သီတင်းကျွတ် လပြည့်နေ့

မနေ့က သီတင်းကျွတ်လပြည့်နေ့ 14 ရက်နေ့မှာ အဘိုးအဘွား၊ ဆွေးမျိုးတွေ လိုက်ကန်တော့ဖြစ်တယ်။ မုန်ဖိုးတွေရတယ်။ နောက် ဘုရားသွားတယ်။ မနေ့က အမေ့မွေးနေ့ လေ အိမ်မှာ ပဲ ထောပတ်ထမင်း လုပ်စားကြပါတယ်။ မနေ့က လူတွေတော်တော်များများ ကြည့်လိုက်ရင် လက်ထဲမှာ ကန်တော့စရာ ပစ္စည်းတွေနဲ့ လမ်းပေါ်မှာ၊ ကားတွေပေါ်မှာ တွေ့ရတယ်။ တချို့ လိုင်းကားတွေ ၂၀၅၊ ၃၅ စတဲ့ လိုင်းတွေက ကားခ အခမဲ့နဲ့ လပြည့်နေ့မှာ ကုသိုလ် လုပ်ကြပါတယ်။
အစက ကျွန်တော် မသိဘူး သီတင်းကျွတ်မှာ ဘာလို့ အဘိုးအဘွား၊ မိဘ၊ ဆရာသမား၊ ကျေးဇူးရှိသူတွေကို လိုက်ကန်တော့ကြလဲ ဆိုတာကိုလေ။ ကျွန်တော်သိတာ မုန့်ဖိုးရဖို့ပဲသိတာ
အမေ ပြောပြတော့ မှ အဲဒီ အကြောင်းကို သိရတော့တယ်. မြတ်စွာဘုရားက ၀ါတွင်းကလမှာ မယ်တော် မိနတ်သားကို နတ်ပြည်မှာ တရားသွားဟောပြီး ကျေးဇူးဆပ်တာကို ဗုဒဘာသာဝင်တွေက အတုယူပြီး သီတင်းကျွတ်ကာလမှ ကျေးဇူးရှိသူတွေကို လိုက်ကန်တော့ကြတာကို မှတ်သားရပါတယ်။ သီတင်းကျွတ်မှာ မြတ်စွာဘုရား တာဝတိသာက ပြန်ကြွလာတာကို ဆီမီးထွန်းပြီး နှစ်တိုင်းပူဇော်ခဲ့ကြတာ အခုဆိုရင် နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပါပြီ။
သီတင်းကျွတ်မှာ လမ်းထဲက ကျွန်တော်တို့ ညီတွေ၊ ညီမတွေ လမ်းသူလမ်းသား လူငယ်တွေ စုပြီး လမ်းဘေးဝဲ ယာမှာ ဆီမီးတွေ ထွန်းကြပါတယ်။ နောက် ဘုရားသွားဖူးကြတယ်။ မနေ့က လပြည့်ညက ကျွန်တော်လဲ မုန့်ဖိုးရတဲ့ ပိုက်ဆံတွေကို Iron Cross ရှိုးပွဲ သွားကြည့်ဖြစ်ပါတယ်။ ပိုက်ဆံပေးပြီး ရှိုးပွဲ ကြည့်ဖူးတာ ပထမဆုံး အကြိမ်ပါပဲ အရင်က ဘော်ဒါတွေရဲ့ underground bands ရှိုးပဲသွားဖူးတာ.. အဆိုတော် အတော်များများပါပါတယ်။ မျိုးကြီး၊ ၀ိုင်ဝိုင်း၊ နောနော်၊ မောင်မောင် ဇော်လတ်၊ ခင်ဘုန်း၊ ဆုန်သင်းပါရ် တို့ဆိုပါတယ်။ အငဲ နဲ့ လေးဖြူတော့မပါဘူး ခင်ဗျ။ ကိုလေးဖြူက နာဂစ်ရန်ပုံငွေ တစ်ပွဲသာ ဆိုပုံရပါတယ်။ လူအတော်များပါတယ်။
လူငယ်တွေ အတော် များများလာကြတယ်။ တချို့တွေဆို ၀တ်ထားလိုက်ကြတာ နိုင်ငံခြား ရောက်နေသလား မှတ်ရတယ်။ အတော် အံ့သြသွားတယ် တချို့မိန်းကလေးတွေ ညလုံးပေါက်နေကြတယ် ကျွန်တော်ဆို အိမ်က ပြန်မလာသေးဘူးလား မတ်စေ့ပို့တာ ၆ စောင်လောက် တောင် ပို့ပြီးမေးတယ်.. သူတို့တွေ ပိုက်ဆံလဲ အတော်ပေါပုံရတယ်ဗျ အထဲမှာ ရေသန့်တစ်ဘူး ၄၀၀ ရာ ၅၀၀ ဗျာ.. ကျွန်တော်ဆို နှမြောလိုက်တာ.. အဲဒီမှာ ဈေးတောင် ရောင်းချင်လာတယ်။ ထားပါ ကျွန်တော်အဲဒီမှာ အတော်ကြာကြာ သီချင်းနဲ့ ခုန်ပေါက်ပြီး ညရောက်တော့ ပြန်ခဲ့ပါတယ်။ အဲဒီပွဲတုန်းက ပါလာတဲ့ ဖုန်းနဲ့ ချစ်စမ်းမောင်ရဲ့ မြန်မာ့ရိုးရား guitar solo တီးပြသွားတာလေးကို အခုတင်ထားပါတယ် အောက်မှာ ခံစားကြည့်ပါဦး။ ဘာပဲပြောပြော သတင်းကျွတ်ညလေးကတော့ အတော်ပျော်စရာ ကောင်းခဲ့ပါတယ်။
Myanmar Guitarist Chit San Maung from Htoo Tay Zar on Vimeo.





manawphyu said,
Wrote on October 25, 2008 @ 10:14 am
hello
good your site.
u can see wikimyanmar logo.
http://www.wikimyanmar.org/wiki/index.php?title=Wikipedian:%E1%80%9C%E1%80%AD%E1%80%AF%E1%80%82%E1%80%AD%E1%80%AF_%E1%80%BB%E1%80%95%E1%80%AD%E1%80%B3%E1%80%84%E1%80%B9%E1%80%95%E1%80%BC%E1%80%B2