hit counter

iDance ~ D Player

ကျွန်တော် အိမ်မှာ တခါတလေ ပျင်းရင် ကွန်ပျူတာမှာ iDance D Player ဆိုတဲ့ ပလေယာလေးနဲ့ သီချင်းဖွင့်လေ့ရှိပါတယ်။ အဲဒီ ပလေယာလေးက ကိုရီးယားက လုပ်ထားတာဖြစ်ပြီးတော့ သူက ကာတွန်း (manga) 3D လေးတွေကတာပါ ပါတယ်။ ပလေယာနဲ့ ဖွင့်လို့ရသလို အဲဒီ ကာတွန်း လေးတွေကို desktop ပေါ်မှာ ဖွင့်ပြီး တင်ထားလို့လဲ ရပါတယ်။ ကာတွန်းရုပ်လေးတွေ ကတာ တော်တော်လှပါတယ်.. နောက် သီချင်းတွေနဲ့လဲ လိုက်တယ်။


သီချင်းက ကိုရီးယား သီချင်းတွေ နာမည်ကြီး သီချင်း အများစုပါပြီးတော့.. ကိုယ့်ဖာသာ စိတ်ကြိုက် mp3 သီချင်းတွေလဲ ဖွင့်လို့ရပါတယ်။ ကိုယ့်စိတ်ကြိုက် သီချင်းဖွင့်ရင်တော့ ကကွက်တွေနဲ့ နဲနဲမလိုက် သလိုဖြစ်နေလိမ့်မယ်။ ကျွန်တော်ကတော့ မြန်မာ သီချင်း ဆိုင်းကြိုက်တဲ့ မောင် လိုသီချင်းမျိုးနဲ့ တွဲဖွင့် ပါတယ်။ ပလေယာလေး သွင်းလိုက်တာနဲ့ သီချင်းအများကြီး တစ်ပါတဲပါပါတယ်။ အဲဒီထဲမှာ ကျွန်တော်ကြိုက်တာက Change, Carrot ဆိုတဲ့ သီချင်း ၂ ပုဒ်တော့ ကြိုက်တယ်။

Change က စစချင်း ရဲကားသံလို မီးသတ်ကားသံလို အသံနဲ့ဆိုတော့ ကျွန်တော်ဖုန်းမှာ ringtone လုပ်ပြီး သုံးထားတယ် :D ဖုန်းလာတိုင်း အခန်းထဲက လူတွေ အပြင်ထွက်ပြီး လမ်းပေါ်မှာ မီးသတ်ကား ထွက်ကြည့်တာက ခဏခဏ ပဲ =P. Carrot သီချင်းကတော့ ကိုရီးယားကားထဲမှာ မင်းသမီးတွေ ဆိုတာ ခဏခဏတွေ့တယ်။ ပလေယာလေးကို download လုပ်ပြီး စမ်းကြည့်လိုက်ပါဦး အပျင်းပြေတယ်.. စိတ်ပါရင် လိုက်ကလို့လဲ ရတယ် :D ပျော်ရွှင်ပါစေ။ ။


Related Posts

6 Comments so far »

  1. sittmhan said,

    Wrote on September 26, 2008 @ 12:45 am

    Thz 4 ur blog…………
    it`s make me get more knowledge……….
    nice to meet u………..
    have a nice day…………

  2. Htoo Tay Zar said,

    Wrote on September 26, 2008 @ 8:50 pm

    sittmhan @ Thanks a lot for reading my blog.. I wish you’ve a good day =) thanks a lot

  3. Ann said,

    Wrote on November 30, 2008 @ 11:27 pm

    ဘယ်လိုဒေါင်းရလည်းအကိုရေ
    ဆိုဒ်က ကိုရီးယားစာတွေကြီးဘဲဆိုတော့ နားမလည်ဘူးဖြစ်နေတယ်။ direct link လေးရှိရင် ပြောပြပါလား။

  4. Htoo Tay Zar said,

    Wrote on December 4, 2008 @ 7:26 pm

    Hello Ann @ You can download D-Player from Here Anyway, Thanks for reading my blog.

  5. saingpoe said,

    Wrote on March 15, 2009 @ 10:23 pm

    ကျေးဇူးတင်ပါတယ်ဗျာ…….အစ်ကို့ site ကိုလာတာ ဗဟုသုတတွေအများကြီးရပါတယ်ခင်ဗျ…….

  6. Htoon Htoon said,

    Wrote on July 27, 2009 @ 7:02 pm

    ကျေးဇူးတင်ပါတယ် အကို။
    အစ်ကိုရေးထားတဲ့ Post တွေကို ကျွန်တော်ဆိုဒ်မှာ ဖော်ပြချင်လို့ အစ်ကို့ဆီက ခွင့်ပြုချက် တောင်းခံတာပါခင်ဗျာ။ လက်ရှိလည် အစ်ကို့ Post တွေကိုဆိုဒ်မှာတင်ထားပါတယ်ခင်ဗျာ။ အစ်ကို့အနေနဲ့အချိန်ရခဲ့မယ်ဆိုရင် ကျွန်တော့်ဆိုဒ်လေးကို လာလေ့လာပြီး လိုအပ်တာလေးတွေကို ဝေဖန်အကြံပေးပြီး နည်းပညာလေးတွေကိုလည်း Share ပေးဖို့ မေတ္တာရပ်ခံကာ ထပ်ဆင့်အကူအညီ တောင်းခံပါတယ်ခင်ဗျာ။ ထာဝရလေးစားလျှက်ပါအစ်ကို….

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: