Merry Christmas!!
Merry Christmas to You!!
မင်္ဂလာပါ.. ကျွန်တော် ဒီနှစ် Christmas ဆုတောင်းတောင် အခုမှ တင်နိုင်ပါတယ်။ ဒီရက်ပိုင်း အလုပ်များနေခဲ့လို့ပါ.. ၂၅ ရက်နေ့ Web Show အတွက် ပြင်ဆင်နေခဲ့ရတာကြောင့်ပါ။ ၂၄ ရက်ညကတော့ အလုပ်တွေ မပြီးသေးလို့ သူငယ်ချင်းတွေနဲ့ church မသွားဖြစ်တော့ဘူး ထင်ထားတာ အဲဒီညက အလုပ်လုပ်မယ်ဆိုမှ မီးက ပျက်နေတာနဲ့ ညဘက် ဗိုလ်အောင်ကျော်လမ်းက စိန့်မေရီ ဘုရားကျောင်းရောက်ဖြစ်သွားတယ်။ အဲဒီမှာ သူငယ်ချင်းတွေနဲ့ နှုတ်ဆက်နောက် ဓာတ်ပုံရိုက်ပြီး ည ၂ နာရီလောက်မှာ ပြန်လာခဲ့တယ်။ ဒီနှစ်ကတော့ ဘာမှ မလုပ်ဖြစ်ပါဘူး.. ပုံမှန်ပါပဲ။ အားလုံးလဲ ဒီနှစ် Christmas မှာ ပျော်ခဲ့ကြမယ်ထင်ပါတယ်။ ။






