14 Oct, 2008
ဒီနေ့ သီတင်းကျွတ် လပြည့်နေ့ ၁၄ ရက်က ကျွန်တော် အမေ မွေးနေ့ပါ…. အမေ မွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေ.. အသက်ရာကျော်နေနိုင် ပါစေကြောင်း ဆုတောင်းပါတယ်။ အမေက ကျွန်တော့်ကို ဒီအရွယ်ရောက်တဲ့ ထိတိုင်အောင် နေစဉ် ကျွေးမွေး၊ ပြုစု ပေးခဲ့တဲ့ အမေ့ရဲ့ ကျေးဇူးတွေ ကို အစဉ်သတိတရ ရှိနေမှာပါ အမေ။ ။
13 Oct, 2008
Need For Speed ရဲ့ နောက်ထွက် စီးရီး အသစ် Undercover ကို Electronic Arts က November 18 ရက်နေ့မှာ စတင်ဖြန့်တော့မှာ ဖြစ်ပါတယ်။ ဒီဂိမ်းက ကျွန်တော်ကြည့်ရသလောက်တော့ အခုနောက်ဆုံးထွက်ထားတဲ့ Pro~Street တုန်းက လူကြိုက်နဲသွားစေတဲ့ အမှားတွေကို ပြင်ထားပုံရပါတယ်။ Pro-Street မှာတုန်းက Hardware တောင်း အရမ်းမြင့်တာရယ် နောက် ပြိုင်ရတာက ဂိမ်းအစ အဆုံး ပြိုက်ကွင်းမှာပဲ ပြိုက်ရတာ၊ အရင်လို ရဲကား မလိုက်တဲ့အတွက် ဆော့ရတာ သိပ်ပြီး စိတ်လှုပ်ရှားစရာ မကောင်းပါဘူး။ အရင် Most Wanted, Carbon တို့ကိုတောင် မမှီပါဘူး။ နောက် Pro-Street မှာ ပြိုင်ပွဲမှာ နိုင်ရင်ရတဲ့ ပိုက်ဆံက ကားအသစ်တစ်စီး တန်ဖိုးနဲ့ နိုင်းယှဉ်ရင် အရမ်းနဲတဲ့ အတွက် ကျွန်တော်တို့ ဆော့ရင် ပြိုင်ပြီးသားပွဲတွေကို ၁၀ ခေါက်လောက်ပြိုင်ပြီး ပိုက်ဆံပြန်ရှာနေရတာက အတော်ဆိုးတဲ့ တစ်ချက်ပါ။ နောက် အဲဒီမှာ အရင် Most Wanted, Carbon တို့ကလို video လာရင် အရင်လို တကယ့်လူပုံစံမျိုးမဟုတ်ပဲ graphic character တွေ ထည့်ထားတာကလဲ ကျွန်တော် မကြိုက်တဲ့ အချက်ပါပဲ။
Read the rest of this entry »
13 Oct, 2008

Google ရဲ့ မထွက်ခင်ကတဲက နာမည်ကျော်နေတဲ့ Android Phone က T-Mobile နဲ့ ပေါင်းပြီး G1 phone အဖြစ်နဲ့ ဒီလ 16 ရက်နေ့မှာ (US မှာ) စဖြန့်တော့မှာ ဖြစ်ပါတယ်။ ဒီဖုန်းရဲ့ အဓိက ပြိုင်ဘက်က ကြည့်ရတာ iPhone 3G ဖြစ်ဖို့များပါတယ်။ ဒီ G1 ဖုန်းမှာ Google Apps တွေဖြစ်တဲ့ Gmail, Reader, Youtube, Google Earth/Map, Gtalk စတာတွေ အပြင် Google Search ကို ကလစ်တစ်ချက် လုပ်ရုံနဲ့ ရှာနိုင်ပါမယ်။ 3G, WiFi Network ကို support လုပ်မှာ ဖြစ်ပြီး touch screen, 3 Mega Pixel Camera ပါဝင်ပါတယ်။ သီချင်းကြိုက်သူတွေ အတွက် 1G Memory ပါဝင်တဲ့ အတွက် အဆင်ပြေနိုင်မယ်လို့ ဆိုပါတယ်။ Keypad နဲ့ စာရေးချင်ရင်လဲ အောက်ဖက်မှာ keypad ပါဝင်ပါတယ်။ ဒီဖုန်းကို အခုလက်ရှိမှာ ကြိုတင် မှာ ယူထားသူပေါင်း 1.5 million ရှိနေပြီ ဖြစ်ပါတယ်။ Official T-Mobile G1 Phone ဆိုဒ်မှာ အသေးစိတ်ကို ဖတ်ရှုနိုင်ပါတယ်။
Read the rest of this entry »
13 Oct, 2008
Barcode ဆိုတာ ကုန်ပစ္စည်းတွေမှာ ထုတ်ခဲ့တဲ့ရက်၊ ဈေးနှုန်းစတာတွေကို မှတ်သားပေးတာ မျဉ်းကြောင်းလေးတွေ သုံးပြီး ပြတာ အခုဆို ရိုးသွားပြီ ဖြစ်လို့ အနုပညာနဲ့ ပေါင်းပြီး အလှအပလေးတွေ လုပ်ဖို့ ဂျပန်က အဖွဲ့တစ်ဖွဲ့ စမ်းနေတယ် လို့သိရပါတယ်။ ကျွန်တော်တို့ ဆီမှာတော့ ဘားကုဒ်ကို စူပါမားကတ် တချို့ သာလျင် သုံးတာတွေ့ပါတယ်။ City Mart လို ဆိုင်မှာတောင် ဘားကုဒ် အစား ရိုးရိုး ဈေးနှုန်းကတ် တိပ်မှာ ဂဏန်းကုဒ်သုံးပြီး တွက်တာပဲရှိပါတယ်။ အောက်မှာ တော့ နမှုနာ ဘားကုဒ်လေးတွေ ကြည့်နိုင်ပါတယ်။

Read the rest of this entry »
11 Oct, 2008
Gravatar က ဒီနေ့ဆိုရင် တော့Automattic နဲ့ ပေါင်းပြီး version 2.0 အဖြစ်ပြောင်းခဲ့တာ ၁ နှစ် ရှိသွားပါပြီ။ Gravatar ဆိုတာ တကယ်တော့ Globally Recognized Avatar ကို အတို ရေးထားခြင်းပါ။ Gravatar ကို ဒီနေ့ အချိန်မှာ OpenSource CMS တွေ၊ Web Apps၊ Blogs (as comment avatar)၊ forum၊ discussion group တွေမှာ တွင်ကျယ်စွာ သုံးနေကြပါပြီ။ Gravatar က ကိုယ် ဆိုဒ်တစ်ခုခု၊ App တစ်ခုကို သုံးတဲ့ အချိန်မှာ sign up လုပ်ခဲ့တဲ့ email address ပေါ် အခြေခံပြီး အလုပ်လုပ်ပါတယ်။ ဥပမာ – ကျွန်တော် ဘလော့ဂ် တစ်ခုခုမှာ ကွန်မန့်ရေးလိုက်ရင် ကျွန်တော် web site address မထည့်ပေမယ့် email address ထည့်ရင် သူက အဲဒီ address ရဲ့ current avatar ပုံကို Gravatar Servers တွေမှာ တက်ရှာပါတယ် ပြီးရင် ပုံလာပြပေးတာပါ။ သူ့ကို ထည့်လို့ ကိုယ့်ဆိုဒ်မှာ images တွေ host လုပ်ပေးရတဲ့ သဘောမျိုး မဟုတ်ပါဘူး။
Read the rest of this entry »