twitter Grader

twitter Grader ဆိုတာ Website Grader လိုပဲ twitter တွေကို အဆင့် သတ်မှတ်ပေးတဲ့ ဆိုဒ်တစ်ခုပါ။ အဲဒီဆိုဒ်မှာ ကိုယ့်ရဲ့ twitter user name ကို ထည့်လိုက်တာနဲ့ သူက အဆင့်တွက်ပေးမှာပါ။ သူမှာ အမြင့်ဆုံး အမှတ်က 29,196 ဖြစ်ပါတယ်။ သူက ဘာကို ကြည့်တာလဲဆိုတော့ followers အရေ အတွက်၊ power of network of followers၊ နောက် updates အရေအတွက် စတာတွေကို ကြည့်ပါတယ်။ နောက်သူ့မှာ ကိုယ် updates တွေထဲက အကြိမ်ရေ များများပါတဲ့ စကားလုံးတွေကို tag cloud အနေနဲ့ လဲပြပေးပါတယ်။


ကျွန်တော် အခု စမ်းကြည့်တာတော့ 51 အဆင့်ရပါတယ်။ စာဖတ်သူလဲ twitter သုံးတယ် ဆိုရင် twitter Grader မှာ အဆင့်စမ်းကြည့်နိုင်ပါတယ်။ ဒါမှမဟုတ် Grader @ twitter ကို follow လုပ်ရင်လဲ သူက twitter မှာ direct message နဲ့ grade ကို ပြောပေး ပါလိမ့်မယ်။ ပျော်ရွှင်ပါစေ။


One Comment

  1. Twitter Grader September 24, 2008

    […] Twitter Grader tool is seems to be fun for Twitter user. It mesaures the relative power of a Twitter user. Calcualation is based on combination of the number of followers, power of followers, pace of your updates, completeness of your profile and few others. Twitter Grader tool is a part of Web site Grader, a useful tool to measure your site. Found via Htoo Tay Zar […]

Leave a Reply