မသိဘူး။ တရုတ်လို လူသုံးနိုင်မှာ မဟုတ်လောက်ဘူးထင်တယ်။ ပုံတွေကို အခု နည်းနည်းပဲ တင်ထားပါတယ်။ ပုံအကြီး ကြည့်ချင်ရင် ကလစ်လုပ်ကြည့်လို့ ရပါတယ်။ နောက် ဒီထပ်ပိုများတဲ့ ပုံတွေကိုတော့ Boston မှာ ကြည့်နိုင်ပါတယ်။ အရင် ဖွင့်ပွဲတုန်းက ပုံတွေကိုတော့ 2008 Beijing Olympics Opening Ceremony ပို့စ်မှာ တင်ထားပါတယ်။









Stanley said,
Wrote on August 29, 2008 @ 10:33 am
မိုက်တယ်ဗျို့။ ဖွင့်ပွဲရော၊ ပိတ်ပွဲရော တီဗွီမှာ ကြည့်လိုက်တယ်ဗျာ။ အရမ်းမိုက်တယ်။ အဲဒီမှာ volunteer လုပ်ခဲ့တဲ့သူတွေရော၊ ပြိုင်ပွဲဝင် အားကစားသမားတွေရော အားကျသဗျာ။ ကျနော်လည်း တစ်ပွဲတစ်လမ်းတော့ ၀င်နွှဲချင်သဗျ။ ကင်မရာလေးကိုင်ပြီးတော့လည်း လိုက်ရိုက်ချင်စိတ် ဖြစ်မိသဗျာ။ သူတို့လို zoom lens ကောင်းကောင်းတွေ ၀ယ်နိုင်အောင် ပိုက်ဆံစုလိုက်ဦးမယ်။ မသေခင်တော့ ၀ယ်နိုင်လောက်ပါရဲ့။
Like or Dislike:
0
0
Htoo Tay Zar said,
Wrote on September 5, 2008 @ 5:03 pm
@ Bro Stanley ~ ဟုတ်တယ်ဗျာ ကျွန်တော်လဲ သူတို့ ပြိုင်တာတွေ ကြည့်ရတာ အားရတယ်ဗျာ တစ်ယောက်နဲ့ တစ်ယောက် စက္ကန့်ပိုင်းလေးတွေနဲ့ အဆင့်တွေ ကွာသွားကြတယ်.. ကင်မရာကောင်းကောင်းလို ချင်စိတ်ကတော့ ဒီပုံတွေ ကြည့်လိုက်မှ အငမ်းမရ ဖြစ်သွားတယ်ဗျာ…
Like or Dislike:
0
0
Songs from Beijing Olympics 2008 | My Burmese Blog said,
Wrote on March 12, 2009 @ 3:09 pm
[...] Olympics မှာ ဘယ်သူတွေ ဆိုမလဲ ဆိုတာပါပဲ 2008 Olympics Closing Ceremony တုန်းကတောင် Jimmy Page ဂစ်တာနဲ့ solo [...]
Like or Dislike:
0
0