Fixing WordPress Image Alignment

ကျွန်တော် ဘလော့ဂ်မှာ ပို့စ်တင်တိုင်း image ထည့်ရင် align center အရင်က အလုပ်မလုပ်ပါဘူး ပို့စ်ထဲမှာ preview ကြည့်ရင်ပေါ်တယ်။ ဘလော့ဂ်ပေါ်ရောက်သွားရင် ဘယ်ဘက်ကပ်သွားရော ဒါနဲ့ သိလိုက်ပါတယ် CSS ကြေငြာဖို့ လိုနေတယ်ဆိုတာကို။ ဒါပေမယ့် အပျင်းကကြီးတော့ မပြင်ဖြစ်ပါဘူး။ အမြဲ center tag သုံးပြီး ညှပ်ပေးလိုက်တာပါပဲ။ အလုပ်ဖြစ်တာပဲပေါ့။ လွန်ခဲ့တဲ့ ရက်ကမှ reader ကနေ ကိုယ့်ဘလော့ဂ်ကို ပြန်ကြည့်တော့မှ အပေါ်မှာ ပုံပြထားတဲ့ အတိုင်း center ညှပ်ထားတဲ့ပုံက more အောက်က တစ်ပုံ အထိပဲ အလုပ်လုပ်တာ တွေ့ရတယ် ဒါနဲ့ မဖြစ်ဘူးပြင်မှ ရတော့မယ်ဆိုပြီး ပြင်ဖြစ်ပါတယ်။ feed ထဲမှာ ကိုယ့် CSS ဖိုင်က အလုပ်မလုပ်ပေမယ့် ပုံတွေကို ဘယ်ဘက်ကပ်လဲ အာလုံး အတူတူ ကပ်နိုင်အောင် ပြင်လိုက်တာပါ။ အမှန်က တချို့ theme ရေးတဲ့ သူတွေက သတိမထားတာပါ.. WordPress မှာ image ကလိုအပ်တဲ့ CSS class တွေရှိထားပါတယ် အဲဒါတွေ ထည့်ဖို့ လိုနေတာပါ။
ဘယ်လိုပြင်မလဲဆိုတော့ style.css မှာ အောက်ကပြထားတဲ့ ကုဒ်ကို ကူးထည့်ုလိုက်ရုံပါပဲ…. ဒါဆိုရင် ပြီးပါပြီ..
ကံဆိုးစွာပဲ IE 6 (နလပိန်းတုံး) က margin : auto ကို နားမလည်ရှာပါဘူး။ အမှန်ကတော့ text-align နဲ့ပြင်ကြတာ တွေ့ပေမယ့် image သတ်သတ်ပဲ ရှိစေတော့ ဆိုပြီး အနာဂတ်ကို မျှော်ကိုးပြီး ဒီအတိုင်းထား လိုက်ပါတယ်။ အဆင်ပြေနိုင်ပါစေ။
img.center, img.aligncenter, img[align="center"] {
display: block;
margin-left: auto;
margin-right: auto;
}

ကြယ်စင်မင်း said,
Wrote on September 25, 2008 @ 2:18 pm
ကျေးဇူးတင်ပါတယ်..
ကျွန်တော်တို့က ကုတ်တွေဘာတွေနားမလည်ဘူးခင်ဗျာ.. အခုတော့ ပုံတွေအားလုံး အလယ်ရောက်ကုန်လို့ စိတ်ချမ်းသာသွားပါပြီ
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Like or Dislike:
0
0
Violet said,
Wrote on November 6, 2008 @ 9:16 am
In terms of bonalnoy erudition – grammotno done!
Like or Dislike:
0
0
Bring Down IE6 ~ It’s Time to Unite!! | My Burmese Blog said,
Wrote on April 18, 2009 @ 9:50 pm
[...] ကျွန်တော် အရင်က တင်ခဲ့တဲ့ Fixing WordPress Image Aligement မျိုး margin: 0 auto; မျိုးကိုလဲ မသိပါဘူး၊ [...]
Like or Dislike:
0
0
Devine said,
Wrote on October 30, 2009 @ 5:16 pm
အနော် ဘလော.တခုတင်နေတာပါခင်ညာ အဲ့ဒီမှာcbox ထဲ့တာမရဘူးဖစ်နေလို. ငဘသထထည်.တာကို step by step ကုဒ်တွေကော်ပီင်္လုပ်ပီးpaste လုပ်ပီးတဲ.အထိ လုပ်ပုံလုပ်နည်းအဆင်.ဆင်.ကိုကြောကြပေးပါခင်ညာ
Like or Dislike:
0
0