WordPress Vs Blogger

MBS Network မှာ ကိုမျိုးကျော်ထွန်း က WordPress Vs Blogger ဆိုပြီး စ discussion စလုပ်လို့ အဲဒီမှာ ရေးဖြစ်တာတွေကို ဒီပို့စ်မှာ ပြန်ကူး ထည့်ထားဖြစ်ပါတယ်။ WordPress Group မှာ မန်ဘာ ၄၀ လောက်ရှိပေမယ့် ကျွန်တော်ကမေး ကိုမျိုးကျော်ထွန်းက ဖြေနဲ့ နောက်ဆုံး ကျွန်တော်တို့ ၂ ယောက်ပဲရှိလို့ နောက်ပိုင်း အားမရှိလို့ ရောက်တောင် မရောက်ဖြစ်ပါဘူး။ အချစ်အကြောင်းသွား ဆွေးနွေးတာကမှ အလုပ် ဖြစ်ဦးမယ် ထင်တယ်
… အဲဒီမှာရေးဖြစ်တာတွေကို ဒီနေ့အတွက် ပို့စ်ထပ်တင်လိုက်ပါတယ်။ WordPress နဲ့ Blogger/Blogspot ခြားနားတဲ့ အချက်တွေပါ။ စာဖတ်သူလဲ စဉ်းစားမိရင် ကွန်မန့်မှာ ထပ်ရေးသွားနိုင်ပါတယ်။ ကျွန်တော် update လုပ်ပါ့မယ်။ မူရင်းပို့စ်ကို WordPress Vs Blogger မှာ ကြည့်နိုင်ပါတယ်။
1. Blogger မှာ label(Category) ပဲပါတယ် tag မရှိတဲ့ အတွက် နောက်ပိုင်းမှာ label ဖောင်းပွလာတာမျိုးဖြစ်တယ် Technorati tag ထည့်လို့ရပေမယ့် တကယ်တန်းတော့ သိပ်အသုံးမ၀င်ဘူး SEO keyword မျိုးအနေနဲ့ပဲ သုံးလို့ရတယ်… WP မှာ tag ပါတော့ tag cloud လုပ်လို့ရသလို tag ကို အခြေခံတဲ့ related posts လိုမျိုးတွေ ထည့်လို့ရတယ်…
2. Blogger မှာ Image ထည့်ရင် alt, title နဂိုက ထည့်မပေးတဲ့ အတွက် Image Search အတွက် rank မရနိုင်ဘူး.. ထည့်ချင်ရင် ကိုယ့်ဘာသာ ထည့်ရင် ရပါတယ်..
3. Blogger မှာ ကွန်မန့်ထည့်ဖို့ post page ကိုရောက်နေသည့်တိုင်အောင် add comment ကိုနှိပ်ပြီး သွားရပါသေးတယ် ပို့စ်အောက်ကနေတိုက်ရိုက်ထည့်မရပါဘူး.. အခုတော့ ပို့စ်အောက်မှာ တိုက်ရိုက်ထည့်ထားလို့ရပါပြီ (ကိုAndy Blog မှာ ဖတ်နိုင်ပါတယ်) နိုင်ငံခြားမှာ နောက်ထပ် page ကူးတာ ဘာမှမသိသာပေမယ့် မြန်မာမှာက ဘန်းထားတော့ ကျော်ဖတ်ပြီး ကွန်မန့်ရေးရတာ မလွယ်ပါဘူး. နောက် တချို့ ဘလောခ့်တွေက Blogger သုံးသူချင်းပဲ ကွန်မန့်ရေးနိုင်အောင်လုပ်ထားတာတွေလည်း ရှိပါတယ်.. ဖြစ်နိုင်ရင် Intense Debate, HaloScan လိုမျိုးသုံးသင့်ပါတယ်.. သုံးမယ်ဆိုရင် Gravatar ရပြီး WP မှာ ပြန်ထည့်ချင်လည်း လုပ်ရလွယ်တဲ့ Intense Debate ကို သုံးသင့်ပါတယ်.. နောက် top commentator widget မျိုးတွေလည်း ရှိပါတယ်..
4. Blogger မှာ Image တွေတင်ရင် resize လုပ်တဲ့ အခါ quality တော်တော်ကို ကျသွားပါတယ် တချို့ပုံတွေဆို အရမ်းသိသာပါတယ်… ပုံ သေးချင်တဲ့ အခါ ကိုယ့်ဘာသာ သေးယူရတာ များပါတယ်..
5. Blogger မှာ post ရဲ့ permalink ကို ကိုယ့်ဘာသာ စိတ်ကြိုက် သတ်မှတ်လို့ မရပါဘူး သူက ပို့စ် title က အင်္ဂလိပ်လိုရေးရင် အဲဒီအတိုင်းယူပေမယ့် မြန်မာလို ရေးရင် blog-post ဆိုပြီး နံပါတ်တွေနဲ့ ပေးပါတယ်.. ကျွန်တော် အဲဒီမှာ တစ်ခု စိတ်ဝင်စားတာက ကိုAndy ဘလောခ့်မှာတော့ မြန်မာလို title ပေမယ့် permalink မှာ အင်္ဂလိပ်လို ဖြစ်နေတာပါ.. ဘယ်လိုလုပ်လည်းဆိုတာ ကိုAndy ဖြေပေးပါ ခင်ဗျား =) တကယ်တော့ permalink က ရိုးရိုး အက်ဆေး၊ ကဗျာ ရေးတဲ့ ဘလောခ့်တွေမှာ မသိသာပေမယ့် နည်းပညာ၊ အင်္ဂလိပ်စာ အခြား အကြောင်း အရာတွေရေးတဲ့ အခါ Search Engine မှာ Rank ရ ဖို့၊ Search Engine နဲ့ ရှာတဲ့ အခါ ကိုယ့်ဘလောခ့်ကို ရောက်ဖို့ အတွက် အရေးပါတဲ့ အကြောင်း အရာတစ်ခုပါ
6. Blogger မှာ ပို့စ်ကို ခေါက်လို့ မရတဲ့ အတွက် ဘလောခ့်ကို ဖွင့်ရင် ပုံတွေ multimedia ဖိုင်တွေ ထည့်ရင် ထည့်သလောက် တက်တာ ကြာပါတယ်.. ပို့စ်ခေါက်တဲ့ peek a boo က အမြင်မှာသာ ခေါက်ပေးထားတာပါ တကယ်တန်း page ကို download လုပ်ရင် အားလုံးကို download လုပ်ရတာပါပဲ WP မှာ more ထည့်လိုက်ရင် အဲဒီအောက်က ဖိုင်တွေ စာတွေအားလုံးကို ဘလောခ့် home page ဖတ်ရင် ဒေါင်းလုဒ် မဆွဲ တဲ့ အတွက် တက်တာ ပိုမြန်ပါတယ်… Blogger မှာ အဲဒီလို WP လို ခေါက်တဲ့ နည်းရှိပါတယ်(ကျွန်တော် အရင်က blogger မှာတုန်းကထည့်ပါတယ်) ဒါပေမယ့် သူ့အားနည်းတဲ့ အချက်က ပို့စ်က တိုတိုလေးရေးလည်း အဲဒီ Read More ဆိုတာက အမြဲပါနေတဲ့ အချက်ပါ..
7. WordPress မှာ User Interface က နဲနဲ ရှုပ်ပါတယ်… Blogger လောက်မရှင်းဘူး နောက် ကိုယ့်ဖာသာ host လုပ်ရတဲ့အတွက် back up လည်းလုပ်ရပါတယ် မလုပ်ရင် ဆာဗာ တစ်ခုခုဖြစ်ရင် အကုန်ပါသွားပါလိမ့်မယ်.. hosting မှာ တင်ထားရတဲ့ အတွက် ကိုယ်က ဆက်ပြီး hosting ခမပေးတော့ရင် ဘလောခ့်လည်း ပျောက်သွားပါလိမ့်မယ်.. Blogger ကတော့ Google က host လုပ်ပေးတာ ဖြစ်လို့ ကိုယ်သေသွားသည့်တိုင်အောင် blog က (Google မမွဲမချင်း) ကျန်ခဲ့မှာ ဖြစ်ပါတယ်..
8. Blogger မှာ trackback function ပါပေမယ့် WP က trackback လို မကောင်းပါဘူး.
9. Blogger မှာ GoogleAds ကို publisher-id သိရုံနဲ့ အလွယ်တကူ ထည့်နိုင်ပေမယ့်.. WordPress.com မှာသုံးတဲ့သူတွေ အတွက်ကတော့ ထည့်လို့ မရနိုင်ပါဘူး.. self-hosted WP တွေမှာတော့ ထည့်လို့ရပါတယ်..
ကိုမျိုးကျော်ထွန်း ပြန်ဖြေထားတာတွေက ~
ညီရေးထားတာတွေ ကောင်းပါတယ်။ အဲဒိလို လုပ်ချင်ရင် ပထမဆုံး အင်္ဂလိပ်လို post title နဲ့ publish လုပ်။ publish လုပ်ပြီးတာနဲ့ edit ကို ပြန်သွား ချက်ချင်းပဲ မြန်မာလို ပြန်ရေးလိုက်ရုံပါပဲ။
အစ်ကို အရင်တုန်းက စမ်းဖူးလို့ပါ။ ကို Andy တော့ ဘယ်လို လုပ်သလဲ မသိဘူး။
၁။ Open source ဖြစ်တဲ့အတွက် ကြိုက်သလို ပြင်ယူလို့ရပါတယ်။
၂။ Core API တွေနဲ့ ပါတ်သက်တဲ့ Documentation တွေ အပြည့်အစုံထားပေးတဲ့အတွက် ပြီးတော့လဲ tutorial resource တွေ တော်တော်များများ အင်တာနက်မှာ ရှိနေတဲ့အတွက် plugin တွေ တော်တော်ကြီးကို များပါတယ်။ plugin တွေများများရှိတဲ့အတွက် Blog အသွင်ကနေ CMS ပုံစံကို ပြောင်းလို့ရပါတယ်။
၃။ Free Theme တွေကို theme developer တွေ အားတိုင်း ထုတ်နေတဲ့အတွက် ပေါပေါများများကို ရနိုင်ပါတယ်။
အပေါ်မှာ ကျွန်တော်မေးထားတာတွေကို ကိုAndy ကူညီဖြေပေးထားတာပါ…. ~
ဟုတ်ပါတယ်။ ကိုမျိုးကျော်ထွန်း ပြောသလိုပါပဲ။ နောက်တစ်ခေါက် ပြန်ဝင်ပြီး ပြင်တာပါ။ ‘a’, ‘an’, ‘the’ တွေကို အလိုလို ဖြုတ်သွားတာ သတိထားမိပါတယ်။ တကယ်လို့ အင်္ဂလိပ်လို Title မပေးမိရင် Post Body ထဲမှာ English Word တွေ ပါလားအရင်ရှာပြီး လုံးဝ မတွေ့ရင် Blog Post ဆိုပြီး Counter တက်သွားတာ တွေ့မိတယ်။


Engineer4myanmar said,
Wrote on September 4, 2008 @ 1:00 am
ညီလေး ငယ်ငယ်လေးနဲ့ အချက်အလက်တွေကို စံနစ်တကျ သတိထားတတ်၊ စုဆောင်းတတ်ပြီး သုတေသန လုပ်တတ်တာကို အကို လေးစားမိပါတယ်။ အင်မတန်အသုံးဝင်တဲ့ အချက်ကလေးတွေဖြစ်လို့ လေ့လာသွားပါတယ်။
ဘလူးဖီးနစ်
MhawSayar said,
Wrote on September 6, 2008 @ 3:43 pm
သိပ်ကောင်းတဲ့ အချက်အလက်တွေပါ။ ရှယ်ယာပေးလို့ ကျေးဇူး။
ကိုယ်လဲ WP နဲ့ ပတ်သက်လို့ ပို့စ် အသစ်တွေ တင်နိုင်အောင် ကြိုးစားပါဦးမယ်။
Bamarlay said,
Wrote on January 3, 2009 @ 10:51 pm
I started using wordpress a few months ago (actually not even 3 months). At first I have no interest in it but I got a free host with from one of my friends who is also doing a reseller (he actually didn’t resell, just use it to host his blogs and websites: it is cheaper!). So I register a domain name and started playing around. I decided to try wordpress instead of blogger. Within a few days, I really fell in love with wordpress. There are a lot of space to play around as well as tons of free professional quality templates and useful widgets, which blogger lacks. In my opinion, both blogger and wordpress are useful: blogger for the new comers and wordpress for seasoned bloggers and professional bloggers. If you are seriously into blogging, you should consider wordpress. If you are just blogging for pleasure, blogger is enough for most occasions.
I started wordpress with Bamarlay – Myanmar Man’s Diary. Last month, I and my friends decided to launch a new blog about Myanmar using wordpress. The new blog is at Today in Myanmar. For the first one, I use IMWW theme while for the Today in Myanmar, I use Amazing Grace. I really love the wordpress themes compared to blogger, where it is difficult to find a really nice theme. Also in blogger, when you install a third party theme, all your widgets disappear. I lost my widgets once when I install a new template.
User interface in wordpress is more complicated than blogger, but it is more functional. Once you are accustomed to it, you love it. Wordpress now has a very nice track back function. The program will automatically ping those blogs in your article as well as those mentioned in the track back field.
For google adsense, you can either use text widget to add google ad-sense codes, or you can use a plug in (only available in own hosted sites). There are a number of plug ins that will handle it. I use “All in One Adsense and YNP” which handles the ads nicely. You can also add the ads in between the post contents.