IE Tester

IE Tester ဆိုတာ Internet Explorer version 5.5, 6, 7, 8 Beta 1 တွေကို စုစည်းပေးထားတဲ့ ဆော့ဝဲပါ။ အဓိကကတော့ Web Page တွေကို အရင် version တွေနဲ့ compact ဖြစ်မဖြစ် စမ်းနိုင်အောင် ဆော့ဝဲ တစ်ခုထဲမှာ ပေါင်းပေးထားတာပါ။ အရင်ကဆိုရင် အရင် version အဟောင်းတွေ မှာစမ်းနိုင်ဖို့ စက်မှာ multiple IE တွေကို လိုက် install လုပ်ယူရပါတယ်။ အခုတော့ ဆော့ဝဲတစ်ခုထဲနဲ့ အားလုံး စမ်းနိုင်ပါတယ်။ Interface က Microsoft ရဲ့ Office 2007 လို ပုံစံမျိုးလုပ်ထား ပါတယ်။ ဒီဆော့ဝဲမှာ အခုလက်ရှိ အားနဲချက် တစ်ခုရှိပါတယ် အဲဒါက version 5.5 နဲ့ 6 မှာ flash ဖိုင်တွေ မပြပေးတာပါ။ 7 နဲ့ 8 မှာတော့ ကောင်းကောင်းပြပေးပါတယ်။ အဲဒါက လွဲရင် ကျန်တာ အကုန်သုံးရ အဆင်ပြေပါတယ်။ ကျွန်တော် ဒီဆော့ဝဲ သုံးတာက png-24 ပုံတွေ စစ်ဖို့ရယ်.. layout ပြောင်းလဲတာကို ပြင်ဖို့ အဓိကထားပါတယ်။ Download လုပ်မယ်ဆိုရင် ဖိုင်ဆိုဒ်က 23 MB ရှိပါတယ်။ free ရနိုင်ပါတယ်။ အမှန်တော့ စာဖတ်သူတွေ အားလုံးကို ဖြစ်နိုင်ရင် Firefox ကိုပဲ သုံးစေချင်ပါတယ်။ သူ့မှာ add-on တွေ ထောင်ချီရှိသလို သုံးရတာလဲ အရမ်းအဆင်ပြေပါတယ်။


MhawSayar said,
Wrote on August 24, 2008 @ 8:41 pm
အသုံးဝင်တဲ့ ဆော့ဖ်ဝဲလ် လေးတစ်ခုပဲ ညီရေ. ရှယ်ပေးတာ ကျေးဇူး.
Bring Down IE6 ~ It’s Time to Unite!! | My Burmese Blog said,
Wrote on April 18, 2009 @ 10:15 pm
[...] အများကြီး ရှိပါတယ်။ အဲဒီ bug တွေကို IE Tester လို tool သုံးပြီး [...]