Happy Birthday to 5 Years old Fedora

Happy Birthday to 5 Years old fedora
ဒီရက်ပိုင်းမှာ မွေးနေ့တွေ အတော်များများအတွက် ပို့စ်တင်ဖြစ်နေပါတယ်။ ဆားချက်တယ် လို့ပဲပြောပြော ပို့စ်လေးတော့ တင်လိုက်ပါဦးမယ်။ ၂၄ ရက်နေ့က fedora ရဲ့ ၅ နှစ်ပြည့် မွေးနေ့ပါ။ သူက RedHat နောက်မှ ထွက်တာပေမယ့် အလကား ရနိုင်တယ်၊ နောက် GUI လှတယ် software တွေ အတော်များများပါတာကြောင့် linux ထဲမှာတော့ နှစ်သက်မိတဲ့ တစ်ခုပါ။ fedora ဆိုတဲ့ အဓိပါယ်က ရှရှား ဘာသာမှာ “God’s gift” လို့ ခေါ်တာလို့ သိရပါတယ်.. Italian မှာတော့ “Hat” လို့ အဓိပါယ်ရတယ်လို့ ပြောပါတယ်။

Rapster88 said,
Wrote on September 27, 2008 @ 9:07 pm
ဟဲဟဲ.. ကျွန်တော်လဲ စားချက်နေရတယ်
Like or Dislike:
0
0
သဉ္ဖာ said,
Wrote on September 29, 2008 @ 9:29 am
fedora တောင် ငါးနှစ်ရှိသွားပြီကိုး။ LINUX distro တွေထဲ မှာ fedora ကို အရင် ဆုံး စသုံးဖူးတာ။ fedora ရဲ့ အဓိပ္ပါယ်ကို ခုမှ သိတော့တယ်။
Like or Dislike:
0
0
kokoye2007 said,
Wrote on September 29, 2008 @ 3:11 pm
အားပါး Fedora တောင် ငါးနှစ်ပြည့်ပြီဆိုပဲ။ သိတောင် မသိလိုက်ဘူး။ အခု fedora Core 9 တောင်ရောက်ပြီ။ Fedora ကို Core 5 မှာစသုံးဘူးတာ။ Server ထဲမှာတော့ RedHat ပြီးရင် Fedora ကို ပိုကြိုက်တယ်။ Linux Distro Watch အခု တစ်ရာမှာ ပထမနေရာရထားတဲ့ Ubuntu လဲ Fedora နဲ့ GUI တူတယ်။ ဒါပေမယ့် Fedora ဆိုတာ ဘာကိုခေါ်တာလဲလို့ မသိတာတော့ အမှန်ပဲ။
Like or Dislike:
0
0