hit counter

Detecting Google’s Chrome

မနေ့ညက လုပ်စရာရှိတဲ့ ဘန်နာဆွဲတဲ့ အလုပ်ရယ်၊ သူငယ်ချင်း တစ်ယောက် အတွက် CD layout ရယ် ဆွဲပြီး မအိပ်ချင်သေးတာနဲ့ Google’s Chrome ကို စမ်းကြည့် ဖြစ်ပါတယ်။ 20 things about Google’s Chrome ပို့စ်မှာ ကျွန်တော် ပြောခဲ့ သလိုပဲ Chrome က WebKit ကို သုံးတဲ့ အတွက် layout design တွေမှာ IE အတွက်လို သီးသန့် လိုက်ပြင်စရာမျိုးတွေ မရှိပါဘူး။ သုံးရတာလဲ မြန်တယ် အဆင်လဲပြေပါတယ်။


တစ်ခုပဲ chrome မှာ စက်ထဲက html ဖိုင်ကို ဖွင့်ချင်ရင် အခြား browser တွေလို open file ကနေ တိုက်ရိုက်ဖွင့်မရဘူး။ အဲဒါတစ်ခုပါပဲ နောက် MMHan နဲ့ Ahmei တို့ ပြောသလိုပဲ chrome မှာ မြန်မာလို setting မှာ ပြောင်းထားသည့် တိုင်အောင် ပုံမှန် အလုပ်မလုပ်နိုင်ပါဘူး။ အဲဒါနဲ့ ဘယ်လို လုပ်ရင် ကောင်းမလဲ စဉ်းစားရင်း Chrome ကို detect လုပ်ဖို့ စဉ်းစား ဖြစ်ပါတယ်။

ပထမဆုံး navigator.appName နဲ့ လုပ်ကြည့်ဖြစ်ပါတယ်.. ထင်တဲ့ အတိုင်းပါပဲ Netscape လို့ ပြန်ပါတယ်။ ဒါနဲ့ နောက်တစ်မျိုး navigator.userAgent နဲ့ စမ်းကြည့်ပါတယ်.. အလုပ်ဖြစ်ပါတယ်  browser IE, FF, Safari, Chrome နဲ့ တစ်ပြိုင်တည်းစမ်းတာ  တစ်ခုပဲ return လာတာက WebKit သုံးတာချင်းတူတဲ့ Apple’s Safari နဲ့ အားလုံးနီးပါး (Chrome/0.2.149.27 ဆိုတာလေးပဲ ကွဲပါတယ်) တူတဲ့ အတွက် if ကို == သုံးပြီး စစ်လိုက်ပါတယ်။

var chrome= navigator.userAgent;

If နဲ့ စစ်လိုက်ပြီး alert နဲ့ “Sorry, Myanmar font is not compatible with Chrome” လို့ ရေးပေးလိုက်ပါတယ်။ အခြားနည်းတွေလည်း ကိုယ့်ဘာသာ စဉ်းစားပြီး ထပ်ရေးလို့ရပါတယ်။ .js (javascript) အနေနဲ့လဲ အောက်မှာ download လုပ်ယူနိုင်ပါတယ်။

if (chrome=="Mozilla/5.0 (Windows; U; Windows NT 6.0; en-US) AppleWebKit/525.19 (KHTML, like Gecko) Chrome/0.2.151.0 Safari/525.19") {
alert ("Sorry, Myanmar Font is not compatible with Chrome")
}

Download

Download Google Chrome Detector Javascript


Related Posts

1 Comment so far »

  1. Myo Kyaw Htun said,

    Wrote on September 9, 2008 @ 8:25 pm

    I can use chrome without having that problem. :D

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: