Using Numpad to Control Mouse Pointer


Laptop တွေ သုံးတဲ့ အခါမှာ touch-pad (track-pad) ကိုလဲ မသုံးချင်၊ mouse လဲ မဆောင်ထားချင်ဘူး ဆိုရင် Keyboard က Numpad ကို သုံးပြီး mouse pointer ကို control လုပ်လို့ ရပါတယ်။ ဒီနည်းက Keyboard မှာ Numpad တွဲပါမှသုံးလို့ အဆင်ပြေမှာပါ မပါတဲ့ laptop တွေ အတွက်တော့ ချွင်းချက်ပေါ့။ ပြီးတော့ Windows မှာပဲ လုပ်လို့ရတာပါ။


Mouse Pointer ကို numpad ကနေ control လုပ်ဖို့ ပထမဆုံး Alt + Shift + NumLock ကို ပြိုင်တူနှိပ်ပါ။ ဒါဆိုရင် ပုံမှာ ပြထားတဲ့ အတိုင်း alert box လေး တက်လာပါလိမ့်မယ့်။ Vista မှာတော့ အသံလေးပါ မည်ပါတယ်။

ပြီးရင် ညာဘက်အောက်ဒေါင့် Notification icons မှာ mouse ပုံ အသေးလေး ပေါ်နေပါလိမ့်မယ်။ အဲဒီ ပုံလေးကို left-click နှိပ်လိုပါ.. ပုံမှာ ပြထားသလို setting windows တက်လာပါလိ့မ်မယ်။ Windows XP မှာ တော့ အပေါ်က ပြထားတဲ့ alert box မှာ တင် settings ဆိုပြီး button ပါပါတယ်။

Settings မှာ pointer speed ကို ကိုယ်လိုသလို ချိန်ယူနိုင်ပါတယ်။ Speed မြန်ချင်ရင် သုံးနေတဲ့ အချိန်မှာ Ctrl ကို နှိပ်ထားရင် မြန်မှာ ဖြစ်ပြီး နှေးချင်ရင် Shift နဲ့ တွဲသုံးနိုင်ပါတယ်။ Numpad မှာပါတဲ့ 1, 2, 3, 4, 6, 7, 8, 9 ကို အရပ် ၈ မျက်နှာ အတွက် သုံးနိုင်ပြီး 5 ကိုတော့ click နှိပ်ချင်တဲ့ အခါ သုံးနိုင်ပါတယ်။ ဂဏန်းတစ်ခုခုနဲ့ 0 (zero) ကို တွဲနှိပ်ရင်တော့ text တွေ အခြားစတာတွေကို select လုပ်ပေးမှာပါ။ + (sign) ကိုတော့ double click လုပ်ချင်တဲ့ အခါ နှိပ်နိုင်ပါတယ်။ Delete button ကိုတော့ mouse လွတ်ချင်တဲ့ အခါ (release) လုပ်ချင်တဲ့ အခါ သုံးနိုင်ပါတယ်။

ဒီနည်းကို ကိုယ့်ရဲ့ laptop က touch-pad ပျက်သွားတဲ့ အခါ၊ mouse ပျက်သွားတဲ့ အခါ သုံးနိုင်ပါတယ်။ Desktop မှာလဲ သုံးလို့ ရပါတယ်။ ဒီ MouseKeys feature ကို full screen game တွေ ဆော့ရင်တော့ သုံးရမှာ မဟုတ်ပါဘူး။ ပြီးတော့ numpad မပါတဲ့ laptop တွေ မှာလဲ သုံးလို့ ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် touch-pad, mouse ပျက်သွားတဲ့ အခါ shortcut တွေ မသုံးပဲ mouse pointer ကို ထိန်းလို့ ရနိုင်တဲ့ နည်း အဖြစ် အသုံးဝင်ပါတယ်။ ။



Related Posts

4 Comments so far »

  1. MhawSayar said,

    Wrote on October 28, 2008 @ 7:19 am

    အရေးကြုံရင်သုံးဖို့ မှတ်သားထားဦးမှ ညီရ.း) ရှယ်ယာပေးလို့ ကျေးဇူးညီ.

    Like or Dislike: Thumb up 0 Thumb down 0

  2. Htoo Tay Zar said,

    Wrote on November 3, 2008 @ 8:07 pm

    MhawSayar @ ဟုတ်ကဲ့ အကို ကွန်မန့်လေးရေးပေးတာ ကျေးဇူးပါ =)

    Like or Dislike: Thumb up 0 Thumb down 0

  3. KhineKhine said,

    Wrote on January 14, 2009 @ 10:05 pm

    ကျေးဇူးတင်လိုက်တာ. ဒီနည်းကို သိချင်နေတာကြာပေါ့. Thanks for sharing!

    Like or Dislike: Thumb up 0 Thumb down 0

  4. zawminoo said,

    Wrote on October 15, 2009 @ 8:51 am

    congratution friend

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: