Columbus’ Journey to America

၂၄ ရက်နေ့တုန်းက MWD က ပြသွားတဲ့ ပဟေဋိနန်းတော် (Puzzle Palace) ကြည့်ဖြစ်ပါတယ်။ အဲဒီထဲမှာ presenter က မေးခွန်းတစ်ခုမေးပါတယ်။ အမေရိကတိုက်ကို ကိုလံဘတ်စ်, Christopher Columbus (1451-1506), ရောက်သွားတော့ သူ့ကိုယ်သူဘယ်ေ၇ာက်နေတယ်လို့ ကိုလံဘတ်စ်က ထင်ပါသလဲတဲ့။ အဲဒီမေးခွန်းတွေ့တော့ အရင်ဖတ်ခဲ့ဘူးတဲ့ စာအုပ်ကို သတိရသွားတာနဲ့ ပြန်ရှာပြီး ပို့စ်တင်လိုက်ပါတယ်။
ကိုလံဘတ်စ်ဟာ စပိန်ဘုရင်နဲ့ မိဖုရားတို့ရဲ့ အထောက်အပံ့နဲ့ အိန္ဒိယကို လမ်းကြောင်းသစ်ကနေ သွားဖို့ကြိုးစားခဲ့ပါတယ်။ သူဟာ သင်္ဘောသုံးစင်း (the Pinta, the Niña and the Santa María) နဲ့ အနောက်စူးစူးကို စပြီး ခရီးထွက်ခဲ့ပါတယ်။ ကမ္ဘာကြီးက လုံးဝန်းနေတယ်။ ဒါကြောင့် သူအနောက်ကိုသွားရင် အရှေ့ဘက်ရောက်မှာပဲလို့ တွက်ချက်တာဖြစ်ပါတယ်။ စကားမစပ် ကမ္ဘာကြီးဟာ လုံးဝန်းကြောင်းကို သက်သေပြခဲ့တာလဲ ကိုလံဘတ်စ်ပါပဲ.. သူက သင်္ဘောပေါ်မှာ မီးရောင်နဲ့ ညဘက်မှာ ပင်လယ်ဘက်ကို ထွက်ပြီး တဖြည်းဖြည်းနဲ့ ဝေးသွားလေ ပင်လယ်ထဲကို နစ်သွားလေပုံစုံမျိုးနဲ့ လူအများကို ကမ္ဘာလုံးဝန်းကြောင်း သက်သေပြခဲ့တာပါ။
သူက အနောက်ဘက်ကို ခရီးထွက်ခဲ့ပေမယ့် သူမှားသွားတာရှိပါတယ်။ ကမ္ဘာက သူထင်တာထက် အဆပေါင်းများစွာ ကြီးနေတာရယ် ကြားထဲမှာ အမေရိကတိုက် ရှိနေတယ် ဆိုတာကို မသိတာပါ။ သူသွားရင်းနဲ့ အမေရိကတိုက်ကို ရောက်သွားတော့ အဲဒီက မူလတိုင်းရင်းသားတွေကိုတွေ့တော့ ကိုလံဘတ်စ်က သူ့သင်္ဘောသားတွေကို ပြောပါတယ် –
“ဟေ့ တို့ အိန္ဒိယကို ရောက်ပြီ”
“ဟုတ်ကဲ့ဆရာ၊ ဒါပေမယ့် အင်ဒီယန်း (ကုလား)တွေလဲ မတွေ့ပါလား”
“ဟိုမှာလေကွာ၊ အဲဒီ တိုင်းရင်းသားတွေဟာ အင်ဒီယန်းတွေပေါ့ကွ”
“သူတို့က အသားမှ မမည်းဘဲ၊ အင်ဒီယန်းဟာ အင်ဒီယန်းပါပဲ၊ သတို့ကို ကုလားနီ (Red Indian) လို့ ခေါ်ကြတာပေါ့ကွာ”

Red Indian
ကိုလံဘတ်စ်ဟာ စပိန်ကိုပြန်ရောက်တော့ ဘုရင်နဲ့ မိဖုရားကို ပြောတယ်..
“ကျွန်တော်မျိုး အိန္ဒိယကို ရောက်ခဲ့ပါပြီတဲ့” နောက်သူ ဆုတော်လာဘ်တော်တွေ ရတယ်။ အဲဒီက စပြီး အမေရိကတိုက်က မူရင်းလူမျိုးတွေကို Red Indian လို ခေါ်ခဲ့တာဖြစ်ပါတယ်။ ဒီ ကိုလံဘတ်စ် ပထမဆုံး ထွက်ခဲ့တဲ့ အမေရိကတိုက် ခရီးကို ပထမ ဂလိုဘယ်လိုက်ဇေးရှင်း (Globalization 1.0) လို့ လဲပြောကြပါတယ်။
ကိုးကား – Global Idea (Gift from Sayar U Myo Thant), Microsoft Encarta Encyclopedia 2008
