10th Anniversary ICT Exhibition
မနေ့က မြန်မာ ကွန်ပျူတာ အသင်းချုပ် (MCPA) နှင့် ကွန်ပျူတာ အသင်များ ရဲ့ ၁၀ နှစ်မြောက် အထိမ်းအမှတ် ပြပွဲကို ရောက်ဖြစ်ခဲ့ပါတယ်။ အမှန်တော့ နေမကောင်းလို့ သွားဖို့ အစီအစဉ်မရှိပဲ မနက်ပိုင်းမှာ ဆေးခန်းသွားပြရင်းနဲ့ သွားဖြစ်ခဲ့ပါတယ်။ ကျွန်တော် နှင့် သူငယ်ချင်း တစ်ယောက်နဲ့သွားတာ ဆေးခန်းမှာ ဆေးထိုးပြီး ပြခန်းတွေရှိတဲ့ တပ်မတော်ခန်းမရှေ့ကို မနက် ၉ နာရီလောက်ရောက်တော့ ဖွင့်ပွဲ နေ့မို့ ၀န်းကြီးတွေ ရှိနေလို့ ၀င်ခွင့်မရသေးပဲ အရှေ့မှာ နာရီဝက်လောက် ရပ်စောင့်နေရပါတယ်။ နောက်တော့ ပြခန်းတွေ ကြည့်ဖို့ အထဲဝင်ခွင့်ရပါတယ်။
ပထမဆုံး ခန်းမ အပြင်ဘက်အတန်းမှာ အရင်လို ဆိုင်ခန်းတွေ မရှိပဲ အတွင်းမှာပဲ ရှိပါတယ်။ နောက် အတွင်း ဘက်မှာတော့ ဆိုင်ခန်းတွေ အများကြီး စတွေ့ရပါတယ်။ အခု ပြပွဲက အရင် မတ်လ တုန်းက လုပ်ခဲ့တဲ့ Myanmar ICT Exhibition 2008 ထက် ပိုပြီး ပြခန်းကြီးတွေများလာပါတယ်။ များလာတဲ့ အကြောင်းက အဲဒီ ပြပွဲ အပြီးမှာပဲ NEC Notebook ကို KMD က တရားဝင် ကိုယ်စားလှယ် ယူလိုက်ပါတယ်။ နောက် Acer ကို Shwe La Min Nagar က တရားဝင်ကိုယ်စားလှယ် ယူပါတယ်။ နောက် Foxconn ကို Royal Ayarwaddy ကယူပါတယ်။ နောက် အခြား အနေနဲ့ Somic, CreAtive, A4 Tech တွေလဲ တရားဝင် ကိုယ်စားလှယ်တွေ ယူလိုက်ကြတဲ့ အတွက် အခု တစ်ခေါက် ပြပွဲမှာ ဆိုင်ခန်းတွေမှာ အပြိုင်အဆိုင်ဖြစ်လာ တာကို တွေ့ရပါတယ်။
အခု ပြပွဲမှာ ထူးခြားတာက အရင်က လို ကွန်ပျူတာ သင်တန်းတွေ၊ ပုံမှန် ကွန်ပျူတာ ဆိုင်တွေ၊ ကွန်ပျူတာ စီဒီ ခွေ ဆိုင်တွေ မဖွင့်ကြတော့ တာပါပဲ။ ဆိုင်ခန်းတွေ အတွက် လေလံဆွဲရတာကြောင့် hardware ရောင်းတဲ့ company ကြီးတွေနဲ့ ၀င်မတိုးနိုင်ကြတော့လို့ လဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဆိုင်ခန်းဈေးနှုန်းတွေက FEC 700 for A Room, 600 for B Room, 100 for C Room, 500 for D Room, 400 for E Room ရှိတယ်လို့ လဲ ကြားပါတယ်။
အခုပြပွဲမှာ အရင်တစ်ခေါက်က ထက်ထူးခြားတာက Anti-Virus Software တွေ တရားဝင် ရောင်းချတဲ့ ဆိုင်တွေ ပါလာခြင်းပါတယ်။ Bitdefender ဆော့ဝဲကို တရားဝင် ရောင်းတဲ့ ဆိုင်ရှိသလို Kaspersky ကို လဲ တရားဝင်ရောင်းတဲ့ ဆိုင်တွေပါရှိလာပါပြီ။ အခု ပြပွဲမှာ Blu Ray ဆိုင် လာရောက်ဖွင့်တာ မတွေ့ပဲ သူက လက်ရှိ ရွှေဂုံတိုင်က ဆိုင်မှာပဲ laptop အားလုံးကို 10 သိန်းနဲ့ ရောင်းမယ်လို့ ဈေးပြိုင်ခေါ်ထားတာ ကြော်ငြာတွေ့ရပါတယ်။
ပြပွဲမှာ ထူးခြားတာက Asus က racing game တွေ အတွက် ထုတ်ထားတဲ့ ခြေနင်း ဂီယာ၊ စတီယာရင် တွေကို နောက်က Lamborghini ကားပုံစံနဲ့ ဆင်ပြထားပါတယ်။ အဲဒီ ကားကို Vento casing သုံးပြီး ဆင်ထားတာ ဖြစ်ပြီး ဂိမ်းပြထားတာကတော့ Need For Speed ~ ProStreet ကို ပြထားပါတယ်။ အဲဒီက ၀န်ထမ်းတွေ စမ်းကြည့်နေတာ ပြိုင်ပွဲထဲ ၀င် မရဖြစ်နေတာနဲ့ ကျွန်တော် ကူညီပြီး menu ထဲဝင်ပေးတာလဲ menu အကုန် ဘာမှဝင်မရလို့ ကြည့်ရတာ cable setting တစ်ခုခု လွဲနေတယ်လို့ ထင်မိပါတယ်။ အခု ပြထားတဲ့ Lanborghini ကားမျိုးက မြန်မာနိုင်ငံမှာ ၂ စီး (ကျွန်တော် သိသလောက်) ရှိတယ်လို့ ကြားမိပါတယ်။ Air Bagan ကုမဏီပိုင်ရှင်မှာ တစ်စီး အခု လက်ရှိပြပွဲမှာ ပြထားတဲ့ အရောင်နဲ့ ပုံစံ တစ်ထပ်တဲနီးပါး တူတာရယ် နောက် အခြား တစ်ယောက်စီမှာ ရှိတယ်လို့ ကြားပါတယ်။ ဥရောပက Lamborghini ကား ပြိုင်ပွဲတွေ အတွက် Laptop ကို Asustek က sponser လက်ရှိပေးထားပြီး Lamborghini laptop တွေကိုလဲ ထုတ်လုပ်လျက်ရှိပါတယ်။
Toshiba laptop ကိုယ်စားလှယ် Lucky Bird ကလဲ toshiba laptop တွေ အတွက် discount အပြင် 1 GB thumbdrive တစ်ချောင်း လက်ဆောင်ပေးနေတာကို တွေ့ခဲ့ရပါတယ်။ Acer ပြခန်းမှာတော့ Ferrari တံဆိပ်နဲ့ Desktop၊ နောက် Predator လို့ နာမည်ပေးထားတဲ့ High-End Gaming Desktop ကိုလဲ ပြထားပါတယ်။ အဲဒီမှာ Blu Ray drive, NVIDIA 9800 GPU, RAM 4 GB, 640 GB SATA HD တွေနဲ့ ဆင်ထားတဲ့ Predator ကလဲ ဒီဇိုင်း အတော်လှပါတယ်။
MSI မှာတော့ water cooling system သုံး ဂြိုလ်သားပုံစံ Desktop တွေနဲ့ DrMos motherboard တွေကို ပြထားပါတယ်။ ဘေးနားက မော်ဒယ် ကောင်မလေးပုံတောင် ကျွန်တော် ဓာတ်ပုံ ရိုက်ခဲ့သေးတယ် နာမည်တော့ မမေးလိုက်ရဘူး
။ နောက် HP notebook တွေကို ဈေးလျော့ရောင်းနေတဲ့ T Land ကိုလဲ ၀င်ကြည့်ဖြစ်ပါတယ်။ ကြည့်ရတာ T Land က HP Authorized Dealer ရဖို့ ကြိုးစားနေပုံပါပဲ။ နောက် Technoland က Laptop တွေ၊ Citicon က Logitech ထုတ်ကုန်တွေ၊ Red Link က Wi Fi ကွန်နက်ရှင် အကြောင်း တွေ ၀င်ကြည့်ဖြစ်ပါတယ်။
Asus ရဲ့ Gaming Laptop မှာ တင်ထားတဲ့ Company Of Hero ကိုလဲ စမ်းဆော့ ကြည့်ဖြစ်ခဲ့ပါတယ်.. ဒီဇိုင်းကော hardware ပိုင်းပါ ကောင်းမွန်ပေမယ့် တော်တော်လေးမယ်လို့ တော့ ထင်မိတယ်ပါ ခိုးပြေးမယ်ထင်မှာစိုးလို့ မမကြည့်ခဲ့ရပါဘူး။ နောက် Eee PC အဖြူ နဲ့ အနက်ရောင်၊ နောက် Eee PC Desktop version ကိုလဲ ကြည့်ဖြစ်ခဲ့ပါတယ်။
ပြပွဲမှာ အခုလက်ရှိ တရားဝင် ကိုယ်စားလှယ် ယူထားတဲ့ company တွေက အပြိုင်အဆိုင် ပြခန်းတွေနဲ့ ကြော်ငြာကြတာ တွေ့ရပါတယ်။ ကျွန်တော် သိသလောက် မြန်မာမှာ တရားဝင် ကိုယ်စားလှယ် ရထားတဲ့ ကွန်ပျူတာ ထုတ်ကုန်တွေက Sony, Toshiba, Asus, MSI, Viewsonic, NEC, Acer, Logitech, A4 Tech, Sonic, CreAtive, Epson, Foxconn, TrendNet, D-Link တို့ လက်ရှိ ရထားကြပါတယ်။ US ဘက်က ထုတ်ကုန်တွေကိုတော့ သူတို့ ဥပဒေအရ ဒီနိုင်ငံကို တရားဝင် ကိုယ်စားလှယ် ဒီကို ပေးလိမ့်မယ် မထင်ပါဘူး။
နောက် ထပ်လုပ်မယ့် ပြပွဲတွေမှာ တော့ အခုထက်ပိုပြီး ဆိုင်ခန်းတွေ အများကြီးနဲ့ ပိုပြီး တိုးတက်လာမယ်လို့ ထင်မိပါတယ်။ အခု ပြပွဲမှာ company ၆၀ ခန့်မှ ဆိုင်ခန်းပေါင်း ၁၅၀ ကျော် ပြသခဲ့တယ်လို့ သိရပါတယ်။ ပြပွဲက ၂၉ ရက် က စတင်တာ ဖြစ်ပြီး ၂ ရက်နေ့ နိုဝင်ဘာ အထိ မနက် ၉ နာရီ ကနေ ညနေ ၅ နာရီ အထိ ပြသမှာ ဖြစ်ပါတယ်။
Related Articles From Myanmar Sites
10th Anniversary ICT on Planet com dot mm
ICT news on News Light Of Myanmar
ICT News on Yangon City

































MhawSayar said,
Wrote on November 2, 2008 @ 3:12 am
မြန်မာပြည်က အိုင်တီသတင်းတွေ အစုံအလင် ဖတ်ရလို့ ကျေးဇူးပါညီရေ..
NL said,
Wrote on November 2, 2008 @ 11:40 am
စက်တွေက Oversea မှာပေါ်တာနေတာတွေနဲ့ သိပ်မကွာဘူးဗျ။
မဆိုးဘူးပြောရမယ်။ ကျွန်တော်တို့ရှိစဉ်ကတော့ ပြည်တွင်းကိုရောက်
လာဖို့ဆို အတော်လေးကိုစောင့်ရတယ်။ အခုလက်ရှိလူငယ်တွေတွက်
ကောင်းပါတယ်ဗျာ။
NNKLO said,
Wrote on November 8, 2008 @ 10:33 am
thanks..for..this..buddy.
Rapster88 said,
Wrote on November 9, 2008 @ 5:49 pm
အစ်ကိုနဲ့ မော်ဒယ်လ်လေး တွဲရိုက်ထားတဲ့ ပုံလဲ မပါပါလားဗျ.. အဟက်ဟက် =)
သဉ္ဖာ said,
Wrote on November 19, 2008 @ 12:40 pm
ပွဲနောက်ဆုံးနေ့ ပိတ်ခါနီးလေးမှာ ရောက်သွားသေးတယ်။ နောက်ပြပွဲတွေမှာ နည်းနည်းပိုကျယ်တဲ့ ခန်းမမှာ လုပ်သင့်တယ်လို့ ထင်တာဘဲ။ ပူကလဲပူ လူကလဲတိုး အမှတ်တရပါဘဲ။
Myanmar ICT Exhibition 2009 | My Burmese Blog said,
Wrote on February 14, 2009 @ 1:15 pm
[...] Show 2008 10th Anniversary ICT Exhibition (2008) Foxconn Dota All Stars Tournament Myanmar ICT Exhibition [...]