Pranks to make on Windows

ဒီနေ့တော့ Windows စက်တွေမှာ သူငယ်ချင်းကို အကြောင်ရိုက်လို့ ရမယ့် နည်းတွေ တင်လိုက် ပါဦးမယ်။ အမှန်တော့ Windows စက်တွေမှာ အဲဒီလို ဟာသ လုပ်လို့ ရတာတွေ အများကြီးပါ။ အဲဒီထဲက ကျွန်တော် သိသလောက်ပေါ့.. ဟာသ လုပ်တာ ဆိုပေမယ့် သူငယ်ချင်း (သူတစ်ပါး) ထိခိုက်မယ့် နည်းတွေတော့ မဟုတ်ပါဘူး။ နဲနဲ လန့်ဖြန့်သွားရုံ လောက်ပါပဲ
ဟာသ လုပ်တာဆိုပြီး Key Logger သုံးတာ (ကျွန်တော် တစ်ခါကြုံဖူးပါတယ်)၊ virus တွေသွင်းတာ၊ spam လုပ်တာ၊ Gtalk က နေ မလိုအပ်ပဲ auto spam မတ်စိတွေ ပို့တာမျိုးတော့ ကျွန်တော်လဲ မကြိုက်ပါဘူး။ အခု ရေးတဲ့နည်းတွေ ကတော့ စက်ကို ထိခိုက်သွားမှာ မဟုတ်ပါဘူး။
Blue Screen Of Death (BSOD)
Blue Screen Of Death (BSOD) ကို ကျွန်တော်တို့ စက်သုံးနေရင်းနဲ့ တစ်ခါတလေ ကြုံဖူးပါလိမ့်မယ် စကရင် အပြာ တက်လာပြီး restart ကျသွားတာမျိုးပေါ့။ အဲဒီလို ဖြစ်ရင် တခါတလေ အလုပ်တွေ ဆေ့မလုပ်ရသေးရင် တော်တော် စိတ်ပျက်ဖို့ ကောင်းပါတယ်။ အဲဒါမျိုးနဲ့ သူငယ်ချင်းကို နောက်ရအောင်။ ပထမဆုံး BSOD Wallpaper ကို download လုပ်ပါ။ ပြီးရင် အဲဒီ wallpaper ကို desktop မှာ သုံးလိုက်ပြီး task bar က properties မှာ auto-hide task bar ဆိုတာလေးကို ကလစ်လုပ် ထားလိုက်ရင် အောက်က task bar မပါပဲ တကယ်ပဲ BSOD တက်နေသလိုမျိုးနဲ့ လန့်သွားအောင် နောက်လို့ ရပါတယ်။ Vista OS ဆိုရင်တော့ ဘေးက Gadgets sidebar ပေါ်မှာ right click နဲ့ close လုပ်ထားလိုက်ပါ။ Mac OS တွေ အတွက်ကတော့ Fall Aparts Wallpaper ဆိုတာရှိပါတယ်.. အဲဒါတော့ ကျွန်တော် မရှာထားပါဘူး။ ကိုယ့်ဘာသာ ရှာယူလိုက်ပါ ခင်ဗျာ။
Internet Explorer Crasher
သူငယ်ချင်းစက်မှာ သူက အမြဲ Internet သုံးတိုင်း Internet Explorer(IE) ကို သုံးလေ့ရှိတယ် ဆိုရင် သူမရှိတုန်းကို သူ့စက်က IE မှာ Tools menu က Internet options မှာ start page ကို www.crashie.com ကို ထည့်ပေးထားလိုက်ပါ။ အဲဒါဆိုရင် သူ IE စဖွင့်တာနဲ့ www.crashie.com ဆိုတဲ့ ဆိုဒ်ကို ရောက်သွားပါလိမ့်မယ်။ အဲဒီဆိုဒ်က ဘာလဲဆိုတော့ သူဆိုဒ်ကို Internet Explorer သုံးပြီး အောက်မှာ ပြထားတဲ့ပုံလို error ပြပြီး crash ဖြစ်သွားမှာပါ။ အခြား browser တွေနဲ့ ဆိုရင်တော့ ဖြစ်မှာ မဟုတ်ပါဘူး။ ဖြစ်နိုင်ရင်တော့ သူ့စက်မှာ Firefox installer ဖိုင်လေးပါ ထားပေးလိုက်ရင် အဆင်ပြေပါတယ်
Fake Internet Explorer Shortcut
ဒီနည်းကတော့ Internet Explorer Shortcut လေးကို နှိပ်လိုက်ရင် ချက်ချင်း စက်က shut down ဖြစ်သွား အောင်လုပ်နိုင်တဲ့ နည်းပါ။ အဲဒီနည်း အကြောင်းကိုတော့ Creating Shut Down Shortcut ဆိုတဲ့ ပိုစ့်မှာ ရေးထားပြီးသားပါ။ IE shortcut အပြင် အခြား shorcut တွေလဲ လုပ်လို့ ရပါတယ်။
Desktop Screenshot Background
ဒီနည်းကတော့ ရှင်းရှင်းလေးပါ သယ်ငယ်ချင်းစက်မှာ desktop ကို screenshot ဖမ်းလိုက်ပါ ပြီးရင် အဲဒီ ပုံကိုပဲ desktop wallpaper အဖြစ်နဲ့ ပြန်သုံးလိုက်ပါ။ ဒါဆိုရင် သူ စက်သုံးတဲ့ အချိန်မှာ desktop ပေါ်က icon ကို delete လုပ်ရင် ဖြစ်ဖြစ် နေရာရွှေ့ရင်ပဲဖြစ်ဖြစ် icon က နဂိုနေရာမှာ ကျနေခဲ့သလို ပေါ်မှာပါ။ ဒီနည်းကတော့ လုပ်ချင်ရင် Linux, Mac တွေမှာလဲ လုပ်လို့ ရပါတယ်။ Vista မှာလို Gadget Sidebar မှာ နာရီလိုမျိုးတွေပါရင်တော့ အဲဒီ ဆိုဒ်ဘားကို အရင် ပိတ်ပြီးမှ screenshot ဖမ်းပါ။ နောက် XP သုံးတဲ့ စက်မှာ vista screenshot ကို wallpaper သုံးလိုက်ပြီး task bar ကို auto-hide လုပ်ထားရင်ပြီးလဲ နောက်လို့ ရပါတယ်။
ပျော်ရွှင်ပါစေ။ ။

ဖန်ခါးမြေ said,
Wrote on September 22, 2008 @ 7:49 am
vps codes လေးတွေနဲ့လဲ နောက်လို့ရတယ်ဗျ
x=Msgbox(“Please replace the user then press retry!”, 5+48 ,”user error”)
ဒါမျိုးလေးရေး .vbs extension နဲ့သိမ်းပြီး Start up မှာ သွားထည့်
လိုက်တယ် တော်တော်သောက်မြင်ကပ်တဲ့ သူငယ်ချင်းဆိုရင်တော့
shutdow icon လုပ် time ကို 0 ပေး Start up မှာထည့်ပေးလိုက်ရင်
တော်တော် လန်းသွားမယ်
Like or Dislike:
0
0
mmhan said,
Wrote on September 22, 2008 @ 10:21 am
Ai yo…
Desktop က icon တွေကိုတော့ delete လုပ်မပစ်ပါနဲ့… Right-click လုပ်ပြီး Arrange Icon By > Show Desktop Icons ကို uncheck လုပ်လိုက်လို့ရပါတယ်။
Like or Dislike:
0
0
Htoo Tay Zar said,
Wrote on September 26, 2008 @ 9:01 pm
ဖန်ခါးမြေ @ ဟုတ် အကိုရေ ကျေးဇူး အဲဒီနည်း မသိသေးဘူး ခင်ဗျ မှတ်သားပြီး လက်တွေ့ စမ်းလိုက်ဦးမယ် ဟီး ဟီး
mmhan @ desktop icon က delete လုပ်မပစ်ပါဘူး ခဏ ပဲ ဖျောက်ထားမလို့ပါ..
Like or Dislike:
0
0
Rapster88 said,
Wrote on September 27, 2008 @ 4:29 pm
Muh ha ha ha..!! (evil laugh)
Like or Dislike:
0
0