Happy Birthday to Mom
ဒီနေ့ သီတင်းကျွတ် လပြည့်နေ့ ၁၄ ရက်က ကျွန်တော် အမေ မွေးနေ့ပါ…. အမေ မွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေ.. အသက်ရာကျော်နေနိုင် ပါစေကြောင်း ဆုတောင်းပါတယ်။ အမေက ကျွန်တော့်ကို ဒီအရွယ်ရောက်တဲ့ ထိတိုင်အောင် နေစဉ် ကျွေးမွေး၊ ပြုစု ပေးခဲ့တဲ့ အမေ့ရဲ့ ကျေးဇူးတွေ ကို အစဉ်သတိတရ ရှိနေမှာပါ အမေ။ ။

မီးငယ် said,
Wrote on October 14, 2008 @ 11:42 pm
ကိုထူးတေဇာရဲ့မေမေ မွေးနေ့မှာပျော်ရွှင်ပါစေရှင်။ အန်တီအသက်ရှည်ကျန်းမာစွာနေနိုင်ပြီး တရားဘာဝနာတွေကို အေးချမ်းစွာ အားထုတ်နိုင်ပါစေ…
Like or Dislike:
0
0
မျက်လုံး said,
Wrote on October 15, 2008 @ 12:25 am
ညီလေးတေဇာရဲ့ အမေ ပျော်ရွှင်တဲ့ မွေးနေ့ ဖြစ်ပါစေ။ ညီလေးတေဇာတို့ မိသားစုနဲ့ အသက်ရာကျော် ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
ဒါနဲ့ တေဇာရဲ့ ဘလော့ကို အမေ့ကို ပေးဖတ်ဖူးလား ? ပေးမဖတ်ရသေးရင် ပေးဖတ်ကြည့်ပါလား။ အမေ့ရဲ့ ကွန်မန့် သိရတာပေါ့
Like or Dislike:
0
0
yamin said,
Wrote on October 19, 2008 @ 4:44 pm
မောင်လေး တေဇာရဲ့ မေမေ မွေးနေ့ကို နောက်ကျမှ ရောက်လာတဲ့အတွက် မမ တောင်းပန်ပါတယ်နော်။ မွေးနေ့မှစပြီး ဒီမိသားစုလေး ဥမကွဲသိုက်မပျက် အမြဲ နေနိုင်ပြီး မေမေချစ်တဲ့သားကောင်းရတနာဖြစ်ပါစေလို့ မမ ဆုတောင်းလိုက်ပါတယ်နော်။ ကိုမျက်စိပြောသလို မောင်လေးမေမေကို မောင်လေးဆိုက်ကို ပြလိုက်ပါလား။ တော်တော်ဝမ်းသာသွားမှာ မောင်လေးရ….
မကြီးတောင် ၀မ်းသာမိတာ တကယ်… မတွေ့တာကြာပြီနော် မကြီးလည်း ကျန်းမာရေးမကောင်းလို့ ဆိုက်ဒ်ကတောင် နားမလားလို့။
Like or Dislike:
0
0