hit counter

Asus Eee PC S101

Asus ရဲ့ Eee PC S101 ကို Asustek က ဒီနှစ် (2008) နိုင်ဝင်ဘာ ၁ ရက်မှာ စဖြန့်တော့မှာ ဖြစ်ပါတယ်။ ဒီ S101 ဟာ အရင် Eee PC 904, 905 တို့လို မဟုတ်ပဲ High-End အနေနဲ့ ဖြန်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကလဲ အရင် Eee PC တွေ ထက် ဈေးပိုမြင့်မှာပါ။ ဈေးနှုန်းက $699 နဲ့ ရောင်းမှာ ဖြစ်ပါတယ်။


Asus Eee PC S101 မှာ Intel Atom N270 processor 1.6 GHz, 1GB RAM, Wireless 802.11n, Bluetooth, multi card reader, multi-touch pad, integrated webcam နဲ့ 64GB solid state HardDisk ပါဝင်မှာ ဖြစ်ပါတယ်။ Screen က 10-inch ဖြစ်ပြီး အရင် မော်ဒယ် အဟောင်း 900, 904, 905 တို့မှာတော့ 7-inch သာပါရှိခဲ့တာ ဖြစ်ပါတယ်။ OS အနေနဲ့ Windows XP ပါဝင်မှာပါ။ အရင်လို Linux Xandros တင်ပြီးသား ပါလာဦးမှာ လားတော့ မသိရသေးပါဘူး။ အရောင် အနေနဲ့ copper brown နဲ့ graphite ၂ မျိုးနဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။

Asus ရဲ့ Eee PC တွေဟာ အခုဆိုရင် 4 million အထိ ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ Laptop Magazine Blog မှာ ရေးထားတဲ့ Asus CEO Jerry Shen အင်တာဗျူး အရ Eee PC notebook တွေမှာ Windows 7 တရားဝင်ထွက်လာခဲ့ရင် ထည့်ပေးမှာ ဖြစ်တယ်လို့ ဖတ်ရပါတယ်။ လောလောဆယ်တော့ Windows 7 ကို screen shot အချို့နဲ့ အချက် အလက်တချို့ ဖတ်လို့ ရပါတယ်။ Asus Eee PC တွေမှာ လက်ရှိ တရားဝင်ထည့်ပေးတာက Linux Xandros OS နဲ့ Windows XP တို့ပါ။ Windows Vista ကို တရားဝင်ထည့်မပေးပေမယ့် model 904, 905 မှာ ကိုယ့်ဖာသာ ထည့်ယူနိုင်တာကို Myanmar ICT Exhibition 2008 တုန်းက တွေ့ခဲ့ရပါတယ်။

Asus ဟာ Eee PC တွေကို ဒီနှစ်ထဲမှာတင် 5 million အထိရောင်းနိုင်ဖို့ မျော်လင့်ထားတာဖြစ်ပါတယ်။ နောင်လာမည့် 2009 နှစ်လယ်ခန့်မှာ Eee PC ကို Windows 7 နဲ့ တွဲထုတ်ပေးမယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် touch screen နဲ့ လဲ ထုတ်မယ်လို့ ကြေငြာထားပါတယ်။ ပြည်တွင်းမှာတော့ အခုထွက်မယ့် S101 ကို နိုဝင်ဘာလလယ်လောက်မှာ ရနိုင်မှာ ဖြစ်ပြီး X’mas လောက်မှာတော့ promotion ကာလအနေနဲ့ ရောင်းလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ နိုင်ငံခြားမှာ ရနိုင်နေပြီဖြစ်တဲ့ Eee PC Desktop version အကြောင်းကိုတော့ ပြည်တွင်းမှာ အခုထိ မကြားမိသေးပါဘူး။


Related Posts

1 Comment so far »

  1. 10th Anniversary ICT Exhibition | My Burmese Blog said,

    Wrote on November 1, 2008 @ 9:51 pm

    [...] မမကြည့်ခဲ့ရပါဘူး။ နောက် Eee PC အဖြူ နဲ့ အနက်ရောင်၊ နောက် Eee PC Desktop version [...]

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: