Happy Birthday to 5 Years Old Delicious

November 6 ရက်နေ့မှာ Social Bookmarking Site ~ Delicious က ၅ နှစ်ပြည့်ပါတယ်။ သူက အရင်က Del.icio.us အဖြစ်နဲ့ နာမည်ကျော်ခဲ့တဲ့ web 2.0 ဆိုဒ် တစ်ခုပါ။ အခုဆိုရင် Delicious မှာ 5.3 Million users, 180 million unique URLs saved တွေ community, စိတ်ဝင်စားဖွယ်ရာ လင့်ခ်တွေနဲ့ အောင်မြင်နေတဲ့ ဆိုဒ် တစ်ခုပါ။
ကျွန်တော်လဲ အားရင် အခြား social bookmark site တွေကို လိုက်ကြည့်ဖြစ်ပေမယ့် စိတ်ဝင်စားဖို့ ကောင်းတဲ့ လင့်ခ် မှတ်မယ်ဆိုရင်တော့ Delicious ကို သာလျှင်သုံးပါတယ်။ အကြိုက်ဆုံး တစ်ခုပါ။ ရိုးရှင်းတဲ့ ဒီဇိုင်း၊ လွယ်ကူတဲ့ Firefox add-on ကြောင့် Delicious က သုံးရ အဆင်ပြေပါတယ်။ စာဖတ်သူလဲ Delicious အကောင့်တစ်ခု လုပ်ယူနိုင်ပြီး ကျွန်တော် အကောင့် tayzar44 ကိုလဲ သူငယ်ချင်း အဖြစ် add လုပ်ထား နိုင်ပါတယ်။
Via : Delicious’s Blog




