Amazing Traffic Record at CNN.com

November 4 ရက် Election Day နေ့တုန်းက CNN.com ရဲ့ visitors အရေ အတွက် ကို TechCrunch မှာ ကြည့်ရင်း အံသြသွားတယ်။ 24 hours အတွင်းမှာ visitor 27 Million နဲ့ pageview 276 Million ရှိပါတယ်တဲ့။ ဒီအရေအတွက်က နဲတဲ့ အရေအတွက် မဟုတ်ပါဘူး။ ကျွန်တော့် ဆိုဒ်ကို တစ်နေ့ အဲဒီလောက်လူလာကြည့်မယ်ဆိုရင်တောင် ကျွန်တော် လက်မခံနိုင်ဘူး
ကျွန်တော့် ဆာဗာ မနိုင်ပါဘူး ဟဲ။ CNN ရဲ့ ဆာဗာတွေ ကောင်းတာလဲ ကြိုက်သွားတယ်။
ဒီလောက် လူအရေ အတွက် 27 Million ဆိုတာ အမေရိကန်က ကြည့်တာ အများစု မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ဆီမှာ အဲဒီ အချိန် ဘယ် tv channel ဖွင့်ဖွင့် ဒီ သတင်းကို တိုက်ရိုက် ကြည့်လို့ ရနေမှာပါပဲ။ နောက် မဲပေးနေကြတာလဲ ဖြစ်နိုင်မယ်။ ကြည့်တဲ့ သူအများစုက ကမ္ဘာတ၀န်းက Election ကို စိတ်ဝင်စားကြတဲ့ သူတွေပဲ ဖြစ်မယ်ထင်တယ်။ အမေရိကန်ရဲ့ စီးပွားရေး နောက် လွတ်လပ်ပြီး တရားမျှတတယ်ဆိုပြီး နာမည် ကြီးတဲ့ ရွေးကောက်ပွဲ အတွက် စိတ်ဝင်စားကြတာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်လဲ နောက်ပိုင်း အမေရိကန် စီးပွားရေးကို စိတ်ဝင်စားလာတယ်.. ဘာလို့လဲ ဆိုတော့ ဒီမှာ PC hardware တွေက ဒေါ်လာနဲ့ တွက်ပြီး ရောင်းတော့ အလိုလိုနေရင်း သူတို့ စီးပွားရေး စိတ်ဝင်စားသွားပါတယ်။ Christmas မှာ ဒေါ်လာ ဈေးကျပါစေ ဆုတောင်းနေပါတယ်.. ဒါမှ လိုချင်တာလေးတွေ ရမှာ
။ ။

