Web Site Grader
WebSiteGrader ဆိုတဲ့ဆိုဒ်မှာ ကျွန်တော်တို့ ဆိုဒ်တွေ၊ ဘလောခ့်တွေရဲ့ လင့်ထည့်ပြီး grade ရယူနိုင်ပါတယ်။ သူက Google PR, Alexa, Technorati, Yahoo, Delicious, Digg စတဲ့ page ranking system တွေရဲ့ ရမှတ်ကို ကြည့်ပြီးမှ 1 ကနေ 100 အကြားအတွင်းမှာ ဆိုဒ်ကို သတ်မှတ်ပေးပါတယ်။ ကျွန်တော်တို့ ဆိုဒ်က အပေါ်ကပြောခဲ့တဲ့ အထဲက rank တွေ ကောင်းလေ၊ grade ကောင်းကောင်းရလေ ဖြစ်မှာပါ။ နောက်သူက ဆိုဒ်ရဲ့ meta data နောက် inbound link, blog link, error link, h1 tag, traffic တွေလဲ တခါတဲ စစ်ပေးပါတယ်။ ကျွန်တော် စစ်တာ အရင်က မြင့်ပါတယ် တဖြည်းဖြည်း ကျလာလိုက်တာ အခု 70 ပဲရှိတော့တယ်။ အမှားတွေ လုပ်မိသွားတာ ခင်ဗျ ပြန်ပြင်ရဦးမယ်။ ပြောရရင် ဒီ grade စစ်တာလေးက SEO tool ပါပဲ။
အရင်တုန်းက ကျွန်တော့် blogspot blog မှာတုန်းကဆို အခု အဆင့်ထပ်ပိုရမှာ ခင်ဗျ… အဲဒီတုန်းက ကျွန်တော့် ဘလောခ့်ကို Digg, del.icio.us မှာ တချို့တွေ bookmark လုပ်ထားတာရှိတယ်။ နောက် Blogtemplate, Globalvoice, Unofficial Nokia စတဲ့ top 100 ၀င်ဆိုဒ်တွေ က လင့်ချိတ်ကြတယ်။ အခုတော့ ဒီဘလော့ဂ်က ပို့စ်တွေထဲက external link ကလွဲရင် ကျန်တာ ဘာမှ ကြည့်စရာမရှိတော့ဘူး။ Pagerank လဲ အခုမှ အသစ်ကပြန်စပြီး 2 ပဲရသေးတယ်။ Alexa ကတော့ မမေးနဲ့တော့ဗျာ ၁ သန်းကျော်က ပြန်စရမှာ။ Technorati Authority က 7 ပဲရှိတော့တယ်။ အရင်တုန်းကတော့ Bloglebrity မှာ C ရခဲ့ဘူးတယ်။ အခုတော့ rank အတွက် ပြန်ကြိုးစားလိုက်ပါဦးမယ်။ ပျော်ရွှင်ပါစေ။ ။





ဖန်ခါးမြေ said,
Wrote on September 14, 2008 @ 12:37 am
Just i add websiter Grader to my site !!!
My site rank is only 73 ..:D
twitter Grader | My Burmese Blog said,
Wrote on September 19, 2008 @ 6:55 pm
[...] Grader ဆိုတာ Website Grader လိုပဲ twitter တွေကို အဆင့် သတ်မှတ်ပေးတဲ့ [...]