hit counter

Cities Of Earth Screensaver

Windows PC တွေမှာ screensaver တွေ အများကြီးရှိတဲ့ အထဲကမှ ကျွန်တော် နှစ်သက်တဲ့ screensaver ကို ပြောပါဆိုရင် Bubbles, Windows Energy, Cities Of Earth ၃ ခုကို ကြိုက်ပါတယ်။ Bubbles နဲ့ Windows Energy က နဂို windows တင် ကတဲက ပါတာပါ။ Cities Of Earth ကတော့ download လုပ်ယူထားတဲ့ screensaver ပါ။ Cities Of Earth screensaver က ကမ္ဘာလုံးပုံလေးနဲ့ ကမ္ဘာမြို့ကြီးတွေက လက်ရှိ အချိန်ကို ဖြည်းဖြည်းချင်း တပတ်လည်ပြီး ပြပေးတာပါ။


မြို့တွေက နာမည်ကြီး မြို့တွေ အကုန်နီးပါး ပါပါတယ်။ မူလ မြို့စာရင်းကို ဆိုဒ်မှာ ကြည့်တုန်းက မြန်မာ မပါပါဘူး။ ဒါနဲ့ ScreenOMania ကို message ထားတာ အခု ရန်ကုန် (Rangoon, Myanmar) ပါနေပါပြီ။ အခု လက်ရှိ ဗားရှင်း အထိကို မလေးရှား၊ လာအို၊ ဗီယက်နမ် စတဲ့ အရှေ့တောင် အာရှက နိုင်ငံ တချို့ မပါသေးပါဘူး။ သတိထားမိ သလောက် အာဖရိက က နိုင်ငံတွေ နဲနဲပဲပါတယ်။ လက်ရှိ နေကို မျက်နာမူနေတဲ့ နိုင်ငံတွေကိုလဲ အပြင်ကအတိုင်း နေမျက်နှာမူထားပြီး ပြတာ တကယ့် အာကာသကနေ ကြည့်ရသလိုပါပဲ။ စာဖတ်သူက Google Earth ကို ကြည့်ရတာ ၀ါသနာပါတယ် ဆိုရင် ဒီ screensaver ကို ကြိုက်မှာပါ။ Cities Of Earth screensaver ကို လိုချင်တယ်ဆိုရင်တော့ ScreenOMania မှာ အခမဲ့ download လုပ်ယူနိုင်ပါတယ်။ ScreenOMania မှာ အခြား 3D screensaver တွေလဲ download လုပ်ယူနိုင်ပါတယ်။


Related Posts

6 Comments so far »

  1. တောင်ငူသား said,

    Wrote on September 20, 2008 @ 9:22 pm

    ညီရေ
    ဒီတစ်ခုကို စမ်းကြည့်လိုက်ဦးမယ်။ စိတ်ဝင်စားတယ်။
    သတိရလို့ တစ်ခုမေးပါရစေ။ Google earth မှာ မမြင်ရတဲ့ မြို့နေရာကို ကြည့်နိုင်မယ့် နည်းလမ်းများရှိလားမသိဘူး။ အကိုတို့ တောင်ငူမြို့ထဲကို မမြင်ရဘူး။ မြို့ပြင်နေရာတချို့တော့ မြင်နေရတယ်။

  2. မျက်လုံး said,

    Wrote on September 20, 2008 @ 11:38 pm

    သွားဆွဲလိုက်မယ် တေဇာရေ။ ကျေးဇူး။

  3. ဖန်ခါးမြေ said,

    Wrote on September 21, 2008 @ 3:47 pm

    ညီလေးရေ Cities of Earth 3 D က တော်တော်လန်းတယ်
    ဒါပေမဲ့ မန်ယူ screensaver လောက်တော့ မကြိုက်မိဘူး
    ကိုက သရဲနီဖန်လေ :P
    တကယ်တော့ ဘလော့ကိုမရောက်ခင် ကတည်းက Twitter မှာ
    ညီလေး ဆွဲထားတာ တွေ့လို့ ဆွဲထားလိုက်ပြီးပြီ ဟီး

  4. MhawSayar said,

    Wrote on September 21, 2008 @ 10:42 pm

    ရှယ်ပေးလို့ ကျေးဇူးညီ. :) World Time Clock Style မျိုး ဖြစ်မယ်ထင်တယ်.

  5. Htoo Tay Zar said,

    Wrote on September 26, 2008 @ 8:56 pm

    တောင်ငူသား @ အကိုရေ Google earth မှာ တောင်ငူကို ကောင်းကောင်းကြည့်လို့ ရနိုင်ပါတယ်.. ကွန်နက်ရှင် ကြောင့် ဖြစ်နိုင်မလား မသိဘူး Google earth & map မှာ တချို့ အခြေအနေတွေကြောင့် ကြည့်ခွင့်မပေး တာတွေတော့ ရှိပါတယ်.. အဲဒီထဲမှာ တောင်ငူတော့ မပါလောက်ဖူးထင် တာပါပဲ အကို

    မျက်လုံး @ ဟုတ် အကို ကျေးဇူးပါ အဆင်ပြေပါစေ..

    ဖန်ခါးမြေ @ အကိုရေ မန်ယူ screensaver ဟုတ်လား ကျွန်တော် ရှာပြီး ဆွဲလိုက်ဦးမယ်

    MhawSayar @ ဟုတ်အကို အဲဒါက World Clock တွေပါပဲ ကွန်မန့်ရေး ပြီး အားပေးတာ ကျေးဇူးပါ..

  6. ကိုဖြိုးငြိမ်း said,

    Wrote on October 23, 2008 @ 6:42 am

    ညီလေးရေ မန်ယူ Screen saver မတွေ့သေးရင် အောက်ကလင့်မှာ
    ရတယ် Register တော့လုပ်ရတယ်

    https://www.screenza.com/index.php

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: