StatPress ~ Statistics for Blog

StatPress ဆိုတာ WordPress မှာ reader, crawler(bot), post view စတာတွေကို track လုပ်ပေးတဲ့ plug in ပါ။ သူကို သွင်းထားလိုက်ရင် reader တွေ ဘယ် ဆိုဒ်၊ ဘလောခ့်ကနေ လာကြသလဲ။ Search Engine မှာ ဘယ်လို keyword နဲ့ ရှာပြီး ကိုယ့်ဘလောခ့်ကိုရောက်လာသလဲကို သိနိုင်ပါတယ်။ နောက် ကိုယ့်ဘလောခ့်မှာ ဘယ်ပို့စ်က လူကြည့်များလဲတွေ နောက် reader က ဘယ် browser, operating system သုံးသလဲ ကို သိနိုင်ပါတယ်။ နောက် reader ကိုယ့်ဘလောခ့်မှာ ဘာတွေ ကလစ် လုပ်သွားသလဲ သိနိုင်ပါတယ်။ အပေါ်မှာ screen-shot ပြထားသလို ဂဏန်းနဲ့ရော graphic ပုံနဲ့ပါပြပေးပါတယ်။ အပေါ်က ပုံက ကျွန်တော့် ဘလောခ့် stat မဟုတ်တာ reader အရေအတွက်ကို ကြည့်ရင် သိနိုင်ပါတယ်
ကျွန်တော့် ဘလောခ့်မှာ တနေ့ စာဖတ်သူလာတဲ့ အရေ အတွက်က လာတဲ့ crawler အရေအတွက်တောင် မမှီပါဘူး ဟီး ဟီး လာလိုက်ရင် ကျွန်တော့် အထင် မြန်မာလူမျိုးစာဖတ်သူ ၃၀၊ ၄၀ လောက်ပဲ ရှိမယ်ထင်ပါတယ်။

ဒါတောင် အခုတလော ကိုDeGoLar နဲ့ ကိုAndy ဆိုဒ်ဘားကနေ လာကြတာပါ။ ကျန်တာတွေက Search Engine ကနေ Ultra-Surf အတွက် လာတာနဲ့ နောက် ကျွန်တော် တင်တဲ့ သီချင်းပို့စ်တွေကို လာတာပဲများပါတယ်။ အားရစရာကောင်းလို့ screen-shot တောင် ဖမ်းမပြတော့ပါဘူး ဟီး


Blog Analytics 2009 | My Burmese Blog said,
Wrote on July 7, 2009 @ 12:40 am
[...] Google Analytics, MyBlogLog, StatCounter, WP Stat (WordPress Plugin), StatPress (WordPress Plugin) တွေသုံးထားပါတယ်။ Loading time အတွက် [...]