Edu.MysteryZillion


ပြီးခဲ့တဲ့ အပတ် သောကြာနေ့ (12.8.2008) မှာ MysteryZillion က ပြုလုပ်တဲ့ Edu.MysteryZillion စာနယ်ဇင်း မိတ်ဆက်ပွဲကို လမ်း 50 အထက် ဘလောက်မှာ ရှိတဲ့ CycoDyno အင်တာနက် ကဖေးမှာ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်လဲ ကိုSaturngod တို့ကို ကူညီရင်း အဲဒီနေ့က မုန့်သွားစား အဲ သွားကူဖြစ်ခဲ့ပါတယ်။ ဖိတ်ကြားထားတဲ့ စာပေနယ်က ပုဂ္ဂိုလ်တွေ၊ နောက် MysteryZillion က အဖွဲ့သားတွေ အစုံအညီ တက်ရောက်ခဲ့ကြပါတယ်။


Edu.MysteryZillion မိတ်ဆက်ကို ကိုစည်သူကိုSaturngod တို့က အကြောင်းအရာ စုံလင်စွာနဲ့ ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ မြန်မာလူငယ်တွေ အတွက် အွန်လိုင်းမှာတင် အခမဲ့ ပညာသင်ကြားနိုင်မယ့် Edu.MZ ကို စာဖတ်သူလဲ သွားရောက်လေ့လာ ကြည့်သင့်ပါတယ်။ အခုလောလောဆယ်မှာ ကွန်ပျူတာ ဘာသာရပ်တွေ သင်ကြားနိုင်ပြီ ဖြစ်သလို နောင်မှာ ကွန်ပျူတာသာမက အခြား ပညာရပ်တွေပါ သင်ကြားနိုင်မှာပါ။ အောက်က လင့်တွေမှာလဲ Edu.MysteryZillion အကြောင်းကို ပိုမိုဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

More About Edu.MysteryZillion

MZ Edu Images on Exiter’s Blog
MZ Edu on Si Thu Aung.info
Myanmar Blog
MZ Edu Photos





Related Posts

9 Comments so far »

  1. MhawSayar said,

    Wrote on September 17, 2008 @ 4:24 pm

    သတင်းတွေ မျှဝေပေးလို့ ကျေးဇူးညီရေ. မြန်မာလူငယ်တွေ အတွက် Edu.MysteryZillion လိုဆိုဒ်မျိုးတွေ နောက်ထပ် အမြောက်အများ ပေါ်ထွက် လာပါစေလို့လည်း ဆုတောင်းပေးသွားပါတယ်. :)


  2.ုကိုအောင် said,

    Wrote on September 19, 2008 @ 12:13 am

    ကျေးဇူးတင်တယ်ညီ……..
    ခုလို..ညီတို့….ကြိုးစားတာမြင်တော့…အရမ်းအားရပါတယ်…..
    ကြိုးစားကြပါ…..


  3. Htoo Tay Zar said,

    Wrote on September 26, 2008 @ 8:47 pm

    MhawSyar @ အားပေးတဲ့ အတွက် ကျေးဇူးပါ အကိုရေ နောက်လဲ ဒီလို ဆိုဒ်မျိုးတွေ အများကြီး ထပ်ပေါ်လာမှာပါ..

    ကိုအောင် @ ဟုတ်ကဲ့ အကို အခုခေတ်မှာ လူငယ်တော်တော်များများ ကြိုးစားကြပါတယ်.. ကျွန်တော်က လွဲရင်ပေါ့..


  4. ko phyo said,

    Wrote on October 10, 2008 @ 6:46 pm

    i want to a teach


  5. saithukha said,

    Wrote on December 4, 2008 @ 11:43 am

    ကျေးဇူးအရမ်းတင်ပါတယ်……..edu;


  6. စည်းအပြင်ကလူ said,

    Wrote on January 16, 2009 @ 3:39 pm

    ဟုတ်ကဲပါ mysteryzillion ကိုအရမ်းအားပေးပါတယ်
    နောက်ထပ်ဒါမျိုးဆိုက်တွေပေါ်လာပါစေဗျာ
    ကျွန်တော်ကဆင်းရဲလို့ပညာရပ်တွေလေ့လာချင်ပေမယ့်ခက်ခက်ခဲခဲကို
    လေ့လာနေရတာအကူအရမ်းဖြစ်ပါတယ်ဗျာတကယ်ကျေးဇူးပါဗျို့


  7. ဒိုးဇက် said,

    Wrote on September 27, 2009 @ 6:20 pm

    အကို ရေ ဒီလို site မျိုးကို ကျနော် လိုက်ရှာနေတာ ကောင်းကောင်း လေ.လာလိုက်အုံးမယ်ဗျာ
    ကျေးဇူးတင်ပါတယ်


  8. Happy Birthday to 3 Years Old Mystery Zillion!! « My Burmese Blog said,

    Wrote on April 1, 2010 @ 9:02 pm

    [...] open source projects တွေဖြစ်တဲ့ Ornagai Mobile Phone Dicitonary, MZ Edu လို ပရောဂျက်တွေလဲ [...]


  9. usoewin said,

    Wrote on September 6, 2011 @ 11:09 pm

    ််ုဒီ ဦးစိုးဝင်းကို စာပေဟောပြောပွဲအခွေ ၂၊၃ ခွေပေါင်းကူးနည်းကိုရှင်းပြပေးစေလိုပါသည်။
    မြန်မာလိုတတ်နိုင်သမျှရှင်းပြပေးပါ။

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: