My Photos for flickr888
မနေ့က ရေးခဲ့တဲ့ flickr888 မှာ ပုံတင်ဖို့ဆိုပြီး ညက ဓာတ်ပုံ ရိုက်ဖြစ်တယ်…. ဘာကိုရိုက်ရမှန်းမသိတာနဲ့ ကိုယ်ဝတ်ထားတဲ့ t shirt ကို ပြန်ရိုက်လိုက်တယ်.. အကျီင်္က ၁၀ တန်းတုန်းက ၀ယ်ထားတာ ကြာတော့ကြာပြီ အခုတော့ ညအိပ်ရင်ဝတ်တယ် Good Charlotte အကျီ သီချင်းစာသားလေးတွေကို ရေးထားတာ… အဲဒီ သီချင်းကို ကြိုက်တယ် ခဏခဏ နားထောင်ဖြစ်ပါတယ်.. နာမည်က Movin’ On တဲ့ စိတ်ညစ်တဲ့အခါ နားထောင်ဖြစ်ပါတယ် စိတ်ကြွတယ်လေ
စာသားတချို့ေ၇းလိုက်မယ်
But the hard times will come, and we’ll keep movin’ on, we’re movin’ up
Keep movin’ on
Life, Hope, Truth, Trust, Faith, Pride, Love, Lust
On without the things we’ve lost
The things we’ve gained we’ll take with us
ဒီအောက်ကပုံက လည်း မနေ့ညကပဲ အိမ်ပေါ်ထပ်မှာ တင်ထားတဲ့ e အမှိုက်တွေကို ရိုက်ထားတာ.. အကိုတစ်ယောက်က ပြင်တဲ့ဆိုင်ဖွင့်ထားတော့ အဲဒါမျိုးတွေ အများကြီးပဲအိမ်မှာ ဘာမှလည်း လုပ်လို့မရတာတွေ ဓာတ်ပုံရိုက်ထားလိုက်တယ်….
ဒီတစ်ပုံက ဒီနေ့ ၉ ရက်နေ့ရိုက်ထားတာ ကျောင်းမှာ နေ့လယ်က အပေါ်ထပ် အခန်းကနေအောက်ဘက်ကို ခဏ ဆင်းပြီး ပြန်တက်လာတော့ ကျွန်တော်ထိုင်တဲ့ ခုံအောက်မှာ မှန်ကွဲစတွေပြန့်နေတယ်.. ကျွန်တော် အောက်ကိုဆင်းတုန်း ကျွန်တော့်ဘေးဘက်က ပြတင်းပေါက်က လေတိုက်အားပြင်းလို့ တံခါးနှစ်ချပ်ရိုက်ပြီး ကွဲထားတာ ကျွန်တော်သာ အဲဒီ အချိန်ရှိနေရင် မှန်ကွဲစတွေ မျက်နှာ အပြည့်စိုက်လောက်တယ်.. ဒီနေ့မှ ကံကောင်းချင်တော့ အောက်ဘက် ခဏ ဆင်းသွားဖြစ်တာ… အဲဒီ မှန်ကွဲတွေလည်းရိုက်ထားလိုက်တယ်… အခု ၃ ပုံလုံး တစ်ပုံမှ flickr မှာ မတင်ရသေးဘူး ဒီမှာ က ဘန်းထားတော့ ကျော်ရမှာ ပျင်းနေတာ.. မနက်ဖြန်မှတင်တော့မယ် အခုတော်တော် အိပ်ချင်နေပြီဗျာ… ကောင်းသောနေ့ပါ….

