hit counter

Archive for December, 2008

Twitter Buttons

Twitterbuttons

TwitterButtons ဆိုတာကတော့ Twitter ယူဇာ တွေ အတွက် ကိုယ့်ဆိုဒ်၊ ဘလော့ဂ်မှာ button ထည့်ချင်တဲ့ အခါသုံးနိုင်တဲ့ ဆိုဒ်တစ်ခုပါ။ သူ့မှာ အပေါ်ဆုံးက text box မှာ ယူဇာထည့်လိုက်ပြီး go နှိပ်လိုက်ရင် အောက်ဘက်က button ပုံတွေထဲက ကိုယ်ကြိုက်တဲ့ ပုံအောက်က ကုဒ်ကူးပြီး ကိုယ့် ဆိုဒ်မှာ ထည့်ရုံပါပဲ။

My First MacBook

macbook

မနေ့က singapore ကနေ Apple MacBook ရောက်လာပါတယ်။ Christmas present ပေါ့ အမေက ၀ယ်ပေးတာပါ။ ၀ယ်လိုက်တာက အရင် ကျွန်တော်ရေးခဲ့တဲ့ 13-inch new MacBook ပါ။ Oct 14 ရက်နေ့က Apple က စဖြန့်ပါတယ်။ အခု ၀ယ်လိုက်တဲ့ တစ်ခုက 2.0 GHz Core 2 Duo, 4 GB DDR3 RAM, 160 GB HD, Nividia Geforce 9400 ပါပါတယ်။ အမှန်တော့ စင်ကာပူက အကိုကို ၀ယ်ခိုင်းတာ 2GB RAM ပါ အကိုက ဆက်မြင့်ရင် ဈေးသက်သာတယ်ဆိုပြီး 4GB အထိမြင့်လိုက်တာပါ။

Read the rest of this entry »

Web Show 2008

Web Show 2008

December 25 Christmas နေ့က ရန်ကုန် Myanmar Info-Tech မှာ Web Show 2008 ကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ personal websites 15 ခု နှင့် အခြား community sites တွေကိုလဲ ပြသခဲ့ပါတယ်။ Sponsers အနေနဲ့ Creative, Myanmar Times, အလင်းတန်း, NOW, MCIS တို့က ပါဝင်ခဲ့တာပါ။ ကျွန်တော်လဲ အဲဒီမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ နောက် အခြား ပရောဂျက်ဆိုဒ် တစ်ခုလဲ အပါအ၀င်ပါ။ လက်ရှိတော့ အဲဒီ ဆိုဒ်က အစမ်းကာလသာရှိ ပါသေးတယ်။ မကြာခင် စတင်နိုင်မှာပါ။

Read the rest of this entry »

Merry Christmas!!

Merry Christmas to You!!

Read the rest of this entry »

Creative Advertisement

Hard Rock Advertisement

ဒီရက်ပိုင်း နဲနဲ အလုပ်ရှုပ်နေလို့ ပို့စ်တောင် မတင်ဖြစ်ပါဘူး။ အခုတော့ Creative Advertisement ဆိုပြီး မနေ့ညက စက်ထဲက ဖိုဒါတွေ ရှင်းရင်းတွေ့တဲ့ သိမ်းထားတဲ့ အိုင်ဒီယာ မိုက်တဲ့ ကြော်ငြာလေးတွေ တင်လိုက်ပါတယ်။ ဒီထဲက ၂ ခုက အရင် နှစ်က Cool Ads That Make Me Click ဆိုပြီး တင်ခဲ့ဖူးပါတယ်။ အခုတော့ ကျန်တဲ့ ၂ ပုံပါတင်လိုက်တယ်။ အကြိုက်ဆုံးကတော့ အပေါ်က Hard Rock cafe` ကြော်ငြာပဲ The Official Food Of Rock ဆိုတဲ့ စာသားလေးကလဲ မိုက်တယ်။ \m/ :D \m/

Read the rest of this entry »

Fire At Yuzana Plaza, Yangon

ဒီနေ့ ညနေခင်းမှာ ယုဇနပလာဇာ၊ ရန်ကုန်မှာ မီးလန့်ပါတယ်။ အသေအချာတော့ မသိရသေးဘူး လောင်တာက ၃ ခန်းလောက် လောင်တယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ အိမ်က အဲဒီမှာ ဆိုင်ဖွင့်ထားတော့ ဖြစ်ဖြစ်ချင်းပဲ လိုက်သွားခဲ့တယ်။ လူတွေရော၊ ကားတွေလဲ ပိတ်နေတယ်။ မီးသတ်ကားတွေလဲ အဲဒီမှာ နောက် ရဲတွေ၊ မီးသတ်တွေလဲ ရှိတယ်။

အဲဒီရောက်သွားတော့ ပထမဆုံး ပလာဇာဘေးလမ်းထဲက သူငယ်ချင်းဆီ ၀င်ပြီး သတင်းမေးရတယ်။ သူပြောတာ မီးခိုးတွေ အများကြီးထွက်တာ တွေ့တယ်တဲ့။ နောက် ဆိုင်ရှင်တွေလဲ အဲဒီဘက်မှာ စုနေကြတယ်။ ဘယ်သူ့မှ ပေးမ၀င်ဘူး။ ကျွန်တော်လဲ အဲဒီနားမှာပဲ စောင့်ကြည့်ခဲ့တယ်။ နောက် မီးငြိမ်းသွားပြီ ပြောပါတယ်။ အခုတော့ ကျွန်တော်တို့တွေလဲ အကုန် အိမ်ပြန်လာခဲ့ကြပြီ။ မနက်ဖြန်မှ ဘာတွေ ဖြစ်မလဲ ထက်သွားကြည့်ရမယ်။ ဖြစ်တာက မြေညီထပ်ဆိုတော့ ကျွန်တော်တို့ ဒုတိယထပ်မှာ ရှိတာက သိပ်စိတ်မပူရတော့ပါဘူး။ ဖြစ်ဖြစ်ခြင်းတော့ လန့်သွားတယ် မော်လမြိုင်မီးလို ဖြစ်မှာ စိုးခဲ့တာ။ အခုတော့ အားလုံး အခြေအနေကောင်းပါတယ်။

Congratulation WordPress 2.7!!

Wordpress Download Stat

WordPress 2.7 က စပြီးတင်တဲ့ နာရီ 20 အတွင်းမှာ download hit ပေါင်း 100,000 ရှိခဲ့တယ်လို့ သိရပါတယ်။ 2.7 မှာ back end UI ပြောင်းသွားတာက အသိသာဆုံး အချက်ဖြစ်ပြီး အရင်လို ၂ ဆင့်ဝင်စရာမလိုတာ quick edit တွေပါလာတာ၊ ajax ကို သုံးတာတွေက ကွန်နက်ရှင် ပုံမှန်မရှိတဲ့ ကျွန်တော်တို့လို မြန်မာ ယူဇာတွေ အတွက် အကောင်းဆုံးနဲ့ upgrade လုပ် သင့်တဲ့ version ဆိုရင် မမှားပါဘူး။ အခုလက်ရှိတော့ သူ့ရဲ့ download hit က အခုစာရေးတဲ့ အချိန်မှာ 248,830 အထိရှိနေတာ ဖြစ်ပြီး သူကလဲ opensource ဖြစ်တဲ့ အတွက် Firefox Download Day လိုပဲ စဖြန့်တဲ့ နေ့ကတည်းက download hit က စံချိန်တင်ရတာပါပဲ။

Read the rest of this entry »

Remindr

Remindr logo

Remindr ဆိုတာ web ပေါ်မှာ alarm ပေးလို့ရတဲ့ နာရီ web 2.0 site တစ်ခုပါ။ အဲဒီမှာ ဘာ register မှ လုပ်စရာမလိုပဲ ကိုယ် alert လုပ်ချင်တဲ့ စာသားနဲ့ ဘယ် service ကို သုံးပြီး alert လုပ်ရမလဲ ဆိုတာ ရွေးလိုက်ရင် ရပါပြီ။ သူ့မှာ Twitter, email, Jabber (GoogleTalk), Mobile Phone Number 4 မျိုးကနေ message ပို့ ပေးနိုင်ပါတယ်။

Read the rest of this entry »

Adobe Cards

Adobe Cards

ဒီနေ့ Adobe Cards ဆိုတဲ့ ဆိုဒ်ကို ၀င်ကြည့်ဖြစ်တယ်။ အစက Adobe ကလုပ်တဲ့ အွန်လိုင်း ဖဲရိုက်တဲ့ ဂိမ်းထင်ထားတာ ကြည့်လိုက်တော့မှ Adobe Creative Suit 3 ~ CS 3 ကြော်ငြာဖြစ်နေတယ်။ CS 4 တောင်ထွက်နေမှ CS3 ကြော်ငြာ ကြည့်ဖူးတော့တယ်။ ကြော်ငြာကတော့ အတော်မိုက်တယ်ဗျာ Flash နဲ့ လုပ်ထားတယ် အိုင်ဒီယာ လုံးဝ ကောင်းတယ်.. ကြည့်ရင်းနဲ့ တဖြည်းဖြည်း အားငယ်လာတယ်။ Flash မှ မသုံးတတ်တာကိုး သူလုပ်သွားတာတော့ ဖဲချပ်လေးတွေနဲ့ ကြော်ငြာ လုပ်ထားတယ် မကြည့်ရသေးရင် ကြည့်လိုက်ပါဦးဗျာ။ အရင် Flash နဲ့ Firefox 3 ကြော်ငြာလဲ မိုက်တယ်ဗျ။ ကြည့်ကြည့်ပါဦး။ပျော်ရွှင်ပါစေ။ ။

7 E Book Search Engines

PDF Search Engine

ကျွန်တော် E Book ~ pdf တွေ ဖတ်စရာရှိတာတွေကို ရှာရင် အမြဲ free ရတဲ့ ဆိုဒ်တွေမှာ ရှာလေ့ ရှိပါတယ်။ ဆိုဒ်တွေ ဖတ်ရင် စာအုပ် အသစ်တွေထွက်ရင် အမြဲဖတ်ချင်တယ် ခက်တာက ကျွန်တော်တို့ ဆီမှာ အဲဒီ စာအုပ်တွေ ၀ယ်လို့ မရဘူး။ နောက် ၀ယ်ဖို့ အဲဒီ 30, 40, 100, 200, 500 တန် စာအုပ်တွေ ၀ယ်ဖို့လဲ ပိုက်ဆံ မရှိပါဘူး။ အဲဒီတော့ အရင်ဆုံး အခုတင်လိုက်တဲ့ PDF EBook Search Engine တွေမှာ လိုက်ရှာပါတယ်။ အဲဒီ ဆိုဒ်တွေမှာ နာမည်ကျော် စာအုပ်တွေ ဖရီး download လုပ်လို့ ရပါတယ်။ ထွက်တာ မကြာသေးတဲ့ စာအုပ်လဲ ရတယ်။ နည်းပညာ၊ ဟာသ၊ ၀တ္တု၊ မဂ္ဂဇင်း အစုံ ရှာလို့ ရပါတယ်။ တော်တော် အသုံးတည့်ပါတယ်။ လောလောဆယ်တော့ Site Point က စာအုပ်တွေ အလကားရလို့ ပျော်နေပါတယ်။ ဖတ်ဖို့ မီးမလာတော့ လောလေဆယ် ဘာမှ လုပ်မရဘူး။ :D

Read the rest of this entry »