hit counter

I’m a PC, Everyone is a PC

Apple ရဲ့ I’m mac ဆိုတဲ့ ကြော်ငြာကို တနေရာရာမှာ ကြည့်ခဲ့ဖူးမယ် ထင်ပါတယ်။ အရင်နှစ်က နာမည်ကျော်သွားတဲ့ ကြော်ငြာတစ်ခုပါ Apple ကနေ Microsoft ရဲ့ Windows ကို ဖိုက်တဲ့ ကြော်ငြာလေးပါ။ အခုတော့ Microsoft က ကြော်ငြာ အသစ်နဲ့ ပြန်ဆော်ပါပြီ ခင်ဗျား။ I’m a PC (Video Via Vincent Chow )ဆိုပြီးတော့ပါ.. ကျွန်တော်က OS တွေကို အရမ်းတော့ သိပ်အစွဲအလမ်း မထားပါဘူး တစ်ခွေ ၁ ထောင်နဲ့ ၀ယ်လို့ရရင် ဘယ်ဟာ မဆို သုံးလိုက်မှာပဲ :p ကျွန်တော်တို့ ဆီမှာတော့ Apple သုံးတာ ကျောင်းတွေက Multimedia room တွေရယ်၊ တချို့လူတွေ လောက်ပဲရှိပါတယ်။ Mac Book ကို လိုချင်တယ်ဆိုရင်တောင် Blu Ray ဆိုတဲ့ ဆိုင်မှာ သာလျှင် ၀ယ်လို့ရပါတယ်။ ဒါတောင် Combo လောက်ပဲပါတဲ့ အကောင်က HP, Dell, Compaq စတာတွေမှာဆို လန်နေတာ ရနိုင်တဲ့ ဈေးမျိုးနဲ့ပါ။ တစ်ခါတဲ ဒီပို့စ်ထဲမှာ အခုတလော ဖတ်မိတဲ့ Apple Vs Windows တွေ အကြောင်း စုထားလိုက်ပါတယ်..


Windows Vs Mac Opinion ဆိုတဲ့ ပို့စ်ကတော့ ကိုမျိုးကျော်ထွန်း ရှဲ ပေးတဲ့ ပို့စ်ပါ။ အောက်ကပုံက Apple iMac Vs Dell XPS ပါ။ အဲဒီ ၂ မျိုးလုံး ၀ယ်ချင်ရင်တောင် ဒီမှာ ၀ယ်လို့ မရနိုင်ပါဘူး။ တကယ်လို့ ၀ယ်ချင်တယ်ဆိုရင်တော့ ကျွန်တော့်ကို ပြောပါ ကျွန်တော် ဘတ်ငွေ အဖြစ် ပြောင်းပေးပါမယ် :P


Related Posts

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: