Blog Action Day 2008 ~ Poverty
ဒီနေ့ အောက်တိုဘာလ ၁၅ (Octber 15) ရက်နေ့ဟာ နိုင်ငံတကာ Blog Action Day နေ့ ဖြစ်ပါတယ်။ ဒီနေ့မှာ ကမ္ဘာတ၀န်းက ဘလော့ဂ်တွေမှာ ဒီနှစ် အတွက် ခေါင်းစဉ်ဖြစ်တဲ့ Poverty အကြောင်းကို အားလုံးက ဒီနေ့ တစ်ရက်တဲမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ကျွန်တော့် ဘလော့ဂ်ကလဲ ဒီနှစ်အတွက် Blog Action Day ရဲ့ တစိတ်တပိုင်း အဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။
ကျွန်တော်မှာ အကျင့်တစ်ခုရှိတယ် ခင်ဗျ အဲဒါက တစ်ခုခုဖြစ်တိုင်း၊ လုပ်တော့မယ်ဆိုတိုင်း သူများနေရာက နေအရင်ဆုံး ၀င်ခံစားကြည့်တတ်တာပါပဲ.. တခါတလေ လမ်းဘေးမှာ လူတွေ နေစရာမရှိလို့ လမ်းဘေးမှာ အိပ်နေတာကို မြင်ရတဲ့ အခါ၊ ကြမ်းတမ်းတဲ့ ဘ၀ တွေကို တွေ့ ရတဲ့ အခါ အရမ်းကို ခံစားရပါတယ်။ တခါကလဲ မှတ်မိသေးတယ် ကျွန်တော်ကျောင်းအပြန် လိုင်းကားပေါ် ခပ်နွမ်းနွမ်း အ၀တ်အစား၊ ဖိနပ် အစုတ်နဲ့ တက်လာတဲ့ လူကြီးတစ်ယောက် ကားစပယ်ယာကို ပိုက်ဆံမရှိတဲ့ အတွက် ကားခ မပေးနိုင်ကြောင်းပြောနေတာကို မြင်ရတယ်။ သူ့ပုံကြည့်ရတာ အရွယ်ထက် ရုပ်ကပိုရင့်နေတယ်.. ဆံပင်ကလဲ နီကျင်ကျင်နဲ့ စုတ်ပြတ်နေတယ် လွယ်အိပ်ကလဲ အဖာတွေနဲ့ အကျီကလဲ အရင်တုန်းက အဖြူပါလို့ တော်တော်ပြောယူရမဲ့ အရောင်နဲ့ အပေါက်တွေနဲ့ ကျွန်တော် စိတ်ထဲ မြင်ရတာ စိတ်မကောင်းဘူး။ မိတ်ဆွေတို့ကပြောနိုင်တယ် အလုပ်မလုပ်လို့ ဆင်းရဲနေတာ မဟုတ်လားလို့ မဟုတ်ဖူး ခင်ဗျ အလုပ် လုပ်သည့်တိုင်အောင် ပိုက်ဆံက ဒီခေတ်မှာ ဘာမှကို သုံးလို့ မရနိုင်အောင် ဖြစ်နေခဲ့ပြီ။ ဘယ်သူ့ကိုမှ အပြစ်မတင်ချင်တော့ဘူး ကံကိုပဲ အပြစ်ဆိုရတော့မှာပဲ။
ကျွန်တော် အမေ အသိတစ်ယောက်ဆို မြောက်ဒဂုံမှာ နေတယ်ဗျာ အမှန်တော့ သူက ကျွန်တော်တို့ အိမ်ငှားနေတဲ့ တစ်ယောက်ပါ.. အဲဒီ အကိုတစ်ယောက်ဆိုဗျာ ၂၈ လောက်ပဲ ရှိ ဦးမယ် ကျွန်တော်တို့ အိမ်ငှားနေတာ မိသားစုက သူရယ်၊ သူ့ရဲ့ ရောဂါသယ် အဖေရယ်၊ ဦးလေးရယ်၊ ညီမတစ်ယောက်ရယ် နေကြတာ.. ကျွန်တော်တို့ အိမ်ငှားနေတာ လခတောင် မပေးနိုင်ရှာဘူး ကျွန်တော်တို့ကလဲ ဘာမှ မယူပါဘူး ဒီအတိုင်းပဲ ထားတာပါ.. ဒါတောင် သူ့ခမျာ အဆင်မပြေကြရှာဘူး.. မီတာခတောင် မဆောင်နိုင်လို့ မီးဖျက်လိုက်တာ အမှောင်ထဲ နေကြရှာတယ်.. မီတာခက ဘယ်လောက်ဆောင် ရမှာလဲဆိုတော့ ၃၀၀၀ တဲ့ အမှန်တော့ သုံးထောင်ဆိုတာ သူများတွေအတွက် ရှိုးပွဲမှာ လက်မှတ်တစ်စောင်ဖိုးတောင် မရှိပါဘူး.. ရှိတဲ့သူတွေ ရှိနေပြီးတော့ မရှိတဲ့သူကြတော့လဲဗျာ =( သူဆို နိုင်ငံခြား ထွက်ဖို့ ကြိုးစားနေတယ်ဗျာ ထွက်ရင်လဲ အလုပ်ကြမ်းပဲ လုပ်ရမှာပါပဲဗျာ ကျွန်တော် စိတ်မကောင်းဘူး.. အဆင်ပြေကြပါစေလို့ ဆုတောင်းပါတယ်။
သတင်းတွေ အမြဲကြားသိနေရတယ်.. ၈ တန်းအရွယ်လေး ပိုက်ဆံ မတတ်နိုင်တော့လို့ ကျောင်းထုတ်လိုက်ရတာ.. ၁၀ တန်းပြီးလို့ တက္ကသိုလ်မတက်နိုင်ပဲ အလုပ်တွေ လုပ်နေရတာ.. ကလေးလေးတွေ မိုးရေထဲမှာ တကြော်ကြော်အော်တောင်း နေကြတာ၊ မိန်းမမီးဖွား စရိတ်အတွက် နေ့ခင်းကြောင်တောင် အဖမ်းခံရမယ်ဆိုတာ သိရက်နဲ့ ရွှေဆိုင်ထဲ ၀င်လုတဲ့သူ၊ ပိုက်ဆံ အကြွေးတွေ အတွက် ကိုယ့်ကို ကိုယ် အဆုံးစီရင်သွားတဲ့ သူတွေ…. အများကြီးပဲ ဒါ ကျွန်တော့် ကြားသိတဲ့ ကျွန်တော့်နားက ပတ်ဝန်းကျင်ပဲ ရှိသေးတယ်.. ကမ္ဘာတစ်ခုလုံး စာဆိုရင် ဘယ်လောက်များနေလိုက်မလဲ…..
Do You Know ???
မိတ်ဆွေ သိလား ကမ္ဘာပေါ်မှာ ၃ စက္ကန့်ကို တစ်ယောက် ဆင်းရဲမွဲတေမှု ကြောင့် သေနေရတယ်…
မိတ်ဆွေ သိလား 26500 – 30000 ခန့် ရှိတဲ့ ကလေးတွေဟာ နေ့စဉ် ဆင်းရဲမွဲတေမှုကြောင့် သေနေကြရတယ်..
မိတ်ဆွေ သိလား လူပေါင်း 8 Million ခန့် ဟာ နှစ်စဉ် ဆင်းရဲမွဲတေမှု ကြောင့် သေနေရတယ်…
မိတ်ဆွေ သိလား ကမ္ဘာ လူဦးရေရဲ့ 80% ဟာ နေ့စဉ် ၀င်ငွေ 10$ ထက်နဲတဲ့ ၀င်ငွေနဲ့ အသက်ရှင်နေကြ ရတယ်…
မိတ်ဆွေ သိလား ကမ္ဘာပေါ်က ကလေးငယ် 121 million ခန့်က ကျောင်းမတက်နိုင် ကြဘူး…
မိတ်ဆွေ သိလား 400 million ခန့် လူတွေဟာ မသန့်ရှင်းတဲ့ သောက်သုံးရေကို နေ့စဉ် သောက်နေကြရတယ်…
မိတ်ဆွေ သိလား 800 million ခန့် လူတွေဟာ နေ့စဉ် အစာရေစာ ၀၀လင်လင် မစားကြရဘူး…
မိတ်ဆွေ သိလား 24000 ခန့် လူတွေဟာ နေ့စဉ် ဆာလောင်မှု သို့ ဆာလောင်မှုနှင့် ဆက်နွယ် ရောဂါတွေ ကြောင့် နေ့စဉ် သေဆုံးနေကြတယ်…
ကျွန်တော်တို့ ဒါတွေကို ဘယ်လို တားမလဲ.. ကျွန်တော်တို့ အမိုးအကာ အောက်မှာ၊ အိပ်စက်၊ စားသောက် နေတဲ့ အချိန်တိုင်းမှာ လူတွေအများစုက မသန့်တဲ့ ရေကိုသောက် အစာအဟာရ မစားကြရဘဲ ကွင်းပြင်မှာ အိပ် သေကြေ နေခဲ့ကြတယ်… သူတို့ အတွက် လိုတာ ဘာဖြစ်နိုင်မလဲ… ကျွန်တော့် အထင် ကျွန်တော်တို့ အားလုံး လက်တွဲ ဖို့ပဲ လိုတာ မဟုတ်ပါလား….
This Post Is A Part Of Blog Action Day
Blog Action Day 2007
Blog Action Day 2007 on Htoo Tay Zar’s Blog
Credit
Images Via Digital Photo School
Video Via Kevin O’ Connor on Vimeo
Poverty Facts Resources
Global Issues Report
Poverty Around The World
BAD Day on Awearness Blog
Learn About Poverty
Poverty on Wikipedia








Pinkgold said,
Wrote on October 16, 2008 @ 4:37 pm
What a good action on Blog Action Day. Good job my little brother!
တောင်ငူသား said,
Wrote on October 17, 2008 @ 10:45 am
ဟုတ်တယ်ညီရေ
အဲဒီအဖြစ်အပျက်တွေဟာ ရုပ်ရှင်တစ်ကားဆိုရင်တော့ သနားစရာကောင်းပြီး မျက်ရည်သယ်နိုင်တဲ့ကားဖြစ်မှာပဲ။ ဒါပေမယ့် လက်တွေ့ဖြစ်နေတော့…
gefmourge said,
Wrote on April 16, 2009 @ 4:26 am
hmm. amazing
Earth Day 2009 | My Burmese Blog said,
Wrote on April 22, 2009 @ 9:45 pm
[...] ဒီနေ့ မှာ ကျွန်တော်တို့ အရင် Blog Day : Poverty, AIDS Day 1, 2 လိုပဲ [...]
Blog Action Day 2009 ~ Climate Change | My Burmese Blog said,
Wrote on October 18, 2009 @ 3:09 am
[...] Blog Action Day 2008 ~ Poverty [...]
Poverty | My Burmese Blog said,
Wrote on February 12, 2010 @ 1:42 am
[...] ၂၀၀၈ Blog Action Day တုန်းက တင်ခဲ့တဲ့ ပို့စ်ကို ပြန်သွားကြည့်ဖြစ်တယ် အဲဒီထဲက တစ်ချို့ ပြန်ကူးထားလိုက်တယ်။ [...]