hit counter

Need For Speed ~ Undercover

Need For Speed ရဲ့ နောက်ထွက် စီးရီး အသစ် Undercover ကို Electronic Arts က November 18 ရက်နေ့မှာ စတင်ဖြန့်တော့မှာ ဖြစ်ပါတယ်။ ဒီဂိမ်းက ကျွန်တော်ကြည့်ရသလောက်တော့ အခုနောက်ဆုံးထွက်ထားတဲ့ Pro~Street တုန်းက လူကြိုက်နဲသွားစေတဲ့ အမှားတွေကို ပြင်ထားပုံရပါတယ်။ Pro-Street မှာတုန်းက Hardware တောင်း အရမ်းမြင့်တာရယ် နောက် ပြိုင်ရတာက ဂိမ်းအစ အဆုံး ပြိုက်ကွင်းမှာပဲ ပြိုက်ရတာ၊ အရင်လို ရဲကား မလိုက်တဲ့အတွက် ဆော့ရတာ သိပ်ပြီး စိတ်လှုပ်ရှားစရာ မကောင်းပါဘူး။ အရင် Most Wanted, Carbon တို့ကိုတောင် မမှီပါဘူး။ နောက် Pro-Street မှာ ပြိုင်ပွဲမှာ နိုင်ရင်ရတဲ့ ပိုက်ဆံက ကားအသစ်တစ်စီး တန်ဖိုးနဲ့ နိုင်းယှဉ်ရင် အရမ်းနဲတဲ့ အတွက် ကျွန်တော်တို့ ဆော့ရင် ပြိုင်ပြီးသားပွဲတွေကို ၁၀ ခေါက်လောက်ပြိုင်ပြီး ပိုက်ဆံပြန်ရှာနေရတာက အတော်ဆိုးတဲ့ တစ်ချက်ပါ။ နောက် အဲဒီမှာ အရင် Most Wanted, Carbon တို့ကလို video လာရင် အရင်လို တကယ့်လူပုံစံမျိုးမဟုတ်ပဲ graphic character တွေ ထည့်ထားတာကလဲ ကျွန်တော် မကြိုက်တဲ့ အချက်ပါပဲ။


အခု Undercover အသစ်မှာတော့ ဗီဒီယိုတွေ ကြည့်ရသလောက် Most Wanted, Carbon တို့လိုပဲ လူ သရုပ်ဆောင်တွေ (Die Hard က သရုပ်ဆောင် Maggie Q) ပါလာပါတယ်၊ အရင်လိုပဲ ရဲကားတွေ၊ ရဟတ်ယာဉ် နောက်ကလိုက်ပြီး အတော်ပျော်စရာကောင်းမယ့် ပုံရှိပါတယ်။ ကားတွေအနေနဲ့လဲ ကြည့်ရသလောက် Audi, Porsche, Plymouth Barracuda, Mazda, Mercedes, Ford တို့ ပါတာတော့ တွေ့ပြီးပါပြီ။ ကျွန်တော် ကြိုက်တဲ့ Lotus နဲ့ Ferari ပါမပါတော့ အခုထိ မသိရသေးဘူး။ ဂရပ်ဖစ် အနေနဲ့လဲ မိုက်ပါတယ်.. motion blur ပုံစံနဲ့ တော်တော်ကို မိုက်တယ်။ အခုလောလောဆယ်တော့ Game Play, Graphic အနေအထားကို video အနေနဲ့ ကြည့်လို့ရပါတယ်။ Official Game Intro ကို လဲ ကြည့်လို့ရနေပါပြီ အပေါ်မှာ ဗီဒီယို တင်ထားပါတယ်။

ဒီဂိမ်းက EA ရဲ့ အဆိုအရ Most Wanted, Carbon တို့လို အရသာမျိုးပေးမယ်လို့ ဆိုပါတယ်။ ပုံတွေ ကြည့်ရတာတော့ နေ့ဘက် ပြိုင်ပွဲ ပုံတွေသာ တွေ့ရပြီး ညဘက် ပါမပါတော့ မသိရသေးပါဘူး။ ဂိမ်းဇာတ်လမ်း အကျဉ်းကိုတော့ Wikipedia မှာ ဖတ်လို့ ရနေပါပြီ။ ဒီဂိမ်းမှာ ထူးခြားချက်က သမားရိုးကျ game platform တွေအပြင် iPhone အတွက်ပါ ထုတ်ထားခြင်းပါပဲ။ Mac အတွက်တော့ ရေးထားတာ မတွေ့မိပါဘူး။ Rating အနေနဲ့ 12+ သတ်မှတ်ထားပါတယ်။ ဒီဂိမ်းကို PlayStation 2, PlayStation 3, Xbox 360, Nintendo DS, Wii, Microsoft Windows, PlayStation Portable, iPod Touch, iPhone and mobile phone ပေါ်တွေမှာ ဆော့နိုင်မှာပါ။ PC အတွက် system requirement ကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်။ ဒီဂိမ်းကို ပြည်တွင်းမှာတော့ နိုဝင်ဘာလ ကုန်လောက်မှာ ရနိုင်ပါလိမ့်မယ်။

Related Sites

Official Need For Speed
NFS ~ Undercover on Wikipedia
Undercover on Gamespot
Electronic Arts
Tri City Car Lot

System requirements Microsoft Windows

These are the minimum system requirements:

* Windows XP or Vista with latest service pack installed
* Intel Pentium 4 (or equivalent) CPU running at 2.8GHz or higher (3.0GHz if running Windows Vista)
* 1GB RAM
* Geforce 6500, Radeon 9500 or better DirectX compliant video card with Pixel shader 2.0 or above (AGP and PCIe only) using a supported chipset
* DirectX compatible sound card
* 8X or faster DVD Drive
* 5.5 GB of HD space required to install game
* To play online a network card is required for broadband connectivity


Related Posts

1 Comment so far »

  1. မျက်လုံး said,

    Wrote on October 16, 2008 @ 1:29 am

    NFS ကတော့ Pro Street မှာ တော်တော် စိတ်လေသွားတယ်။ ကျွန်တော်လည်း ကားမောင်းရင် Motion Blur ဖြစ်နေတာမျိုးကို သဘောကျတာဗျ။ အရုပ်တွေကိုလည်း Graphic character ကြီးတွေနဲ့ မကြိုက်ဘူး။ အခု Undercover ကတော့ ကိုတေဇာပြောတဲ့အတိုင်းဆို တော်တော် ကောင်းမယ့်ပုံပဲ။ ဒါပေမယ့် စက်က လိုက်နိုင်မှာ မဟုတ်တော့ဘူးဗျ။ Pro Street တောင် တော်တော် လေးနေတာ။ :(

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: