hit counter

Archive for September, 2008

ဘလောဂ်ရေးခြင်းမှ ခဏ နားခွင့်ပြုပါ

အချိန်တွေက တဖြည်းဖြည်း ကုန်လာလိုက်တာ မနှစ်က ဒီလိုအချိန် ကို ပြန်ရောက်လာပြီ ဖြစ်တာမို့ ကျွန်တော့်ရဲ့ ဘလော့ဂ်ရေးခြင်းကို ဒီနေ့ ကစပြီး နောက် ၂ ပတ်ခန့် အထိ ခဏ နားခွင့်ပြုပါဦး ခင်ဗျ။ အခုထိ စာမေးပွဲက ၁၀ ရက်တောင်မလိုတော့ဘူး စာတွေ လိုက်ကူး နေရတုန်းပါပဲ။ ဒါကြောင့် အသဲအသန်စာလုပ်ဖို့ ဘလောဂ့်နိုင် ဦးမှာ မဟုတ်ပါဘူး။ ကျွန်တော့်ကို ကြားရက်တွေမှာ မေးပို့ပြီး ဆက်သွယ်နိုင်ပါတယ်။ ကြားထဲမှာ အင်တာနက်တော့ ခဏလောက်ဖြစ်ဖြစ် စာမလုပ်ပဲ ခိုးသုံး ဦးမှာပါ :D ။ ကျွန်တော့်ရဲ့ ဟိုရေး ဒီရေး ဘလော့ဂ်လေးကို  လာရောက်ဖတ်ရှု၊ subscribe လုပ်ကြတဲ့အတွက် ကျွန်တော် တကယ်ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ.. နောက် လ၀က်လောက် ဆိုရင်တော့ ကျွန်တော် စာမေးပွဲပြီးရင် ပြန်ရေးမှာပါ။ အားလုံးကို ကျေးဇူး အထူးတင်ပါတယ် ခင်ဗျာ။

Colors Of The Rainbow

ဒီနေ့တော့ ကျွန်တော် ရိုက်ထားတဲ့ သက်တံပုံလေး ၂ ပုံကိုပဲ ပို့စ် အဖြစ် တင်လိုက်ပါတယ်။ အခုအပေါ်ကပုံက လွန်ခဲ့တဲ့ ၃ ရက်လောက်က ရိုက်ထားတာပါ.. ဆေးခန်းက သွေးစစ်ပြီး အပြန်မှာ ကမ္ဘာအေး ဘုရားလမ်း Traders နဲ့ Sakura Tower ကြား အကူးမှာ Sakura tower တိုက်နောက်က သက်တံက လှတာနဲ့ ဖုန်းကင်မရာနဲ့ ရိုက်ယူထားတာပါ။ 3.2 MP အထိရပေမယ့် ရိုက်တုန်းက ကားလမ်း ပေါ်မှာ ဆိုတော့ မပြင်လိုက်ရဘူး 2 MP နဲ့ပဲ ရိုက်လိုက်ရတယ်။ ပြီးတော့ မြို့ထဲမှာ ရှုခင်းလှလို့ ပုံရိုက်ရင် နဲနဲ ဂရုစိုက်ရတယ် တော်ကြာ စစ်ဆေးတာ မေးမြန်းတာတွေ ခံရနိုင်တယ်လေ ကိုယ်က ရိုးရိုးသားသား ရိုက်တာပေမယ့် တမျိုး ထင်မှာ စိုးလို့ အမြန်ပဲ ရိုက်ရတယ်။ အမြန်ကားလမ်းကူးရင်း ရိုက်ပေမယ့် တော်တော်လှတယ်ခင်ဗျ အပေါ်ကပုံက ဘာမှကို ပြင်မထားဘူး နဂိုအတိုင်းပါပဲ.. အိမ်မှာတော့ desktop မှာ wallpaper လုပ်သုံးလိုက်တယ်။

Read the rest of this entry »

Happy Birthday to 5 Years old Fedora

Happy Birthday to 5 Years old fedora

ဒီရက်ပိုင်းမှာ မွေးနေ့တွေ အတော်များများအတွက် ပို့စ်တင်ဖြစ်နေပါတယ်။ ဆားချက်တယ် လို့ပဲပြောပြော ပို့စ်လေးတော့ တင်လိုက်ပါဦးမယ်။ ၂၄ ရက်နေ့က fedora ရဲ့ ၅ နှစ်ပြည့် မွေးနေ့ပါ။ သူက RedHat နောက်မှ ထွက်တာပေမယ့် အလကား ရနိုင်တယ်၊ နောက် GUI လှတယ် software တွေ အတော်များများပါတာကြောင့် linux ထဲမှာတော့ နှစ်သက်မိတဲ့ တစ်ခုပါ။ fedora ဆိုတဲ့ အဓိပါယ်က ရှရှား ဘာသာမှာ “God’s gift” လို့ ခေါ်တာလို့ သိရပါတယ်.. Italian မှာတော့ “Hat” လို့ အဓိပါယ်ရတယ်လို့ ပြောပါတယ်။

I’m a PC, Everyone is a PC

Apple ရဲ့ I’m mac ဆိုတဲ့ ကြော်ငြာကို တနေရာရာမှာ ကြည့်ခဲ့ဖူးမယ် ထင်ပါတယ်။ အရင်နှစ်က နာမည်ကျော်သွားတဲ့ ကြော်ငြာတစ်ခုပါ Apple ကနေ Microsoft ရဲ့ Windows ကို ဖိုက်တဲ့ ကြော်ငြာလေးပါ။ အခုတော့ Microsoft က ကြော်ငြာ အသစ်နဲ့ ပြန်ဆော်ပါပြီ ခင်ဗျား။ I’m a PC (Video Via Vincent Chow )ဆိုပြီးတော့ပါ.. ကျွန်တော်က OS တွေကို အရမ်းတော့ သိပ်အစွဲအလမ်း မထားပါဘူး တစ်ခွေ ၁ ထောင်နဲ့ ၀ယ်လို့ရရင် ဘယ်ဟာ မဆို သုံးလိုက်မှာပဲ :p ကျွန်တော်တို့ ဆီမှာတော့ Apple သုံးတာ ကျောင်းတွေက Multimedia room တွေရယ်၊ တချို့လူတွေ လောက်ပဲရှိပါတယ်။ Mac Book ကို လိုချင်တယ်ဆိုရင်တောင် Blu Ray ဆိုတဲ့ ဆိုင်မှာ သာလျှင် ၀ယ်လို့ရပါတယ်။ ဒါတောင် Combo လောက်ပဲပါတဲ့ အကောင်က HP, Dell, Compaq စတာတွေမှာဆို လန်နေတာ ရနိုင်တဲ့ ဈေးမျိုးနဲ့ပါ။ တစ်ခါတဲ ဒီပို့စ်ထဲမှာ အခုတလော ဖတ်မိတဲ့ Apple Vs Windows တွေ အကြောင်း စုထားလိုက်ပါတယ်..

Read the rest of this entry »

Happy Birthday to 10 Years Old Google

Happy Birthday to 10 Years old Google

Read the rest of this entry »

Foxconn Dota-All Stars Tournament

ဒီနေ့ MICT Park သွားရင်း main hall ထဲမှာ Warcraft Dota All Stars ပြိုင်ပွဲတွေ့လို့ ၀င်ကြည့်ဖြစ်ပါတယ်။ အမှန်တော့ ဒီ Dota ပွဲ အကြောင်း ပို့စ်ရေးပြီးသား ကျွန်တော် မေ့နေတာ။ ကျွန်တော် ၀င်ကြည့်တော့ ဆီမီးဖိုင်နယ်ပွဲ တစ်ဖက် ၅ ယောက်စီနဲ့ ၄ ဖွဲ့ တစ်ခြမ်းစီမှာ တပြိုင်တဲ ပြိုင်နေကြတယ်။ အဲဒီပွဲတော့ ပြီးအောင် ကြည့်လိုက်တယ် နောက် ဖိုင်နယ်ကတော့ မကြည့်ဖြစ်ဘူးဗျ စာမေးပွဲရှိလို့ စာလုပ်ဖို့ ပြန်လာ လိုက်တယ်။ ဒီပွဲကို Foxconn သွင်းတဲ့ Royal Ayeyawady က ပြုလုပ်တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ဖုန်းနဲ့ ရိုက်ခဲ့တဲ့ပုံတွေ အောက်မှာ တင်ထားပါတယ် ခင်ဗျာ။ ပျော်ရွှင်ပါစေ။

Read the rest of this entry »

Internet Slang

Intertnet သုံးသူတိုင်း LOL, OMG!! စတဲ့ dictionary တွေမှာ ရှာမရတဲ့ စကားလုံးလေး တွေကို မြင်ဖူးကြပါလိမ့်မယ်။ အဲဒါ စကားလုံးမျိုးတွေကို Internet ပေါ်မှာသာ မကပဲ mobile phone sms message တွေမှာ၊ IRC, Instant Message တွေမှာ ပါမြင်ဖူးပါလိမ့်မယ်။ တကယ်တော့ အဲဒီ စကားလုံးတွေက စာလုံးရိုက်ရတာ သက်သာစေဖို့ သုံးတဲ့ စကားလုံး ဘန်းစကားတွေပါ။ Phone message တွေမှာ ပို့တဲ့ စာလုံးရေ အကန့်အသက်ရှိတဲ့ အခါမှာ အဲဒီလို ဘန်း စကားလေးတွေ သုံးကြပါတယ်။ တချို့ကြတော့လဲ ကိုယ်နှစ်သက်တဲ့ nick, id တွေ sign up လုပ်မရလို့ သုံးတာမျိုးလဲ ရှိပါတယ်။ ဥပမာ – monkey ဆိုတာမျိုးမရတော့လို့ m0k3y မျိုးသုံးတာ တွေလဲ ရှိပါတယ်။

အထူးသဖြင့် အတို စကားလုံးတွေက အသံထွက်ကို အခြေခံပြီး ရေးတာများပါတယ်။ ဥပမာ – this ကို dis, love ကို luv, that ကို tat dat, are ကို r, you ကို u စသဖြင့် မူရင်းအသံပုံစံ ထွက်တာမျိုးကို ရေးကြပါတယ်။ နောက် အများကိန်းနေရာမှာ သုံးတဲ့ s ကို z နဲ့လဲပြီးလဲ သုံးတတ်ကြပါတယ်။ ဥပမာ – DJ boys ကို DJ boyz ပုံစံမျိုးပါ။ အထူးသဖြင့် သုံးတာတွေက s ကို z နဲ့ အစားထိုးသုံးတတ်ပါတယ်၊ t ကို 7 နဲ့ အစားထိုးတတ်ပါတယ်၊ l (L) ကို 1 နဲ့ အစားထိုးတတ်ပါတယ်၊ o (O) ကို 0 (zero) နဲ့ အစားထိုးတတ်ပါတယ်၊ h ကို 8 နဲ့ အစားထိုးတတ်ပါတယ်။ ဥပမာ – Great ကို G8t ပုံစံမျိုးပါ။

Read the rest of this entry »

Pranks to make on Windows

ဒီနေ့တော့ Windows စက်တွေမှာ သူငယ်ချင်းကို အကြောင်ရိုက်လို့ ရမယ့် နည်းတွေ တင်လိုက် ပါဦးမယ်။ အမှန်တော့ Windows စက်တွေမှာ အဲဒီလို ဟာသ လုပ်လို့ ရတာတွေ အများကြီးပါ။ အဲဒီထဲက ကျွန်တော် သိသလောက်ပေါ့.. ဟာသ လုပ်တာ ဆိုပေမယ့် သူငယ်ချင်း (သူတစ်ပါး) ထိခိုက်မယ့် နည်းတွေတော့ မဟုတ်ပါဘူး။ နဲနဲ လန့်ဖြန့်သွားရုံ လောက်ပါပဲ :D ဟာသ လုပ်တာဆိုပြီး Key Logger သုံးတာ (ကျွန်တော် တစ်ခါကြုံဖူးပါတယ်)၊ virus တွေသွင်းတာ၊ spam လုပ်တာ၊ Gtalk က နေ မလိုအပ်ပဲ auto spam မတ်စိတွေ ပို့တာမျိုးတော့ ကျွန်တော်လဲ မကြိုက်ပါဘူး။ အခု ရေးတဲ့နည်းတွေ ကတော့ စက်ကို ထိခိုက်သွားမှာ မဟုတ်ပါဘူး။

Read the rest of this entry »

Cities Of Earth Screensaver

Windows PC တွေမှာ screensaver တွေ အများကြီးရှိတဲ့ အထဲကမှ ကျွန်တော် နှစ်သက်တဲ့ screensaver ကို ပြောပါဆိုရင် Bubbles, Windows Energy, Cities Of Earth ၃ ခုကို ကြိုက်ပါတယ်။ Bubbles နဲ့ Windows Energy က နဂို windows တင် ကတဲက ပါတာပါ။ Cities Of Earth ကတော့ download လုပ်ယူထားတဲ့ screensaver ပါ။ Cities Of Earth screensaver က ကမ္ဘာလုံးပုံလေးနဲ့ ကမ္ဘာမြို့ကြီးတွေက လက်ရှိ အချိန်ကို ဖြည်းဖြည်းချင်း တပတ်လည်ပြီး ပြပေးတာပါ။

Read the rest of this entry »

twitter Grader

twitter Grader ဆိုတာ Website Grader လိုပဲ twitter တွေကို အဆင့် သတ်မှတ်ပေးတဲ့ ဆိုဒ်တစ်ခုပါ။ အဲဒီဆိုဒ်မှာ ကိုယ့်ရဲ့ twitter user name ကို ထည့်လိုက်တာနဲ့ သူက အဆင့်တွက်ပေးမှာပါ။ သူမှာ အမြင့်ဆုံး အမှတ်က 29,196 ဖြစ်ပါတယ်။ သူက ဘာကို ကြည့်တာလဲဆိုတော့ followers အရေ အတွက်၊ power of network of followers၊ နောက် updates အရေအတွက် စတာတွေကို ကြည့်ပါတယ်။ နောက်သူ့မှာ ကိုယ် updates တွေထဲက အကြိမ်ရေ များများပါတဲ့ စကားလုံးတွေကို tag cloud အနေနဲ့ လဲပြပေးပါတယ်။

Read the rest of this entry »