3 Nov, 2008

Read Air ဆိုတာ Adode AIR runtime မှာ အလုပ်လုပ်တဲ့ desktop application တစ်ခုပါ။ သူက Google Reader ကို desktop မှာ တင်ဖတ်နိုင်အောင် ပြုလုပ်ထားပါတယ်။ သူ့ကို Windows, Linux, Mac တွေမှာ သုံးနိုင်ပါတယ်။ အခု ကျွန်တော် သုံးကြည့်တာ အတော်အဆင်ပြေပါတယ်။ နောက် မြန်မာဖောင့်လဲ ကောင်းကောင်း ဖတ်လို့ ရပါတယ်။ Google Code မှာ download လုပ်ပြီး စမ်းကြည့်နိုင်ပါတယ်။
1 Nov, 2008

မနေ့က မြန်မာ ကွန်ပျူတာ အသင်းချုပ် (MCPA) နှင့် ကွန်ပျူတာ အသင်များ ရဲ့ ၁၀ နှစ်မြောက် အထိမ်းအမှတ် ပြပွဲကို ရောက်ဖြစ်ခဲ့ပါတယ်။ အမှန်တော့ နေမကောင်းလို့ သွားဖို့ အစီအစဉ်မရှိပဲ မနက်ပိုင်းမှာ ဆေးခန်းသွားပြရင်းနဲ့ သွားဖြစ်ခဲ့ပါတယ်။ ကျွန်တော် နှင့် သူငယ်ချင်း တစ်ယောက်နဲ့သွားတာ ဆေးခန်းမှာ ဆေးထိုးပြီး ပြခန်းတွေရှိတဲ့ တပ်မတော်ခန်းမရှေ့ကို မနက် ၉ နာရီလောက်ရောက်တော့ ဖွင့်ပွဲ နေ့မို့ ၀န်းကြီးတွေ ရှိနေလို့ ၀င်ခွင့်မရသေးပဲ အရှေ့မှာ နာရီဝက်လောက် ရပ်စောင့်နေရပါတယ်။ နောက်တော့ ပြခန်းတွေ ကြည့်ဖို့ အထဲဝင်ခွင့်ရပါတယ်။
Read the rest of this entry »