hit counter

Colors Of The Rainbow

ဒီနေ့တော့ ကျွန်တော် ရိုက်ထားတဲ့ သက်တံပုံလေး ၂ ပုံကိုပဲ ပို့စ် အဖြစ် တင်လိုက်ပါတယ်။ အခုအပေါ်ကပုံက လွန်ခဲ့တဲ့ ၃ ရက်လောက်က ရိုက်ထားတာပါ.. ဆေးခန်းက သွေးစစ်ပြီး အပြန်မှာ ကမ္ဘာအေး ဘုရားလမ်း Traders နဲ့ Sakura Tower ကြား အကူးမှာ Sakura tower တိုက်နောက်က သက်တံက လှတာနဲ့ ဖုန်းကင်မရာနဲ့ ရိုက်ယူထားတာပါ။ 3.2 MP အထိရပေမယ့် ရိုက်တုန်းက ကားလမ်း ပေါ်မှာ ဆိုတော့ မပြင်လိုက်ရဘူး 2 MP နဲ့ပဲ ရိုက်လိုက်ရတယ်။ ပြီးတော့ မြို့ထဲမှာ ရှုခင်းလှလို့ ပုံရိုက်ရင် နဲနဲ ဂရုစိုက်ရတယ် တော်ကြာ စစ်ဆေးတာ မေးမြန်းတာတွေ ခံရနိုင်တယ်လေ ကိုယ်က ရိုးရိုးသားသား ရိုက်တာပေမယ့် တမျိုး ထင်မှာ စိုးလို့ အမြန်ပဲ ရိုက်ရတယ်။ အမြန်ကားလမ်းကူးရင်း ရိုက်ပေမယ့် တော်တော်လှတယ်ခင်ဗျ အပေါ်ကပုံက ဘာမှကို ပြင်မထားဘူး နဂိုအတိုင်းပါပဲ.. အိမ်မှာတော့ desktop မှာ wallpaper လုပ်သုံးလိုက်တယ်။


ရိုက်လိုက်တာ ပုံကို ကျွန်တော် တော်တော် သဘောကျတယ်.. ဘာမှမပြင်ထားဘူး ညနေနေ၀င် ချိန်မို့ အရောင်ကလဲ တစ်မျိုးလေးဖြစ် နေတာရယ် နောက်က သက်တံရယ် လိုက်တယ်။ ကျွန်တော် ဖုန်းကင်မရာနဲ့ ရိုက်တဲ့ အထဲမှာ အပေါ်က သက်တံနဲ့ ဆာကူရာ တာဝါပုံ နဲ့ deviantArt မှာ တင်ထားတဲ့ ရန်ကုန်မြစ်ထဲက စင်ရော် ကို ရိုက်ထားတဲ့ ၂ ပုံ အကြိုက်ဆုံးပဲ.. လွန်ခဲ့တဲ့ ၂ လလောက်က MICT ထဲမှာတုန်းက ရိုက်ထားတဲ့ သက်တံပုံပါ အောက်မှာ တစ်ခါတဲ တင်လိုက်ပါတယ်။ အဲဒီပုံကတော့ သိပ်မလှဘူး ခင်ဗျ။ ကင်မရာ ကောင်းကောင်းဝယ်နိုင်မှပဲ ရှယ်လိုက်ရိုက်တော့မယ်။ :P ပုံတွေကို အကြီးကြည့်ချင်ရင် ကလစ်လုပ်ပြီး ကြည့်နိုင်ပါတယ် ခင်ဗျာ..


Related Posts

1 Comment so far »

  1. Rapster88 said,

    Wrote on September 27, 2008 @ 9:13 pm

    အပေါ်က ပုံကိုမြင်လို့ ရန်ကုန်ကို သတိရတယ်။ ကျွန်တော်လဲ အဲဒီလို ကြုံရင် ကြုံသလို ရိုက်ရတာ ၀ါသနာပါတယ်ဗျ။ ဒါပေမယ့် တစ်ခါတစ်လေ Camera က မပါတော့ မရိုက်လိုက်ရတွေ ရှိတယ်။ Phone နဲ့က ရိုက်လို့မရဘူးလေ :(

    Camera ကောင်းကောင်းကတော့.. အင်း..ကျွန်တော်လဲ သရေတွေပဲ ယိုနေတုန်း :D

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: