hit counter

3D + Adobe Photoshop

ဟိုတနေ့ညက ကျွန်တော် တော်တော် နေမကောင်း ဖြစ်နေခဲ့တယ်.. အင်တာနက် ကဖေးသွားဖို့ စိတ်က စဉ်းစားပေမယ့် လူက မတ်တတ်တောင် မရပ်နိုင်တော့ဘူး။ ညာဘက် ခြေထောက်က မတ်တတ်ရပ်ဖို့ မစွမ်းနိုင်တော့ဘူး.. ဒါနဲ့ အိမ်ထဲမှာပဲ ခဏ လှဲနေလိုက်ပြီး ခဏနေတော့ ဆရာဝန်တွေ ပေးလိုက်တဲ့ ဆေးမျိုးစုံ တစ်ဒါဇင်လောက် သောက်လိုက်ပြီး ဘာလုပ်ရမလဲ စဉ်းစားရင်း ဘလော့ဂ်မှာ banner လဲဖို့ ပုံဆွဲ ကြည့်ဦးမယ်လို့ စိတ်ကူးရတာနဲ့ 3DS Max ဖွင့်လိုက်တယ်.. ဘာပုံဆွဲရမလဲ စဉ်းစားပြီး tools တချို့နဲ့ ဆွဲကြည့်တယ် မရဘူး တော်တော်ရှုပ်တယ် အမှန်တော့ ဒီအတိုင်းစမ်းကြည့်နေတာပဲ ရှိတာ သုံးတတ်တာ မဟုတ်ဘူး။ ဒါနဲ့ နောက်မှ အခွေနဲ့ ကိုယ့်ဖာသာ သင်ဦးမယ်ဆိုပြီး ရပ်လိုက်တယ်။


Maya သုံးကြည့်ဖို့ ကြံသေးတယ် မဖြစ်သေးပါဘူး သူလဲ သိပ်နားမလည်ဘူး.. ဒါနဲ့ Xara နဲ့
3D စာလုံးပုံစံ တချို့ လုပ်ကြည့်လိုက်တယ် လိုချင်တဲ့ အနေအထားရအောင် တော်တော်ကြာကြာ ပြင်ယူလိုက်ပြီး Photoshop မှာ ပြန်ထည့်တယ် နောက် retouch ပြန်လုပ်တယ်။ နောက် လုပ်နေကြအတိုင်း ထင်ရာ လျှောက်လုပ်လိုက်တယ်။ ကာလာပြန်ချိန်လိုက်ရ အလင်း၊ အမှောင် ပြန်ချိန်လိုက်ရနဲ့ ၂ နာရီ လောက် အချိန်ကြာသွားတော့ အပေါ်က လုပ်ထားတဲ့ wallpaper တစ်ခုရတယ်။

ပထမလုပ်ဖို့ စဉ်းစားတုန်းက ဘလော့ဂ် အတွက် ဘန်နာ လုပ်ဖို့ ကနေ wallpaper ဖြစ်သွားတာ.. မဆီမဆိုင် ဒီ wallpaper ကို နောက်လ အတွက် SmashingMagazine ကို ပို့ရင် ကောင်းမလား စဉ်းစားမိသေးတယ်။ မဖြစ်သေးပါဘူးလို့ ကိုယ့်ဆိုဒ်က အခု လောလောဆယ် စုတ်ပြတ်သတ်နေတာ.. ဘာမှလဲ မလုပ်ရသေးဘူး တဲထိုးထားတဲ့ သဘောပဲရှိတာ.. အမှန်တော့ ဟိုက ရွေးမယ် မရွေးဘူးတောင် မသေချာဘဲ ကိုယ့်ဘာသာ လျောက်တွေးနေတာ :D ဒါနဲ့ ပုံကို banner ဆိုဒ်ဖြစ်အောင် ပြောင်းတယ် နောက် ဘာထည့်ရင်ကောင်းမလဲ စဉ်းစားရင် Apple monitor နဲ့ ကြိုးကွင်းတွေနဲ့ လုပ်ထားတဲ့ BLOG စာလုံးကို တွဲထည့်လိုက်ပါတယ်။

အမှန်တော့ ဒီလို ဒီဇိုင်းမျိုးကို စာဖတ်သူ ရင်းနှီးပြီးသား ဖြစ်မှာပါ ကျွန်တော် တစ်ခါ ပြောဖူးတယ်လေ Nik Ainley ဆိုတဲ့ မြင်ဆရာ တစ်ယောက် ဆီကနေ သင်ယူထားတာပါ။ လောလောဆယ်တော့ သူ့လို ဆော့ဝဲ အစုံ သုံးတတ်အောင် self-taught လုပ်သင်နေတုန်းပါပဲ။ အခုလုပ်ထားတဲ့ wallpaper က deviantArt မှာရှိတဲ့ SilentWeb ဆိုတဲ့ ပုံနဲ့ ခပ်ဆင်ဆင်တူပါတယ်.. အဲဒီပုံကတော့ plain text သက်သက်ပါ။ ကျွန်တော် ကြိုက်တာက text ကို swirl တချို့နဲ့ ရောထွေးနေတာမျိုးကို သဘောကျတာနဲ့ အတော်များများ လုပ်ဖြစ်ပါတယ်။ အခုတော့ အခြား 3DS MAX နဲ့ MAYA, ZBrush တို့ အခွေနဲ့ သင်လိုက်ဦးမယ် Digital Arts တွေ လုပ်ကြည့်ချင် စိတ်ဖြစ်နေပါတယ်။ ။

3D BlOG Design on deviantArt

3D BlOG Wallpaper on My dA

Using Xara 3D + Photoshop Tutorials

Digital Arts Magazine by Nik Ainley
Unique 3D Text Xara 3D Photoshop Tutorial by 1stWebDesigner
Valentines Day Photoshop Style by PSDTUTS


Related Posts

2 Comments so far »

  1. Myo Kyaw Htun said,

    Wrote on November 4, 2008 @ 3:10 pm

    Bro, you should sent it!

  2. ahmei said,

    Wrote on November 6, 2008 @ 10:27 pm

    Hey your banner is so amazing and unique. Fantastic !

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: