Batman ~ The Dark Knight


Batman : The Dark Knight ရုပ်ရှင်ကားကို July 18, 2008 မှာ အမေရိကန်က ရုပ်ရှင်ရုံတွေမှ စတင်ပြသပါတယ်။ ဒီကားကို ကျွန်တော်ကြည့်ဖူးတာက ဒီလ အစောပိုင်း စာမေးပွဲ မဖြေခင်က စာမလုပ်ပဲ ကြည့်ဖြစ်ခဲ့ပါတယ်။ အရင်တုန်းက Batman ကားတွေလို မဟုတ်ပဲ action ကားပို ဆန်ပါတယ်။ ဇာတ်ကားက Gotham City မှာ ဘဏ်ဓားပြတိုက်တဲ့ ကြောင်တောင်တောင်၊ psycho jocker နဲ့ Batman နဲ့ ရင်ဆိုင်ကြတာပါ။ ဇာတ်ကားထဲမှာ jocker က ပိုက်ဆံအတွက် မဟုတ်ဘဲ လူသတ်ဖို့သာ စိတ်ဝင်စားတဲ့ စိတ္တဇ ဇာတ်ကောင် ဖြစ်ပါတယ်။ ဇာတ်အိမ်ကောင်းသလို သရုပ်ဆောင်တွေ တော်ကြတဲ့ အတွက် ဇာတ်ကားက ၂ နာရီခွဲ နီးပါးလောက် ကြာသည့်တိုင်အောင် သဲထိတ်ရင်ဖို ကြည့်ရမှာပါ။


ဇာတ်ကောင်တွေထဲမှာ ကျွန်တော်ကြိုက်မိတာက Jocker ကိုပါ။ သူ့ရဲ့ သရုပ်ဆောင်တော်ချက်က ကြည့်ရင်းနဲ တဖြည်းဖြည်း မုန်းတောင်သွားနိုင်တယ်။ ရက်စက်တာကလဲ ပက်ပက်စက်စက်ပါပဲ။ Harvey Dent (Two Faces) နဲ့ သူ့ကောင်မလေး ကို နေရာ ၂ နေရာမှာ ခွဲထားပြီး ချိန်ကိုက်ဗုံးတပ်ပြီး Batman ကို ၂ ယောက်ထဲက တစ်ယောက်ကို ကယ်ခိုင်းတာ၊ ဆေးရုံကို ဖောက်ခွဲပစ်တာ၊ hostage တွေကို jocker မျက်နှာဖုံးတပ်ပေးထားပြီး ရဲကွန်မန်ဒိုတွေကို သတ်အောင်လုပ်တာ၊ သင်္ဘော ၂ စင်းမှာ ဗုံးထောင်ထားပြီး ဖောက်ခွဲဖို့ remote ကို တစ်ဖက် သင်္ဘောဆီပေးပြီး အချင်းချင်း ဖောက်ခွဲ ခိုင်းတာတွေက စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ သူ့ရဲ့ လက်သုံး စကားက “Why So Serious?” လို့လဲ ပြောလဲရှိတဲ့ jocker ကို အရင်တုန်းက freddy, jackson, childplay တို့လိုပဲ အရမ်းကြိုက်သွားတယ် :P


Heath Ledger

Batman ကားကို ကြည့်လိုက်ရင် jocker ရဲ့ ဇာတ်ကွက်က Batman ထက်တောင် အရေးပါပါတယ်။ ပြောရရင် jocker က ဗီလိန်၊ ဇာတ်ပို့ ဆိုတာထက် ဇာတ်ဆောင်လို့ တောင်ပြောလို့ ရမယ်ထင်တယ်။ ဒီကားထဲမှာ jocker အဖြစ် သရုပ်ဆောင်တာက Heath Ledger ဆိုသူဖြစ်ပါတယ်။ Australia နိုင်ငံသားဖြစ်ပါတယ်။ သူသရုပ်ဆောင်ခဲ့တဲ့ ကားတွေကို Wikipedia မှာ ကြည့်ရှုနိုင်ပြီး ကျွန်တော် ပထမဆုံးစကြည့်ဖူးတာ Dark Knight မှ ကြည့်ဖူးတာဖြစ်ပါတယ်။ Heath Ledger ဟာ Batman ကား သရုပ်ဆောင်ခဲ့ပြီး 22 january 2008 နေ့မှာ နေအိမ်အတွင်း အိပ်ဆေး အလွန်အကျွံသောက်ပြီး ကွယ်လွန်ခဲ့ပါတယ်။ Batman : The Dark Knight ကို သူ ကွယ်လွန်ခဲ့ပြီး နောက် ၆ လခန့် အကြာ july မှ စတင် ပြသပါတယ်။

Heath Ledger ဟာ Dark Knight မရိုက်ခင်က ဇာတ်ကားတွေမှာလဲ အကောင်းဆုံး သရုပ်ဆောင် ဆုတွေ ရရှိခဲ့ပြီး The Dark Knight သရုပ်ဆောင်ပြီးတဲ့ အချိန်မှာ Hollywood ဇာတ်ကားတွေထဲက Ultimate Villain Top 10 မှာ ပါဝင်ခဲ့ပါတယ်။ နောက် အခု Oscar ဆုအတွက် လဲ လျာထားခံရပါတယ်။ Heath Leger ဟာ The Dark Knight ကား သရုပ်ဆောင်ထွန်းချွန်ခဲ့တဲ့ အတွက် Scream Awards ဆုပေးပွဲမှာ Best Actor in a Fantasy Movie or TV Show, Best Villain, Best Line-I believe whatever doesn’t kill you simply makes you, stranger, Most Memorable Mutilation-Pencil Trick by the Joker ဆုတွေကို ရရှိခဲ့ပါတယ်။ ကျွန်တော်ကတော့ Heath Ledger အတွက် Oscar ဆုရသင့်တယ်လို့ ထင်တာပါပဲ။ စာဖတ်သူလဲ Batman : The Dark Knight ကြည့်ပြီး ရင် ရသင့်မရသင့် ဘယ်လိုမြင်သလဲ သိချင်ပါသေးတယ်။

Related Links

Oscar For Heath Ledger (Jocker) Groups on Facebook
Heath Ledger on Wikipedia
Batman ~ The Dark Knight
The Dark Knight on IMDB
Batman Wallpapers
The Dark Knight Wallpapers
Why So Serious ?




Related Posts

4 Comments so far »

  1. A Linn Nyi said,

    Wrote on October 22, 2008 @ 10:53 pm

    သူ့ရဲ့ ပင်ကို လုံးဝပျောက်ပြီး psycho အဖြစ် ပီပြင်လွန်းတော့ ကြည့်ရင်းနဲ့ အတော်ကြောက်လို့..ရသင့်တယ်လို့ မြင်ပါတယ်။

    Like or Dislike: Thumb up 0 Thumb down 0

  2. MgANT said,

    Wrote on October 31, 2008 @ 6:00 pm

    ရှေ့ကထွက်ခဲ့တဲ့ Batman ကားတွေသိပ်မကြိုက်ခဲ့ပေမယ့် ခရစ်တိုဖာနိုလန်ရဲ့ Batman Begins ကို ကြည့်မိတော့ သိပ်ကြိုက်သွားတယ်။ Christian Bale က တကယ့် ဘရုစ်ဝိန်းပဲလို့လက်ခံလာအောင်ရိုက်နိုင်တယ်။ action ခန်းတွေမှာ မှောင်မည်းပြီး မြန်လွန်းအားကြီးလို့ သိပ်မရှင်းတာကလွဲလို့ ဇာတ်ကောင်၊ ဇာတ်လမ်း အပြစ်ပြောစရာမရှိလောက်အောင် တောင့်စေ့တယ်လို့ဆိုရမယ်။ Dark Knight ကိုလည်း ကော်ပီကောင်းကောင်းနဲ့မှ ကြည့်မယ်ဆိုပြီး ခုထိမကြည့်ရသေးဘူး။ Trailer ကတော့ အရမ်းမိုက်တယ်။ ဟယ်သာ အကြောင်းတွေလည်းဖတ်ရတော့ အဲဒီကားကို သိပ်စိတ်ဝင်စားမိတယ်။ ကြည့်ပြီးရင်တစ်ခုခုပြောဖြစ်ပါမယ်။ (စကားမစပ် ဘရုစ်ဝိန်းတို့ရဲ့ ဂေါ်သမ်မြို့ကြီးက ကျနော်တို့ရဲ့ xxx ကြီးနဲ့ မတူလွန်းဘူးလားဗျာ။ Batman Begins ကြည့်ရင်းခံစားမိတာပြောပါတယ်။)

    Like or Dislike: Thumb up 0 Thumb down 0

  3. Htoo Tay Zar said,

    Wrote on November 3, 2008 @ 7:53 pm

    A Linn Nyi @ ကျွန်တော်ကတော့ ဂျိုကာကို batman ထက်ပို သဘောကျတယ်ဗျာ :D

    MgANT @ ဟုတ်တယ်ဗျ မှောင်တဲ့ အခန်းတွေဆို ဘာမှမမြင်ရဘူး ကျွန်တော် အခွေတောင် ရုံကူး မဟုတ်ပဲ အကြည်ထွက်မှ ကြည့်တာ ဒါတောင် မရှင်းဘူး ဟယ်သာ ကတော့ တကယ့် သရုပ်ဆောင်ပဲဗျာ.. ကျွန်တော်တို့ မြို့နဲ့ မတူပါဘူးဗျာ ဘာလို့လဲ ဆိုတော့ Batman မရှိလို့လေ :P

    Like or Dislike: Thumb up 0 Thumb down 0

  4. Congratulation Heath Ledger | My Burmese Blog said,

    Wrote on February 24, 2009 @ 7:31 pm

    [...] 2009 ဆုပေးပွဲမှာ Heath Ledger ဟာ Batman ~ The Dark Knight ဇာတ်ကားမှာ ဂျိုကာ အဖြစ် [...]

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: