hit counter

Happy Blog Day 2008

31 ရက်နေ့တုန်းက ကျွန်တော် Blog Day အတွက် ပို့စ်မတင်လိုက်ရဘူး။ အမှန်တော့ ကျွန်တော်တင်မလို့ပါပဲ ၃၁ ရက်က ကျောင်းက ပရောဂျက်က နောက်ဆုံးရက် ဖြစ်နေတာကြောင့် စာကိုပဲလုပ်နေရတယ် နောက် ကျောင်းသွားတာနဲ့ ပြန်ရောက်တော့ ဘာမှမလုပ်နိုင်တော့တာ.. flag ပြသွားတယ်။ ပရောဂျက် လုပ်နေရတာနဲ့ ညတောင် ကောင်းကောင်း မအိပ်ရတာ ၄ ရက်လောက်ရှိသွားလို့။ မနေ့က တင်မယ်လုပ်တော့မှ screenshot ဖမ်းထားတဲ့ပုံတွေ၊ ဘန်နာပုံတွေထည့်ထားတဲ့ ဖိုဒါကို virus က ၀င်ဖျက်သွားပြီး စက်ဟန်းနေတာနဲ့ မတင်လိုက်ရပြန်ဘူး။ ဒီနေ့မှ တင်ဖြစ်ပါတယ်။

Blog Day 2008 အတွက် blog 5 ခု ရွေးထားပါတယ်။ အရင်နှစ် 2007 ကလိုပဲ မြန်မာ ဘလော့ဂ်နှစ်ခု နိုင်ငံခြားက ဘလောဂ် ၃ ခုပါ။ ကျွန်တော် လွန်ခဲ့တဲ့ရက်က ပြောခဲ့သလိုပဲ ဒီနှစ်မှစ ဖတ်ဖြစ်တဲ့ blog 5 ခုပါ။ ဘယ်ဘလောခ့်တွေလဲ ဆိုတော့ ~

Kai Loon

Kai Loon ဆိုတဲ့ ဘလောခ့်ကို ဘယ်က စဖတ်ဖြစ်လဲဆိုတော့ ကျွန်တော် PSDtuts မှာ Kai Loon ရဲ့ tutorial post ကို စဖတ်ဖြစ်ရာကနေ ရောက်သွားတာပါ။ သူက မလေးရှားက ဘလော့ဂ်ဂါ တစ်ယောက်ဖြစ်ပြီး web designer တစ်ယောက်ပါ။ သူ့ဘလောခ့်မှာ XHTML, CSS, Photoshop, WordPress စတဲ့ tutorial posts တွေကို အမြဲလိုလို ဖတ်ရမှာပါ။ တခါတလေလဲ သူ့ရဲ့ personal အကြောင်းအရာ တစ်ချို့ကိုလဲ ဖတ်ရနိုင်ပါတယ်။ သူက Loon Design blog အပြင် Themetation ဆိုတဲ့ ဘလောခ့်မှာ WordPress tutorial တွေကို သတ်သတ်ခွဲရေးပါတယ်။ Kai Loon ကို Blog Day 2008 အတွက် ကျွန်တော့်လို ညွှန်းထားတဲ့ blog တစ်ခုကိုလဲ မနေ့က ဖတ်ဖြစ်ပါသေးတယ်။ ညွန်းထားတဲ့ ဘလောဂ်ဂါက မလေးရှားက HongKiat က ညွှန်းထားတာပါ။ အစက ကျွန်တော် HongKiat ကိုလဲ ဒီနှစ် ညွှန်းဖို့ စဉ်းစားသေးပေမယ့် သူ့ဘလောခ့်ပို့စ်တွေက (အသုံးဝင်ပေမယ့်) များသောအားဖြင့် သူများ အားထုတ်ထားတဲ့ ပို့စ်တွေကို သူက 40+, 50+ စသဖြင့် ခေါင်းစဉ်တပ်ပြီး စုစည်းပြီး အမြတ်ထုတ်နေသလို ထင်မိလို့ မရွေးတော့တာပါ။ Chan Kai Loon ဟာ ကျွန်တော် ဒီနှစ်ထဲမှာမ စဖတ်ဖြစ်တဲ့ အထဲက နှစ်သက်မိတဲ့ ဘလော့ဂ်ဂါတစ်ယောက်ပါ။

Degolar


Degolar ဆိုတဲ့ ဘလောဂ်ကိုတော့ ကျွန်တော် ဘလောဂ်က MyBlogLog Recent Reader မှာ တွေ့မိရာကနေ စဖတ်ဖြစ်ပါတယ်။ ကိုDegolar ဆီမှာတော့ စင်္ကာပူ အကြောင်း၊ အိုလံပစ်အကြောင်း၊ နောက် ဓာတ်ပုံတွေ၊ ဗဟုသုတ၊ သတင်း စသဖြင့် ဘလောဂ်မှာ တွေ့နိုင်ပါတယ်။ ကိုDegolar ဘလောဂ်မှာ personal အကြောင်းတွေလဲ ရေးပေမယ့် စိတ်ဝင်စားဖို့ ကောင်းအောင်ရေးတတ်ပါတယ်။ နောက် ဘလော့ဂ်မှာ မြန်မာလို အပြင် တရုတ်လိုပါ ရေးတဲ့ အတွက် နိုင်ငံခြားက စာဖတ်သူတွေရဲ့ ကွန်မန့်တွေလဲ တွေ့နိုင်ပါတယ်။ ဘလောဂ်ဆိုဒ်ဘားမှာ flickr photo stream, Google Calendar, Blog Roll တွေ ထည့်ထားတဲ့ အတွက်ကြောင့်လဲ ဘလောခ့်က အခြား မြန်မာ ဘလောဂ်တွေနဲ့ မတူပဲ နိုင်ငံခြားက blog တစ်ခုကို ဖတ်ရသလို အမြင်ဆန်းပါတယ်။ ကိုDegolar ရဲ့ ဘလော့ဂ်ကိုလဲ ဒီနှစ်မှ စဖတ်ဖြစ်ပေမယ့် စိတ်ဝင်စားစရာ ကောင်းတဲ့ အတွက် ဘယ်တော့ ပို့စ်အသစ်တက်မလဲလို့ စောင့်ကြည့်ဖြစ်ပါတယ်။

Noupe


Noupe ကိုတော့ Del.icio.us မှာ top bookmarked sites တွေ ကြည့်ရင်းနဲ့ ရောက်ဖြစ်ခဲ့တာပါ။ Web Design resources ဆိုဒ်ဖြစ်ပြီး HTML, CSS, Javascript, Ajax, WordPress စတဲ့ အကြောင်းအရာတွေကို တွေ့ရမှာ ဖြစ်ပြီး ပို့စ်တိုင်းနီးပါးဟာ Digg, Delicious, Designfloat ဆိုဒ်တွေမှာ top ဖြစ်တာကို သတိထားမိနိုင်ပါတယ်။ Noupe က ဖိလစ်ပိုင်က ဘလော့ဂ်ဖြစ်ပါတယ်။ ဒါအပြင် အပေါ်က ကျွန်တော်ရွေးခဲ့တဲ့ Kai Loon နဲ့ အတူပူးတွဲပြီး divSnippets ဆိုတဲ့ ဆိုဒ်အသစ်ကို ပြီးခဲ့တဲ့လက စတင်ထားပါတယ်။ အခုလက်ရှိ Noupe Design ကို လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှ ပြောင်းထားတာ ဖြစ်ပါတယ်။

WeSheMe


WeSheMe ဘလောဂ်ကိုတော့ ကျွန်တော် ဘလောဂ်ရေးခါစက တစ်ခေါက် နှစ်ခေါက်ရောက်ဖြစ်ခဲ့ပြီး နောက်ပိုင်း မရောက်ဖြစ်ခဲ့ပါဘူး။ ဒီနှစ် အစလောက်ကမှ ကျွန်တော့် ဘလော့ဂ်က MyBlogLog မှာ အလည်လာသွားတာ တွေ့တာကနေ ရောက်ဖြစ်ရက စဖတ်ဖြစ်ပါတယ်။ ကိုAndy ဘလောဂ်မှာ မိသားစု အကြောင်း၊ ဗဟုသုတ၊ အမှတ်တရ၊ ဟင်းချက်နည်း ကနေ ကွန်ပျူတာ အကြောင်းအရာတွေထိ ဖတ်နိုင်ပါတယ်။ ကိုAndy ဘလော့ဂ်ကလဲ ကိုDegolar ဘလော့ဂ်လိုပဲ flickr Photo stream, YouTube တွေနဲ့ နိုင်ငံခြားက ဘလောဂ်ကို ဖတ်ရသလို အမြင်ဆန်းပါတယ်။ နောက် ဆိုဒ်ဘားမှာ စိတ်ဝင်စားဖို့ ကောင်းတဲ့ သတင်းအချို့ကို share လုပ်ထားတဲ့ အတွက်လဲ Reader မှာ ဖတ်ရုံတင်မဟုတ်ပဲ blog ကိုပါ တခါတလေ သွားဖတ်ဖြစ်ပါတယ်။ ကိုDegolar ရော ကိုAndy ပါ သူတို့ပို့စ်တွေမှာ သက်ဆိုင်ရာအကြောင်းအရာ ပါတဲ့ အခါ ပို့စ် အဟောင်းတွေကို လင့်ခ်လုပ် ထားခြင်းကလဲ နိုင်ငံခြားက ဘလော့ဂ်တွေကို ဖတ်ရသလိုပါပဲ။ WeSheMe ဘလော့ဂ်ကလဲ ကျွန်တော်နှစ်သက်မိတဲ့ ဘလော့ဂ်တွေထဲက တစ်ခုဖြစ်ပါတယ်။

Collis Ta`eed


Collis Ta`eed ကတော့ ကနေဒါက ဖြစ်ပြီးတော့ PSDtuts, Vectortuts, Nettuts, Audiojungle, Freelance Switch စတဲ့ ဘလော့ဂ်တွေကို ရေးသားတဲ့ သူတစ်ယောက်ပါ။ Envato ဆိုတဲ့ Network ကိုတည်ထောင်ထားတဲ့ Web Designer တစ်ယောက်ဖြစ်ပြီး Collis Taeed ဆိုဒ်ရဲ့ twitter ကနေ သူရေးတဲ့ tutorial တွေ တင်တဲ့ အခါသိရနိုင်ပါတယ်။ သူက Blog Action Day (BAD) စတင်တဲ့ သူတစ်ဦးလဲ ဖြစ်ပါတယ်။

ဒီနှစ် ကျွန်တော် ရွေးခဲ့တဲ့ ဘလော့ဂ် ၅ ခုမှာ Collis ကလွဲရင် ကျန်တဲ့ ဘလော့ဂ် ၄ ခုဟာ အရှေ့တောင် အာရှက ဖြစ်ပါတယ်။ အပေါ်က ပြောခဲ့တဲ့ ဘလော့ဂ်တွေကို ကျွန်တော် အမြဲဖတ်တယ်ဆိုပေမယ့် Reader က ဖတ်တာများတဲ့ အတွက် သိပ်မရောက်ဖြစ်ပါဘူး။ သူတို့ ပို့စ်တွေကို ကျွန်တော် bookmark လဲလုပ်လေ့ မရှိပါဘူး လုပ်ရရင် blog တစ်ခုလုံး လုပ်ရမှာပါပဲ။ ဘလော့ဂ် 5 ခုလုံး ပို့စ်ကို နေ့စဉ်နီးပါး ပုံမှန်တင်ကြတဲ့ အတွက် Reader ဖွင့်တိုင်း ပထမဆုံး ဖတ်ဖြစ်ပါတယ်။ တခါတလေ ကွန်မန့်လဲ သွားရေးတတ်ပါတယ်။ စတဲ့… စတဲ့ အကြောင်း အရာတွေကြောင့် အခု ပြောခဲ့တဲ့ ဘလော့ဂ် ၅ ခုကို ဒီနှစ် အတွက် ရွေးလိုက်ပါတယ်။ စာဖတ်သူလဲ မဖတ်ဖြစ်သေးဘူးဆိုရင် အလည်တစ်ခေါက် သွားရောက်ဖတ်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။ ပျော်ရွှင်ပါစေ။ ။


Related Posts

7 Comments so far »

  1. Andy said,

    Wrote on September 2, 2008 @ 8:40 pm

    Thanks for being one of your favorite blogs. I do feel honored for that. Seriously. :)
    I dropped comment here since that post was closed for comment :)

  2. kailoon said,

    Wrote on September 3, 2008 @ 1:48 am

    Hi! Thank you for your recommendation :)

  3. TZA said,

    Wrote on September 3, 2008 @ 10:21 pm

    ညီ၊ recommend လုပ်တာကျေးဇူးပါ။ ညီ့ဘလော့ဂ်ကိုလည်း လာလာဖတ်တယ်။ :)

  4. Htoo Tay Zar said,

    Wrote on September 5, 2008 @ 5:11 pm

    @ Bro Andy ~ Ofcourse Bro I like your blog. :D I also thanks for like my post back..

    @ kailoon ~ I also thanks you for your awesome tuts, posts :D

    @ Bro TZA ~ ဟုတ် အကို ဘလော့ဂ် လာလာ ဖတ်တယ်ဆိုလို့ ကျေးဇူးပါ :D

  5. kozeyar said,

    Wrote on September 23, 2008 @ 1:57 am

    လာလည်ပါတယ်ညီ …

    ညီနဲ့ အစ်ကိုတို့ အကြိုက်တူတယ် .. ငါးခုထဲက ၃ ခုကိုအရမ်းကြိုက်တယ်
    ကိုရွေးဖြစ်ရင်လဲ အဲဒိ ၃ ခုနဲ့ ကျန်တဲ့ ၂ ခုပဲဖြစ်လိမ့်မယ်

    ၁။ ဒီဂိုလာ
    ၂။ WeSheMe
    ၃။ Collis Ta`eed (collis ရဲ့ tutorial အတိုင်း ကိုယ့် site ကိုလုပ်ထားတာပါ)

    ဒါတွေ ပေါ့။။

  6. Blog Day 2009 | My Burmese Blog said,

    Wrote on August 30, 2009 @ 10:13 pm

    [...] Blog Day 2008 [...]

  7. kozeyar said,

    Wrote on September 10, 2009 @ 11:41 pm

    Kai Loon ကလွဲရင် အကုန်တူတယ်ညီ။

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: