3 Sep, 2008
ဒီနေ့ သတင်းဆိုဒ်တွေ feed တွေ တော်တော်များများမှာ Chrome, Chrome ဆိုတာပဲ တွေ့နေရတယ်။ ဒါနဲ့ Chrome အကြောင်းကို လိုက်ရှာ ဖတ်ဖြစ်တဲ့ အထဲက စိတ်ဝင်စားစရာတွေ ပြန်ရှဲလိုက်ပါတယ်။ Google ရဲ့ Chrome browser ကို အခု download လုပ်လို့ ရနေပါပြီ.. လိုဂိုက ကြည့်ရတာ Spider Man ကားထဲက Goblin ရဲ့ ဗုံးတွေနဲ့ တူတယ်ဗျ။ Google Chrome က open source ဖြစ်တဲ့ အတွက် ကျွန်တော်ထင်တာ သူတို့ Firefox, Flock တို့လိုပဲ Gecko Engine သုံးလိမ့်မယ် ထင်ထားတာ အခုဖတ်ကြည့်တော့မှ သူတို့ သုံးတာ Apple’s Safari, Google Android တို့သုံးတဲ့ WebKit ဆိုတာ သုံးထားတယ်လို့ သိရပါတယ်။ ဒီအတိုင်းဆိုရင်တော့ ကျွန်တော် အထင် Chrome မှာ PNG transparent, opacity, alignment, rounded corner တွေလဲ Safari မှာ လိုရမယ်လို့ ထင်ပါတယ်။ Google Chrome အကြောင်းမသိသေးဘူးဆိုရင်တော့ Google Chrome Cartoon စာအုပ်ကို ဖတ်ကြည့်လို့ ရပါတယ်။ Google Chrome ကို အခုလောလောဆယ် Windows အတွက်ပဲ ရပါသေးတယ် Linux, Mac အတွက်တော့ မကြာခင် ရမယ်လို့ ပြောပါတယ်။
1. Google Chrome is built using WebKit, which also powers Apple’s Safari and Google’s Android.
2. Google Chrome is beta, and currently only available for Windows. Mac and Linux versions are being produced.
Read the rest of this entry »
2 Sep, 2008
145,186 People
ဒီနေ့ည ဘာမှလုပ်စရာမရှိပဲ အားနေတာနဲ့ ပျော်စရာလေးတွေ ရှာဖို့ အရင်သွားနေကြ Mingle ကို ပြန်သွားဖြစ်ပါတယ်။ အဲဒီမှာ widget အသစ်တစ်ခုတွေ့လို့ စမ်းလိုက်တယ်။ The Death Report တဲ့… သူက ကိုယ်မွေးတဲ့နေ့ ထည့်လိုက်ရင် ကိုယ်မွေးတဲ့နေ့မှာ ပျမ်းမျှလူသေတဲ့ အရေအတွက် နောက် နာမည်ကျော်တွေ ဘယ်သူတွေ သေလဲ.. နောက် ဘာ disasters တွေဖြစ်ခဲ့လဲ.. နောက် ကိုယ်နဲ့ မွေးနေ့တူတဲ့ နာမည်ကျော်တွေကို တခါတဲ ရှာပေးပါတယ်။ ကျွန်တော့်မွေးနေ့ ထည့်လိုက်တော့ အပေါ်က ပြထားတဲ့ အတိုင်းပဲ 145,186 နီးပါးတစ်နေ့တဲမှာ သေပါတယ်။ ကျွန်တော်နဲ့ မွေးနေ့တူတာက Red Hot Chili Peppers က ဂစ်တာသမား Hillel Slovak နဲ့ တနေ့တဲ မွေးတာတွေ့ပါတယ်။ ကျန်တဲ့ result တွေက အောက်ပါ အတိုင်းပါပဲ။ စာဖတ်သူလဲ ကိုယ်မွေးတဲ့နေ့မှာ ဘယ်သူတွေသေလဲ၊ ဘယ်လို နာမည်ကြီးတွေ မွေးလဲ သိချင်မှာပဲ ထင်တယ်…. သိချင်ရင် The Death Report မှာ သွားကြည့်နိုင်ပါတယ်။ ပျော်ရွှင်ပါစေ။ ။
Read the rest of this entry »
2 Sep, 2008
31 ရက်နေ့တုန်းက ကျွန်တော် Blog Day အတွက် ပို့စ်မတင်လိုက်ရဘူး။ အမှန်တော့ ကျွန်တော်တင်မလို့ပါပဲ ၃၁ ရက်က ကျောင်းက ပရောဂျက်က နောက်ဆုံးရက် ဖြစ်နေတာကြောင့် စာကိုပဲလုပ်နေရတယ် နောက် ကျောင်းသွားတာနဲ့ ပြန်ရောက်တော့ ဘာမှမလုပ်နိုင်တော့တာ.. flag ပြသွားတယ်။ ပရောဂျက် လုပ်နေရတာနဲ့ ညတောင် ကောင်းကောင်း မအိပ်ရတာ ၄ ရက်လောက်ရှိသွားလို့။ မနေ့က တင်မယ်လုပ်တော့မှ screenshot ဖမ်းထားတဲ့ပုံတွေ၊ ဘန်နာပုံတွေထည့်ထားတဲ့ ဖိုဒါကို virus က ၀င်ဖျက်သွားပြီး စက်ဟန်းနေတာနဲ့ မတင်လိုက်ရပြန်ဘူး။ ဒီနေ့မှ တင်ဖြစ်ပါတယ်။
Blog Day 2008 အတွက် blog 5 ခု ရွေးထားပါတယ်။ အရင်နှစ် 2007 ကလိုပဲ မြန်မာ ဘလော့ဂ်နှစ်ခု နိုင်ငံခြားက ဘလောဂ် ၃ ခုပါ။ ကျွန်တော် လွန်ခဲ့တဲ့ရက်က ပြောခဲ့သလိုပဲ ဒီနှစ်မှစ ဖတ်ဖြစ်တဲ့ blog 5 ခုပါ။ ဘယ်ဘလောခ့်တွေလဲ ဆိုတော့ ~
Read the rest of this entry »