Happy Anniversary Gravatar!!


Gravatar က ဒီနေ့ဆိုရင် တော့Automattic နဲ့ ပေါင်းပြီး version 2.0 အဖြစ်ပြောင်းခဲ့တာ ၁ နှစ် ရှိသွားပါပြီ။ Gravatar ဆိုတာ တကယ်တော့ Globally Recognized Avatar ကို အတို ရေးထားခြင်းပါ။ Gravatar ကို ဒီနေ့ အချိန်မှာ OpenSource CMS တွေ၊ Web Apps၊ Blogs (as comment avatar)၊ forum၊ discussion group တွေမှာ တွင်ကျယ်စွာ သုံးနေကြပါပြီ။ Gravatar က ကိုယ် ဆိုဒ်တစ်ခုခု၊ App တစ်ခုကို သုံးတဲ့ အချိန်မှာ sign up လုပ်ခဲ့တဲ့ email address ပေါ် အခြေခံပြီး အလုပ်လုပ်ပါတယ်။ ဥပမာ – ကျွန်တော် ဘလော့ဂ် တစ်ခုခုမှာ ကွန်မန့်ရေးလိုက်ရင် ကျွန်တော် web site address မထည့်ပေမယ့် email address ထည့်ရင် သူက အဲဒီ address ရဲ့ current avatar ပုံကို Gravatar Servers တွေမှာ တက်ရှာပါတယ် ပြီးရင် ပုံလာပြပေးတာပါ။ သူ့ကို ထည့်လို့ ကိုယ့်ဆိုဒ်မှာ images တွေ host လုပ်ပေးရတဲ့ သဘောမျိုး မဟုတ်ပါဘူး။


လက်ရှိ Gravatar 2.0 မှာ avatar image ဆိုဒ်ကို အမြင့်ဆုံး 512×512 px အထိတင်လို့ရပြီး ပုံထည့်ချင်တဲ့ ဆိုဒ်က ကိုယ်လိုသလောက် ဆိုဒ်ကို ဥပမာ 80×80 ထည့်ရင်လဲ အဆင်ပြေတဲ့ quality နဲ့ ပေါ်မှာပါ။ Gravatar ကို အခုလက်ရှိ ကျွန်တော့် ဘလော့ဂ် အောက်ဆုံးက ကွန်မန့်မှာလဲတွေ့နိုင်ပါတယ်။ WordPress.com, Intense Debate တွေမှာ တော့ default avatar အဖြစ်သုံးထားတာကိုလဲ တွေ့မြင်ရမှာပါ။ Gravatar က အခုလက်ရှိ 0 servers: 2 Database servers, 1 File server, 2 Load balancers, 5 Caching servers, 9 Web servers, and 1 Development server တွေ နဲ့ run လျက်ရှိပြီး တစ်နေ့ကို image request ပေါင်း 623,293,056 ခန့်နဲ့ ပုံအသစ်ပေါင်း 5,000 ခန့် နေ့စဉ် upload လုပ်ပြီး အောင်မြင်စွာ ခရီးဆက်လျှက်ရှိပါတယ်။ စာဖတ်သူမှာလဲ Account မရှိသေးဘူးဆိုရင် Gravatar မှာ အခမဲ့ အကောင့်ပြုလုပ် ရယူနိုင်ပါတယ်။



Related Posts

4 Comments so far »

  1. ကိုဖြိုးငြိမ်း said,

    Wrote on October 11, 2008 @ 9:41 pm

    ပို့စ်အသစ်တင်နေပြီဆိုတော့ စာမေးပွဲပြီးသွားပြီထင်တယ်
    လာဖတ်သွားပါတယ် ညီလေး အောင်မြင်ပါစေ

    Like or Dislike: Thumb up 0 Thumb down 0

  2. ကျွန်တော် said,

    Wrote on October 12, 2008 @ 12:50 am

    လာလည်သွားပါတယ်၊ အရင်က ပို့စ်တွေလည်းလာဖတ်တယ်၊ လုပ်လည်းလုပ်ကြည့်တယ်။ အဆင်လည်းပြေတယ်။ ကျေးဇူးပါပဲ။

    Like or Dislike: Thumb up 0 Thumb down 0

  3. Rapster88 said,

    Wrote on October 12, 2008 @ 1:31 am

    Gravatar Rox!!
    ps. Back to bloggin’ ? :)

    Like or Dislike: Thumb up 0 Thumb down 0

  4. Htoo Tay Zar said,

    Wrote on October 13, 2008 @ 10:46 pm

    @ ကိုဖြိုးငြိမ်း ~ ဟုတ်ကဲ့ ခင်ဗျ ကျွန်တော် စာမေးပွဲပြီး သွားပါပြီ ဆုတောင်းပေးတာ ကျေးဇူးပါ အကိုရေ =)

    @ ကျွန်တော် ~ ကျေးဇူးပါ ကျွန်တော်ရေ လာရောက်ဖတ်ရှုပေးတဲ့ အတွက်

    @ Rapster88 ~ အင်း ဟုတ်တယ် ခင်ဗျ စာမေးပွဲပြီးသွားလို့ ပြန်ဘလော့ဂ်တာ…

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: