hit counter

Archive for October, 2008

Adobe AIR

Adobe AIR ဆိုတာ Adobe systems ကနေ ထုတ်လိုက်တဲ့ Rich Internet Applications အထူးသဖြင့် Desktop Internet Applications တွေ ထုတ်ဖို့ ရည်ရွယ်ထားတဲ့ Cross-Platform Runtime Environment တစ်ခုပါ။ သူက Adobe Flash, Flex, HTML, Ajax, XML တို့ကို အဓိက အသုံးပြုပါတယ်။ AIR ကို ပထမတုန်းက Apollo လို့ ခေါ်ခဲ့ပါတယ်။ နောက်တော့ Adobe Integrated Runtime (AIR) လို့ ပြောင်း ခေါ်ခဲ့တာပါ။ ၂၀၀၇ ခုနှစ်က စခဲ့တာဖြစ်ပြီး နောက်ဆုံး ထုတ်ထားတာက 1.1 (1.1.0.5790) ဖြစ်ပါတယ်။ Linux အတွက် alpha version ကို March 31, 2008 မှာ ထုတ်ပေးထားပါတယ်။

Read the rest of this entry »

Disasters Around The World

ကာတွန်းပုံလေး တစ်ပုံတွေ့လို့ ပြန်တင်လိုက်တာပါ.. နာမည်က Disasters Around The World တဲ့.. သူပြောချင်တာက Bush ကိုထင်တယ် =P

Using Numpad to Control Mouse Pointer

Laptop တွေ သုံးတဲ့ အခါမှာ touch-pad (track-pad) ကိုလဲ မသုံးချင်၊ mouse လဲ မဆောင်ထားချင်ဘူး ဆိုရင် Keyboard က Numpad ကို သုံးပြီး mouse pointer ကို control လုပ်လို့ ရပါတယ်။ ဒီနည်းက Keyboard မှာ Numpad တွဲပါမှသုံးလို့ အဆင်ပြေမှာပါ မပါတဲ့ laptop တွေ အတွက်တော့ ချွင်းချက်ပေါ့။ ပြီးတော့ Windows မှာပဲ လုပ်လို့ရတာပါ။

Read the rest of this entry »

Apple New MacBooks, Pro & Air

Apple က ဒီလ (October) 14 ရက်နေ့က သူ့ရဲ့ notebook series အသစ် အဖြစ် 13-inch new MacBook, 15-inch new MacBook Pro တို့ကို စတင် ရောင်းချပါတယ်။ ဒီ New MacBook ၂ မျိုးဟာ မထွက်ခင် ၂ လလောက်ကတဲက သတင်းဆိုဒ်တွေ၊ ဘလော့ဂ်တွေ ပေါ်မှာ screen shot တွေ စကြည့်လို့ရခဲ့ ပြီး ၁၂ ရက်နေ့ လောက်မှာ အဲဒီ သတင်းတွေ အတွက် Apple က မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ပြီး ၁၄ ရက်နေ့မှာ စပြီး Official Site မှာ စရောင်းတာ ဖြစ်ပါတယ်။

Read the rest of this entry »

Asus Eee PC S101

Asus ရဲ့ Eee PC S101 ကို Asustek က ဒီနှစ် (2008) နိုင်ဝင်ဘာ ၁ ရက်မှာ စဖြန့်တော့မှာ ဖြစ်ပါတယ်။ ဒီ S101 ဟာ အရင် Eee PC 904, 905 တို့လို မဟုတ်ပဲ High-End အနေနဲ့ ဖြန်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကလဲ အရင် Eee PC တွေ ထက် ဈေးပိုမြင့်မှာပါ။ ဈေးနှုန်းက $699 နဲ့ ရောင်းမှာ ဖြစ်ပါတယ်။

Read the rest of this entry »

Batman ~ The Dark Knight

Batman : The Dark Knight ရုပ်ရှင်ကားကို July 18, 2008 မှာ အမေရိကန်က ရုပ်ရှင်ရုံတွေမှ စတင်ပြသပါတယ်။ ဒီကားကို ကျွန်တော်ကြည့်ဖူးတာက ဒီလ အစောပိုင်း စာမေးပွဲ မဖြေခင်က စာမလုပ်ပဲ ကြည့်ဖြစ်ခဲ့ပါတယ်။ အရင်တုန်းက Batman ကားတွေလို မဟုတ်ပဲ action ကားပို ဆန်ပါတယ်။ ဇာတ်ကားက Gotham City မှာ ဘဏ်ဓားပြတိုက်တဲ့ ကြောင်တောင်တောင်၊ psycho jocker နဲ့ Batman နဲ့ ရင်ဆိုင်ကြတာပါ။ ဇာတ်ကားထဲမှာ jocker က ပိုက်ဆံအတွက် မဟုတ်ဘဲ လူသတ်ဖို့သာ စိတ်ဝင်စားတဲ့ စိတ္တဇ ဇာတ်ကောင် ဖြစ်ပါတယ်။ ဇာတ်အိမ်ကောင်းသလို သရုပ်ဆောင်တွေ တော်ကြတဲ့ အတွက် ဇာတ်ကားက ၂ နာရီခွဲ နီးပါးလောက် ကြာသည့်တိုင်အောင် သဲထိတ်ရင်ဖို ကြည့်ရမှာပါ။

Read the rest of this entry »

ရိုးရာဆင်လှူပွဲတော်

ဒီနေ့တော့ ဘာတင်ရမလဲ စဉ်းစားရင်း ကျွန်တော် ငယ်ငယ်က နေခဲ့တဲ့ မြို့လေးက ပွဲတော်တစ်ခု အကြောင်းရေးဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော် နေခဲ့မြို့လေးက မြန်မာနိုင်ငံ အလယ်ပိုင်းက မန္တလေးတိုင်းမှာ ရှိပြီး သူ့ရဲ့ ထွက်ကုန်တွေဖြစ်တဲ့ နေကြာ၊ စပါး၊ သရက်၊ ငရုတ်၊ မြေပဲ၊ ပြောင်း တို့ကြောင့် နာမည်ကြားဖူးရင်လဲ သိနိုင်ပါလိမ့်မယ်။ ရှမ်းရိုးမတောင်ခြေမှာ ရှိပြီး သူရဲ့ ရိုးရာ ဆင် လှူပွဲတော် ကြောင့် နာမည်ကြီးပါတယ်။ မြို့နာမည်က ကျောက်ဆည် လို့ ခေါ်ပါတယ်။

ဆင်လှူပွဲတော်ကို တစ်နှစ်တစ်ခါ သီတင်းကျွတ်လမှာ ကျင်းပလေ့ရှိပါတယ်။ ဒီပွဲတော်ဟာ အနော်ရထာမင်း လက်ထက်ကနေစတင် ကျင်းပခဲ့တာ အခုဆိုရင် နှစ်ရာကျော်ခဲ့ပါပြီ။ ဆင်ပွဲတော်ရဲ့ သမိုင်းကတော့ အနော်ရထာမင်းကြီးဟာ သက္ကရာဇ် ၃၇၉ ခုနှစ်မှာ သီဟိုဋ် ဘုရင် ဓာတုသေန မင်းထံကနေ ပင့်ဆောင်ရရှိတော်မူခဲ့တဲ့ ဂေါတမ မြတ်စွာဘုရား၏ လက်ဝဲ အောက်စွယ်တော် နှင့် စွယ်တော်ပွားများကို ဆင်မယဉ်သာ ဆင်ဖြူတော်ပေါ်ကို တင်လှူ အဓိဋာန်ပြုပြီး လွှတ်တော်မူခဲ့ပါတယ်။

Read the rest of this entry »

Blog Action Day 2008 ~ Poverty

ဒီနေ့ အောက်တိုဘာလ ၁၅ (Octber 15) ရက်နေ့ဟာ နိုင်ငံတကာ Blog Action Day နေ့ ဖြစ်ပါတယ်။ ဒီနေ့မှာ ကမ္ဘာတ၀န်းက ဘလော့ဂ်တွေမှာ ဒီနှစ် အတွက် ခေါင်းစဉ်ဖြစ်တဲ့ Poverty အကြောင်းကို အားလုံးက ဒီနေ့ တစ်ရက်တဲမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ကျွန်တော့် ဘလော့ဂ်ကလဲ ဒီနှစ်အတွက် Blog Action Day ရဲ့ တစိတ်တပိုင်း အဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။

Read the rest of this entry »

သီတင်းကျွတ် လပြည့်နေ့

မနေ့က သီတင်းကျွတ်လပြည့်နေ့ 14 ရက်နေ့မှာ အဘိုးအဘွား၊ ဆွေးမျိုးတွေ လိုက်ကန်တော့ဖြစ်တယ်။ မုန်ဖိုးတွေရတယ်။ နောက် ဘုရားသွားတယ်။ မနေ့က အမေ့မွေးနေ့ လေ အိမ်မှာ ပဲ ထောပတ်ထမင်း လုပ်စားကြပါတယ်။ မနေ့က လူတွေတော်တော်များများ ကြည့်လိုက်ရင် လက်ထဲမှာ ကန်တော့စရာ ပစ္စည်းတွေနဲ့ လမ်းပေါ်မှာ၊ ကားတွေပေါ်မှာ တွေ့ရတယ်။ တချို့ လိုင်းကားတွေ ၂၀၅၊ ၃၅ စတဲ့ လိုင်းတွေက ကားခ အခမဲ့နဲ့ လပြည့်နေ့မှာ ကုသိုလ် လုပ်ကြပါတယ်။

Read the rest of this entry »

Melamine Tainted Product Lists

သတင်းကျွတ် လပြည့်နေ့က အဘိုး၊ အဘွား၊ ဆွေမျိုးတွေကို လိုက်ကန်တော့ရင်း စကားစပ်မိတဲ့ မယ်လမင်း (melamine) ပါတဲ့ ထုတ်ကုန်တွေ အကြောင်းကို ပြောဖြစ်ကြပါတယ်။ ကျွန်တော်တို့ ဆီမှာလဲ နို့မှုန့်ကို ကလေး အဟာအဖြစ်၊ စားသောက်ကုန်တွေ၊ ရေခဲမုန့် စတာတွေမှာ ကုန်ကြမ်းအဖြစ် တွင်တွင် ကျယ်ကျယ် သုံးပါတယ်။ ကျွန်တော်တို့ အမျိုးထဲက ၅ နှစ် အရွယ် ကလေးတစ်ယောက်က အမြဲ သွေးတိုးတိုးနေတာ အခု လပိုင်း မယ်လမင်း ကိစ္စဖြစ်တော့မှ အဲဒီ ကလေးကို ငယ်ငယ်က နှို့မှုန့်တိုက်ခဲ့တဲ့ ပြသနာကို သတိထားမိကြပါတယ်။ ပုံမှန် ကလေး တစ်ယောက်က ၅ နှစ်နဲ့ သွေးတိုးစရာ အကြောင်းတော့ မရှိပါဘူး။ ကျောက်ကပ် မှာ ပြသနာ ရှိနေလို့ သာ ဒီလိုဖြစ်တယ်လို့ ယူဆကြပါတယ်။ နောက်ဒီ မယ်လမင်းက တရုတ်မှာ ကလေးထောင်ချီပြီး ဆေးရုံရောက်နေတယ်ဆိုတာ ပြီးခဲ့တဲ့လကတည်းက သတင်းတွေမှာ ဖတ်ခဲ့ရပါတယ်။

Read the rest of this entry »