Why We Need Screensaver?

Screensaver ဆိုတာ အားလုံးသိတဲ့ အတိုင်း screen မှာ ပြောင်းလဲ လှုပ်ရှားမှုမရှိတဲ့ အခါ လူပ်ရှားနေတဲ့ ရုပ်ပုံတွေ၊ ဗီဒီယို၊ ဂရပ်ဖစ်ဖိုင်တွေကို လာပြပေးတဲ့ operating system တွေမှာ တွဲပါတဲ့ ဆော့ဝဲပါ။ သူကို ဘာအတွက် သုံးပါသလဲ ဆိုတော့ monitor screen, LCD screen, digital display တွေမှာ စက်ဖွင့်ထားတဲ့ အချိန်မှာ screen မှာ လူပ်ရှားမှုမရှိပဲ အချိန်ကြာလာတဲ့ အခါမှာ screen မှာ burning စဖြစ်လာပါတယ်။ အထူးသဖြင့် bright ဖြစ်တဲ့ ကာလာတွေကို ပြထားတဲ့ အချိန်မှာပါ။ အဲဒါမျိုး screen burning ဖြစ်တာ နာရီပေါင်းများလာတဲ့ အခါ screen ဟာ ၀ါးလာတာ၊ dead pixel ပေါ်တာမျိုးတွေ ဖြစ်လာပါတယ်။ အဲဒီလို မျိုး မဖြစ်ရအောင် operating system, firmware တွေမှာ screen burning ကို ကာကွယ်ဖို့ screensaver ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။
Screen Burning ဖြစ်လို့ ဒါမှမဟုတ် အခြား အကြောင်းကြောင်းကြောင့် dead pixel ဖြစ်လာခဲ့ရင် ကိုယ့်ဘာသာ fix လုပ်လို့ ရပါတယ်။ 4 Easy Ways to fix Screen Burning မှာ ဖတ်ရှုနိုင်ပါတယ်။ ၀ါးတာမျိုးဆိုရင်တော့ ဆိုင်ပို့မှပဲရနိုင်ပါမယ်။ screensaver တွေကို ကွန်ပျူတာ operating system, mobile phone, PDA, portable game player, pmp စတဲ့ screen ပါဝင်တဲ့ digital devices တွေမှာ တွေ့နိုင်ပါတယ်။ ဖြစ်နိုင်ရင် screensaver ကို waiting time အနဲဆုံး ထားပေးနိုင်ရင် အကောင်းဆုံးပါပဲ။ computer နဲ့ DVD movie တွေ ကြည့်တဲ့ အချိန် screen burning မဖြစ်ဘူးလား ဆိုတော့ မဖြစ်ပါဘူး ဘာလို့လဲဆိုရင် wide screen movie တွေမှာ video အပိုင်း မဟုတ်တဲ့ နေရာတွေကို ကြည့်လိုက်ရင် အနက်ရောင်ထားပေးထားတာကို တွေ့ရမှာပါ ဘာလို့လဲဆိုတော့ အနက်ရောင်က screen burning မဖြစ်နိုင်ပါဘူး။
ကွန်ပျူတာနဲ့ သီချင်းဖွင့်ပြီး တခြား အလုပ်တွေ လုပ်မယ်ဆိုရင်တော့ အကောင်းဆုံးက media player မှာ သီချင်းဖွင့်ပြီးတာနဲ့ monitor ကို ပိတ်ထားလိုက်တာ အကောင်းဆုံးပါပဲ။ media player တွေ ဖွင့်ရင် သတိထားရပါတယ် တချို့ media player တွေက ဖွင့်ထားတဲ့ အချိန်မှာ screensaver ကို disable လုပ်ထား တတ်ပါတယ်။ ဥပမာ ပြောရရင် Windows Media Player, Winamp, Cyberlink PowerDVD စတာတွေပါ။ Screensaver က တကယ်တော့ မျက်စိနောက်စရာကောင်း သလိုလိုနဲ့ အသုံးဝင်တဲ့ အရာပါပဲ။ Windows Vista မှာဆို bubble ပုံတွေ နောက် အင်တာနက်မှာ download ရနိုင်တဲ့ အလှငါးမွေးကန်လိုပုံတွေ နောက် Metallica, Mayhem လို music band’s site တွေမှာလဲ ကိုနှစ်သက်ရာ screensaver တွေကို free ရယူနိုင်ပါတယ်။ ပျော်ရွှင်ပါစေ။

steve said,
Wrote on August 24, 2008 @ 8:40 pm
an interesting post i think, saving monitor. I dont know my laptop has been set screen saver or not. What I noticed was only black screen after sometime of not using it. I rarely switch it off. coz not so patient as vista takes sometime for preparing to do so.
Like or Dislike:
0
0
MhawSayar said,
Wrote on August 24, 2008 @ 8:42 pm
Tips လေးတွေ မျှဝေပေးလို့ ကျေးဇူး ညီရေ. အရင်က မသိတာတွေပေါ့.
Like or Dislike:
0
0
mmhan said,
Wrote on August 24, 2008 @ 10:46 pm
တကယ်တော့ CRT သုံးတဲ့ Monitor တွေပဲ အဲ့လို burning ဖြစ်တတ်ပါတယ်။ လူအများက အခုအချိန်မှာ Screensaver ကို Entertainment တစ်ခုအနေနဲ့ ပဲသုံးကြတော့ပါတယ်။
Screensaver တွေ တော်တော်များများ အရင်တုန်းက download လုပ်ကြည့် သုံးကြည့်ဖူးပါတယ်။ ဒါပေမယ့် အဲ့လောက် အကြိုက်တွေ့တာမျိုး မရှိဘူး။ အခုနောက်ပိုင်းတော့ Google Photo Screensaver ပဲသုံးဖြစ်တော့တယ်။ ကိုယ်စုထားတဲ့ wallpaper တွေကို လှည့်ပြနေတာပေါ့လေ။
Like or Dislike:
0
0
Htoo Tay Zar said,
Wrote on August 25, 2008 @ 3:17 pm
@ Steve – Yes bro that’s may be your notebook’s auto-monitor off function. Can save power and avoid your monitor.
@ MhawSayar – ဟုတ် အကို ကျွန်တော်လဲ အရင်တုန်းက ဖတ်ခဲ့ဖူးတာတွေ မှတ်မိသလောက် ပြန်ရေးထားတာ ကြာရင်မေ့သွားမှာ မို့လို့လေ
@mmhan – ကျွန်တော်ရေးတာ လိုသွားတာ ဟုတ်တယ် LCD တွေမှာ burning မဖြစ်နိုင်လောက်ဘူးဗျ။ dead pixel တော့ဖြစ်သေးတယ်.. OLED တွေတော့ ဘာတွေ အသစ်ပါမလဲ မပြောတတ်သေးဘူး. ကျွန်တော်ကတော့ အိမ်မှာ ငါးကန်လိုပုံ screensaver သုံးတယ် နောက် Vista က bubbles ပုံလေးသုံးတယ်။
Like or Dislike:
0
0
Cities Of Earth Screensaver | My Burmese Blog said,
Wrote on September 20, 2008 @ 7:54 pm
[...] အထဲကမှ ကျွန်တော် နှစ်သက်တဲ့ screensaver ကို ပြောပါဆိုရင် Bubbles, Windows Energy, Cities Of Earth ၃ [...]
Like or Dislike:
0
0