hit counter

Apple New MacBooks, Pro & Air

Apple က ဒီလ (October) 14 ရက်နေ့က သူ့ရဲ့ notebook series အသစ် အဖြစ် 13-inch new MacBook, 15-inch new MacBook Pro တို့ကို စတင် ရောင်းချပါတယ်။ ဒီ New MacBook ၂ မျိုးဟာ မထွက်ခင် ၂ လလောက်ကတဲက သတင်းဆိုဒ်တွေ၊ ဘလော့ဂ်တွေ ပေါ်မှာ screen shot တွေ စကြည့်လို့ရခဲ့ ပြီး ၁၂ ရက်နေ့ လောက်မှာ အဲဒီ သတင်းတွေ အတွက် Apple က မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ပြီး ၁၄ ရက်နေ့မှာ စပြီး Official Site မှာ စရောင်းတာ ဖြစ်ပါတယ်။



Apple notebook တွေထဲမှာ အရောင်းရဆုံးဖြစ်တဲ့ 13-inch new MacBook မှာ Intel Core 2 Duo 2.0 GHz, 2GB RAM, 160 GB HardDisk, NIVIDIA Geforce 9600 graphic, illuminated keyboard, DVD 8X RW Double Layer Burning Drive, Kensington lock slot, webcam, Wi-Fi 802.11n, Remote Controll Sensor, Glossy 13.3-inch LED-backlit widescreen display (1280 x 800 ) နဲ့ Multi-Touch glass trackpad တို့ ပါဝင်ပါတယ်။ ကိုယ်ထည်ကိုတော့ aluminum နဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး လက်ရှိ silver color နဲ့ ရောင်းနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်က အနက်ရောင် New MacBook ကို ဘလော့ဂ်တစ်ခုမှာ တင်ထားတာ တွေ့လိုက်ပါသေးတယ်။ အနက်ရောင်ကတော့ တရားဝင် အခုထိ မထုတ်ထားသေးပါဘူး။ 13-inch new MacBook က ဈေးနှုန်း 1,299 $ က စတာဖြစ်ပြီး 1.299 $ ဆိုရင်တော့ ကျွန်တော် အပေါ်က ပြောထားတဲ့ spec နဲ့ ရမှာပါ။ စင်္ကာပူ ဒေါ်လာနဲ့ဆိုရင်တော့ 2,100 $ ခန့်ကျသင့်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းက ကိုယ်ထပ်တိုးချင်တဲ့ hardware ပေါ်မူတည်ပြီး ထပ်တိုးသွားမှာ ဖြစ်ပါတယ်။


အခုထွက်ထားတဲ့ New MacBook တွေမှာ OS အနေနဲ့ Mac OS X 10.5 ပါဝင်မှာ ဖြစ်ပါတယ်။ သူ့မှာ Boot Camp နည်းပညာ ပါဝင်တဲ့ အတွက် OS X သာမကပဲ Windows XP, Windows Vista 32-bit ကို အလိုလျောက် မူရင်း data တွေကို မထိခိုက်ပဲ partition ပိုင်းပြီး တင်ပေးမှာပါ။ Windows အပြင် Linux တွေဖြစ်တဲ့ Red Hat, Ubuntu, Fedora, OpenSuse တို့ကိုလဲ တင်နိုင်ပါတယ်။ အခြား OS တွေ ပြောင်းတင်တဲ့ အတွက် driver တွေကိုလဲ အင်တာနက်မှာ ခက်ခက်ခဲခဲ ရှာဖွေ စရာမလိုပဲ မူရင်းပါဝင်တဲ့ CD driver ခွေကနေ အလွယ်တကူ သွင်းယူနိုင်မှာပါ။ ဒီလို အခြား OS တွေတင်တာက အရင် Mac တွေမှာလို Virtual နည်းပညာ (VM Ware) မျိုးတွေပုံစံနဲ့ တင်တာ မဟုတ်တဲ့ အတွက် native speed နဲ့ run မှာ ဖြစ်လို့ ပုံမှန် PC notebook တွေမှာ run သလို ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုနိုင်မှာပါ။

New MacBook တွေမှာ Graphic အနေနဲ့ PCI Express 2.0 နဲ့ DDR3 သုံးထားတဲ့ NIVIDIA Geforce 9400M chip တွေသုံးထားတာ ဖြစ်လို့ ဂိမ်းအနေနဲ့ ပေါ့ပေါ့ပါးပါးဆော့နိုင်ပါတယ်။ လက်ရှိ ဂ၇ပ်ဖစ် အရမ်းကောင်းပါတယ် ဆိုတဲ့ Gears Of War, Assisn Creed, Crisys တို့လို ဂိမ်းမျိုးတောင် NIVIDIA 8800 နဲ့ ပေါ့ပေါ့ပါးပါးဆော့လို့ ရတာဖြစ်လို့ 9400 chip အတွက်ကတော့ ပြောစရာလိုမှာ မဟုတ်ပါဘူး။ NIVDIA Geforce 9400M ကို 13-inch new MacBook, 15-inch new MacBook Pro, Macbook Air တို့မှာ အတူတူ သုံးထားတာဖြစ်ပါတယ်။ အခု အသစ်ထပ်ထွက်လာမည့် 17-inch New MacBook Pro မှာလဲ 9400M ကိုပဲ သုံးမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ လလောက်က Apple က NIVIDIA chip တွေ မသုံးတော့ဘူးလို့ ကောလဟာလတွေ ထွက်ခဲ့တာ ၁၄ ရက်နေ့က New MacBook စီးရီးထွက်တော့မှ ရပ်သွားခဲ့တာပါ။

အခုထွက်ထားတဲ့ Apple Notebook အသစ်တွေမှာ Illuminated Keyboard သုံးထားတဲ့ အတွက် အမှောင်ထဲမှာ သုံးရင်လဲ ကီးဘုတ်ကို ထင်ရှားစွာ မြင်ရမှာပါ။ 13-inch 2.0GHz MacBook မှာ တော့ illuminated keyboard မပါပါဘူး။ Multi-Touch track pad သုံးထားတာဖြစ်လို့ ဖန်သားပြင်လို ချောမွေ့တဲ့ မျက်နှာပြင် အပြင် button တစ်ခုမှ မပါဝင်ဘဲ click လုပ်ဖို့ အတွက် လက်ချောင်းတစ်ချက်သာ မျက်နှာပြင်မှာ နှိပ်ဖို့ လိုပါတယ်။ အခု TrackPad (TouchPad) ဟာ iPhone မျက်နှာပြင်လိုပဲ scroll လုပ်ဖို့ လက်နဲ့ အောက်ကိုဆွဲချရုံနဲ့ ရသလို၊ ဓာတ်ပုံတွေ ကို rotate လုပ်ဖို့ လက်တစ်ချက်ထောက်ပြီး လှည့်လိုက်ရုံပါပဲ.. ဓာတ်ပုံ၊ application windows တွေကို လက်နှစ်ချောင်းသုံးပြီး iPhone မှာလိုပဲ Zoom in, Zoon Out လုပ်လို့ ရနိုင်ပါတယ်။ Application Switch လုပ်ဖို့အတွက် လွယ်ကူစွာပဲ လက် ၂ ချောင်ကို တစ်ဖက်စီ ကလစ်လုပ်ရုံနဲ့ Windows Vista မှာ alt + tab နှိပ်သလို ပြောင်းယူနိုင်ပါတယ်။ left click, right click အတွက် လက် ၂ ချောင်းတင်ထားပြီး track pad ပေါ် တစ်ချက်စီ ထောက်ရုံနဲ့ အလုပ်လုပ်မှာပါ။

Apple ရဲ့ အခုလက်ရှိ နောက်ဆုံး OS က Mac OS X 10.5 Leopard ဖြစ်ပါတယ်။ အခု လက်ရှိ 10.5 မှာ Blu-Ray drive ကို support မလုပ်နိုင်သေးပါဘူး။ Mac OS X 10.5.6 ထွက်မှ စပြီး support လုပ်မှာ ဖြစ်ပါတယ်။ နောက်ထွက်မယ့် OS X 10.6 Snow Leopard ကိုတော့ 2009 မှာ စဖြန့်မှာပါ။ 10.6 ထွက်လာရင်တော့ modern hardware တွေအတွက် Open Computing Language (OpenCL) ကိုလဲ support လုပ်မှာ ဖြစ်ပါတယ်။


အခု ထွက်ထားတဲ့ New MacBooks တွေမှာ software အနေနဲ့ browser အတွက် Safari, QuickTime, Mail, Address Book, iCal, Time Machine, iChat, Boot Camp (not include Windows, Linux CDs), iLife, iPhoto, iMovie, GarageBand (Audio Editing Software) တို့ ပါဝင်ပါတယ်။ အခြား Apple ရဲ့ နာမည်ကြီးဆော့ဝဲတွေဖြစ်တဲ့ iWork, Bento, Microsoft Office, Aperture 2 (Photo editing software), Final Cut Express 4 (video editing software), Logic Express 8 (Advanced Audio editing software) တို့ပါ လိုချင်ရင်တော့ ၀ယ်ယူရမှာ ဖြစ်ပါတယ်။

ဈေးနှုန်းတွေ အနေနဲ့က အခု အသစ် ထွက်ထားတဲ့ Apple ရဲ့ 13-inch new MacBook က အနိမ့်ဆုံး 1,299 $ (2,088 S$) က စတာဖြစ်ပြီး ကိုယ်ထပ်တိုးတဲ့ hardware ပေါ်မူတည်ပြီး ဈေးနှုန်းတိုးသွားမှာပါ။ 15-inch new MacBook Pro က 1999 $ (3,188 S$) က စတာဖြစ်ပါတယ်။ Macbook Air က 1799 $ (2,888 S$) က စတာဖြစ်ပြီး သူ့မှာတော့ Optical-Drive ပါဝင်မှာ မဟုတ်ပါဘူး။ USB Optical Drive အတွက် ထပ်ပြီး ၀ယ်ယူရမှာပါ။ သူတို့ရဲ့ ခြားနားချက်တွေကိုတော့ Apple Full Comparison Chart မှာ အသေးစိတ် ကြည့်နိုင်ပါတယ်။ အရင် မော်ဒယ် အဟောင်းဖြစ်တဲ့ MacBook white က 999$ (1,588 S$) ဖြစ်ပါတယ်။ အခု အသစ်ထက်ထွက်လာဦးမယ့် 17-inch New MacBook Pro ကတော့ ဈေးနှုန်း မသိရသေးပါဘူး။ HardWare အဆင့်မြင့်တာကို လိုက်ပြီး ကုန်ကျမယ့် တန်ဖိုးကို Configure Page မှာ တွက်ကြည့်နိုင်ပါတယ်။

Apple NoteBook အားလုံးက ပုံမှန် hardware, services warranty 1 year ရရှိမှာပါ။ Apple Care Protection Plan လုပ်ထားမယ်ဆိုရင်တော့ 3 years warranty နှင့် 24/7 online, phone call support, Global coverage for Mac – both parts and labor တို့ကိုပါ ရနိုင်မှာပါ။ အဲဒီအတွက် 300$ အပိုဆောင်းပေးရပါလိမ့်မယ်။ Mobile Me Membership ၀င်ချင်တယ်ဆိုရင်တော့ 1 year subscription အတွက် $40 ကျသင့်မှာ ဖြစ်ပါတယ်။ New MacBook, Macbook Air တို့အတွက် Remote Controll ကိုလဲ ၀ယ်ယူနိုင်ပါတယ်။ နောက် New Technology Mini Display Port, HardDrive upgrade, RAM upgrade, MagSafe Airline Adapter တို့ကိုလဲ ထပ်ပြီး ၀ယ်ယူနိုင်ပါတယ်။

Apple ဟာ အခု New MacBook ကိုထုတ်ထားပေမယ့် ထွက်တာ မကြာသေးတဲ့ (around 1 year) Macbook Air ကိုတော့ အသစ်ထုတ်ဦးမှာ မဟုတ်ပါဘူး။ 17-inch New MacBook Pro ကိုတော့ ဒီနှစ် Christmas မတိုင်ခင်ထွက်မယ်လို့ ထင်မိပါတယ်။ ပြည်တွင်းမှာတော့ Mac က လူသုံး မရှိသလောက်နဲပြီး ရောင်းတဲ့ဆိုင်ကတော့ ရှိကို မရှိပါဘူး။ MacBook white ကိုတော့ Blu Ray Showroom မှာ တစ်ခါ ကြော်ငြာတာပဲ တွေ့ဖူးပါတယ်။ Apple ထုတ်ကုန်တွေက အရင်က PC notebook (HP, Dell, Compaq, Vaio) တို့နဲ့ hardware ပိုင်းတူရင်တောင် သူက ဈေးပိုကြီးနေခဲ့ရာကနေ 14 ရက်နေ့က New MacBook တွေထွက်လာတဲ့ ဈေးနှုန်းကြည့်လိုက်တော့မှ အံသြသွားမိပါတယ်။ $ 1,300 တန် 13-inch new MacBook မှာ ပါတဲ့ hardware specification ဟာ $ 1,500 ၀န်းကျင်လောက်ရှိတဲ့ PC notebook တွေရဲ့ hardware တွေထက်တောင် မြင့်နေသေးတဲ့ အပြင် သူ့မှာ အခု Windows Vista, Linux တွေကို အလွယ်တကူ တင်နိုင်တဲ့ technology လဲပါဝင်လာတဲ့ အတွက် OS အစုံသုံးနိုင်တယ်၊ ဂိမ်းမျိုးစုံ၊ software မျိုးစုံသုံးနိုင်တယ် စတဲ့ အချက်တွေ အတွက် လောလောဆယ်တော့ MacBook series အသစ်တွေကို အတော် စိတ်ဝင်စား နေမိပါတယ်။ ။

Updated : အခု နောက်ရတဲ့ သတင်းအရ 17-inch MacBook Pro ကို $ 2,799.00 နဲ့ ရောင်းမယ်၊ နောက်နှစ်မှ ထွက်မယ်လို့ လဲ ဖတ်ရပါတယ်။

Apple New MacBook


At-a-glance specs:
13.3-inch LED-backlit display
2.0GHz or 2.4GHz Intel Core 2 Duo processor
4.5 pounds; 0.95 inch thin
NVIDIA GeForce 9400M integrated graphics

Apple New MacBook Pro


15.4-inch LED-backlit display
2.4GHz, 2.53GHz, or 2.8GHz Intel Core 2 Duo processor
5.5 pounds; 0.95 inch thin
NVIDIA GeForce 9600M GT discrete graphics
NVIDIA GeForce 9400M integrated graphics
FireWire 800 port
ExpressCard/34 slot

Apple MacBook Air


13.3-inch LED-backlit display
1.6GHz or 1.86GHz Intel Core 2 Duo processor
3.0 pounds; 0.16–0.76 inch thin
NVIDIA GeForce 9400M integrated graphics

Related Articles From Myanmar Sites

Apple New MacBook & MacBook Pro on Nay Nay Naing’s Blog

Apple New MacBooks on Than Lwin dot com

Official Apple Sites


Apple Store
Apple | Singapore
PC to MAC Questions


Related Posts

14 Comments so far »

  1. NL said,

    Wrote on October 25, 2008 @ 12:13 pm

    New Mac တွေအကြောင်းကတော့ အတော်လေးကိုပြောနေကြတယ်။ ကျွန်တော်လည်း Mac Crazy တစ်ဦးပါပဲ။ New Mac တွေကို အရင်ကထက် Window သမားတွေတောင် စိတ်ဝင်စားလာကြတာတွေ့ရတယ်။ Mac တစ်ခေတ်
    ဖြစ်လာအုံးမယ်ထင်ရတယ်။ နောက်နှစ် OS X 10.6 SL ထွက်လာပြီးရင်တော့ Mac တစ်လုံးရအောင် ၀ယ်ဖို့ဆုံးဖြတ်ထားတယ်။ Web , Design တွေကိုစိတ်ဝင်စားရင် Mac နဲ့လက်တွဲလိုက်တာက အနာဂတ်မှာ ပိုထိရောက်မယ်လို့ ယုံကြည်တယ်ဗျာ။

  2. Htoo Tay Zar said,

    Wrote on October 25, 2008 @ 10:04 pm

    ကျွန်တော်လည်း Mac ကို တော့စိတ်ဝင်စားတယ် ဆော့ဝဲ ၀ယ်ဖို့ကြတော့ pirate မရှိတာ ခက်တယ်ဗျာ.. အမှန်ကြတော့ ၀ယ်သုံးဖို့ မလွယ်ဘူးလေ.. သုံးမယ်ဆိုတောင် ဒီမှာ ရောင်းတဲ့ ဆိုင်မရှိဘူး.. အမှန်တော့ web design ဂုရုတွေ tutorial တွေမှာ mac ပဲတွေ့နေရလို့ ပိုးဝင်သွားတာ =P

  3. MhawSayar said,

    Wrote on October 28, 2008 @ 7:44 am

    အမှန်တော့ ပန်းသီးက ဒီ ၁၃ လက်မ မက်ခ်ဘွခ် အသစ်နဲ့ အတူ တစ်ခြား OS တွေကို အလွန့်အလွန်ကို အလွယ်တစ်ကူ ထည့်သုံးလို့ရအောင် လုပ်ထားတာရယ်၊ နောက် ပရိုနှင့် ရိုးရိုး ကို အရင်ဗားရှင်းလောက် ကွာဟချက်တွေ မရှိအောင် လုပ်လိုက်ပြီး ကျန်တဲ့ တစ်ခြား Brand Notebook တွေနဲ့ ကျတော့ မယှဉ်နိုင်အောင် Hardware တွေကို အလန်တွေ ထည့်ထား ပေးလိုက်တာတွေရယ်နဲ့ ယူဇာတွေကို ဆွဲဆောင်ပြီး Notebook ဈေးကွက်ကို လက်ဝါးကြီးအုပ်ဖို့ စ ကြိုးစားလိုက်တာ လို့ပဲ ကိုယ်တော့မြင်တယ်။ တစ်ခြား Brand တွေကတော့ ပန်းသီးကို မှီအောင် လိုက်ထုတ်ကြပေဦးတော့ပေါ့။ Corporation ကြီးတွေ အချင်းချင်း ယှဉ် ဖိုက်ကြရင်း ဈေးတွေလည်း ကျလာမယ် ဆိုရင်တော့ ယူဇာတွေ အတွက် မဆိုးဘူးလို့ ပြောနိုင်တာပေါ့။

    တစ်ချက်ပဲ ပြောစရာရှိတာက ပန်းသီးက အတော်တော့ တစ်ကိုယ်ကောင်း ဆန်တယ်၊ ဒါမမဟုတ် အရင်းရှင်ဆန်တယ် လို့ပြောရမလားပဲ။ သူများ OS တွေကျတော့ သူ့ MacBook တွေမှာ အလွယ်တစ်ကူ ထည့်သုံးလို့ရအောင် လုပ်ထားပေးတယ်။ သူ့ OS ဖြစ်တဲ့ Mac နဲ့တစ်ကွ သူ့ဆော့ဖ်ဝဲရ် အားလုံးကိုတော့ Apple Hardware ကလွဲလို့ လုံးဝ သုံးခွင့်မရှိအောင် လုပ်ထားတယ်။ (သုံးချင်လို့ Pirate Version ကို Install လုပ်မယ် ဆိုရင်တောင် အတော့်ကို Risk ကြီးကြီးနဲ့ အကျပ်အတည်း တော်တော်များများတွေ့ ပြီးမှ အနည်းငယ်လေး သုံးခွင့်ရှိအောင် လုပ်ရတယ်ဗျို့) ပြောရရင်တော့ အတော့်ကို တရားမျှတ တဲ့ Apple ပါပဲ။ (ကိုယ့် တစ်ဦးတည်း အမြင်သက်သက်ပါ)

    အကယ်၍ Steve Job သာ Apple ရဲ့ CEO နေရာကနေ အနားယူသွားမယ်၊ ဒါမမဟုတ် Apple ရဲ့ မူဝါဒဆိုင်ရာတွေ ပြောင်းလဲသွားပြီး Apple ရဲ့ ဆော့ဖ်ဝဲရ် တွေသာ PC ဈေးကွက်ကို ရောက်လာခဲ့မယ် ဆိုရင် ဘာတွေ ဆက်ဖြစ်လာမယ် ဆိုတာကို စောင့်ကြည့်ချင်မိတယ် ညီရေ။ :)

    လောလောဆယ်တော့ စီးပွားပျက်ကပ်နဲ့ မက်ခ်ဘွက်ခ် အသစ် တွေ့နေကြလေရဲ့..

    (ဆောင်းပါး အရှည်ကြီးအတွက် ကျေးဇူးပါ ညီယ.. ပန်းသီးအကြောင်း ရေးတဲ့သူ တွေ့မိသလောက် သိပ်မရှိသေးဘူး. ဘလော့ဂ်ထဲမှာရော၊ အပြင် မီဒီယာတွေမှာပ.ါ)

  4. Htoo Tay Zar said,

    Wrote on November 3, 2008 @ 8:00 pm

    MhawSayar @ ကျွန်တော်တော့ အခုလောလောဆယ် ပန်းသီးဆိပ်မိနေတယ် အကိုရေ.. ဒီဇင်ဘာမှာ discount ရရင်တော့ macbook လေးဝယ်မလားလို့

  5. My First MacBook | My Burmese Blog said,

    Wrote on December 28, 2008 @ 9:54 pm

    [...] အရင် ကျွန်တော်ရေးခဲ့တဲ့ 13-inch new MacBook ပါ။ Oct 14 ရက်နေ့က Apple က စဖြန့်ပါတယ်။ အခု [...]

  6. Apple New MacBook Pro | My Burmese Blog said,

    Wrote on January 10, 2009 @ 8:48 pm

    [...] မှာ ထွက်ပါပြီ.. ဒါက october မှာ ထွက်ခဲ့တဲ့ New MacBook တွေထက် ၃ လလောက် နောက်ကျပြီးမှ [...]

  7. MacBook Air Style Netbooks from MSI & Asus | My Burmese Blog said,

    Wrote on March 4, 2009 @ 2:57 pm

    [...] MSI, Asus တို့ ကနေ netbook တွေကို Apple ရဲ့ MacBook Air style နဲ့ ထုတ်လိုက်ပြန်ပါပြီ။ MSI နဲ့ Asus က [...]

  8. Apple Touch Screen Netbook Prototypes Hit The Web | My Burmese Blog said,

    Wrote on March 12, 2009 @ 6:48 pm

    [...] အများဆုံးပါ။ သူ့ရဲ့ IO တွေက Unibody Macbook Gen တွေနဲ့ ဒီဇိုင်းလဲ တူပါတယ်။ [...]

  9. Dell Adamo ~ World Thinnest PC Laptop | My Burmese Blog said,

    Wrote on March 20, 2009 @ 11:11 pm

    [...] သူ့ရဲ့ အထူက 0.65 inch ရှိပြီး Apple ရဲ့ MacBook Air က 0.76 ရှိတာမို့ Dell က မသိမသာ [...]

  10. Virtual Box ~ Sun Microsystems | My Burmese Blog said,

    Wrote on April 19, 2009 @ 3:07 pm

    [...] ရှိပါတယ်။ ကျွန်တော် အရင်ပြောခဲ့တဲ့ Boot Camp က Virtual မဟုတ်ပါဘူး။ နောက် Remote Desktop ကိုလဲ VM [...]

  11. All About TrackPad & Gestures | My Burmese Blog said,

    Wrote on June 4, 2009 @ 1:02 am

    [...] MacBook တွေရဲ့ TrackPad တွေ အကြောင်းကို အခြား guide [...]

  12. Keynotes From Apple WWDC 09 | My Burmese Blog said,

    Wrote on June 9, 2009 @ 6:07 pm

    [...] ထူးထူးခြားခြားတော့ မဟုတ်ပါဘူး Unibody MacBook, MacBook Pro တွေမှာ SD card reader built in ပါလာပါတယ်။ နောက် Unibody [...]

  13. မောင်ပြုံး said,

    Wrote on June 20, 2009 @ 6:28 pm

    Mac Book Air ကို လာငမ်းသွားတယ်.. =)

  14. Htoo Tay Zar said,

    Wrote on June 24, 2009 @ 11:04 pm

    ကျွန်တော်ဆို MacBook Pro ထက် Air ကို ပိုကြိုက်တယ် Pro တွေက ရုပ်ဆိုးတယ်နောက် ဆိုဒ်လဲ ကြီးတယ် mobile သုံးဖို့ အနေနဲ့ ဈေးကလဲ ကြီးတယ် နောက် ပစ္စည်းကမြင့်တယ်ဆိုပေမယ့် ကျွန်တော်သာဆို iMac ဒါမှမဟုတ် G5 မျိုးပဲ ၀ယ်ဖြစ်မှာ :D

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: