hit counter
My First MacBook
macbook
မနေ့က singapore ကနေ Apple MacBook ရောက်လာပါတယ်။ Christmas present ပေါ့ အမေက ၀ယ်ပေးတာပါ။ ၀ယ်လိုက်တာက အရင် ကျွန်တော်ရေးခဲ့တဲ့ 13-inch new MacBook ပါ။ Oct 14 ရက်နေ့က Apple က စဖြန့်ပါတယ်။ အခု ၀ယ်လိုက်တဲ့ တစ်ခုက 2.0 GHz Core 2 Duo, 4 GB DDR3 RAM, 160 GB HD, Nividia Geforce 9400 ပါပါတယ်။ အမှန်တော့ စင်ကာပူက အကိုကို ၀ယ်ခိုင်းတာ 2GB RAM ပါ အကိုက ဆက်မြင့်ရင် ဈေးသက်သာတယ်ဆိုပြီး 4GB အထိမြင့်လိုက်တာပါ။
ကျွန်တော်ရဲ့ ပထမဆုံး notebook ပါ။ အခုတော့ သုံးရတာ တော်တော် နှစ်သက်ပါတယ်။ aluminum body က heat မတက်တာကတော့ သဘောကျစရာပါ။ နောက် battery time က 3 ခွဲ 4 နာရီလောက် ရပါတယ်။ ၀ယ်တော့ remote control ပါ တစ်ခါတဲ တွဲဝယ်ထားလိုက်တယ်။ အမှန်တော့ Mobile Phone ရှိရင် bluetooth နဲ့ remote လုပ်ပြီး သုံးရင်ရပါတယ်. အခု ကျွန်တော်ဖုန်း K800 လဲ Mac မှာ remote လုပ်ပြီး သုံးပါတယ်။ Remote ၀ယ်တာက အဓိကက DVD ကြည့်ဖို့ နဲ့ ကျောင်းမှာ presentation တွေ လုပ်ဖို့ အတွက်ပေါ့.. DVD ကြည့်ရတာ တော်တော် ကောင်းပါတယ် HD စနစ်နဲ့ ကြည်ပါတယ်။ အသံကတော့ ကောင်းပေမယ့် တိုးသလားလို့။ Silicon နဲ့ လုပ်ထားတဲ့ keyboard ကာဗာလဲ ၀ယ်လိုက်တယ်။ ဖုန်တက်မှာ စိုးလို့..
အခု လက်ရှိပါလာတဲ့ Mac OS X 10.5.5 ကို သုံးနေပါတယ်.. Windows တော့ မတင်ရသေးဘူး။ အခု Cross Over Application နဲ့ windows ရဲ့ exe ဖိုင်တွေ သုံးနေပါတယ်။ အခုလဲ ဒီစာရေးနေရင်း dashboard widgets, games တွေ ဒေါင်းလုဒ် လုပ်နေတာပါ။ Adobe AIR တင်ပြီး app တွေလဲ သုံးပါတယ်။ TrackPad က Apple က ညွှန်းထားတဲ့ အတိုင်း buttonless နဲ့ အတော် သုံးလို့ ကောင်းပါတယ်။ Windows အတွက် trackpad firmware update တော့ ဒေါင်းလုဒ်မလုပ်ရသေးပါဘူး။
ကြည့်ရတာတော့ MacBook က အကြမ်းခံမယ့်ပုံ ပေါ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကလဲ ကိုင်တာ ကြမ်းပါတယ်။ လက်ရှိ အာမခံ သက်တမ်းက 1 နှစ်စာပဲရှိပါတယ်။ နောက်ထပ်ပိုက်ဆံပေးပြီး ထပ်မတိုးထားပါဘူး။ အကြမ်းခံမယ်လို့ ယုံတာကိုး.. နောက်ဆိုရင်တော့ အပြင် laptop ယူသွားရင် ထီး ယူဖို့က အကျင့်လုပ်မှ ရတော့မယ်ဗျ :D ပြီးတော့ ဒီ mac ကို ၀ယ်ပေးတဲ့ အမေ၊ အကို၊ အမ kmla နဲ့ ynt တို့ကိုလဲ အများကြီး ကျေးဇူးတင်ပါတယ်။ နောက်ဆိုရင်ေ၇းစရာ Apple Category နဲ့ Mac ဆိုတဲ့ tag တိုးလာ တော့မှာပေါ့ =D
macbook
macbook
macbook
Related Posts
10 Comments so far »
  1. Myo Kyaw Htun said,
    Wrote on December 29, 2008 @ 7:52 am
    Wanna have like this. But can’t effort right now to buy.
  2. Thu Lin Nay said,
    Wrote on December 30, 2008 @ 2:15 pm
    So Cool. You got a Pro Designer Notebook. Love to
    read your upcoming Mac, Apple posts. Cheers …..
  3. နေယံဦး said,
    Wrote on January 2, 2009 @ 11:47 am
    ဟိုက်
    ရလာပြီလား Apple ကြီး။ အားကျတယ်ဗျာ။ ဟီး :D
  4. Rapster88 said,
    Wrote on January 6, 2009 @ 4:49 pm
    Woo hoo hoo.. that’s cool bro..
    I think you better buy additional warranty for it. It’s worthy.
  5. MhawSayar said,
    Wrote on January 7, 2009 @ 4:22 am
    Congrats! ညီရေ.
    လုံးဝ လန်းတယ်. အသွင်အပြင်ကစ ကွာတယ်။ Antivirus နဲ့ Internet Security တွေလည်း သုံးစရာ မလိုတော့ဘူး..
    နောက်ဆို Mac အကြောင်း Category တွေ အပြင်၊ Made on MacBook ဆိုတာပါ ထည့်လို့ရပြီ။ :)
  6. layma said,
    Wrote on January 7, 2009 @ 8:26 pm
  7. Htoo Tay Zar said,
    Wrote on January 11, 2009 @ 2:08 pm
    Bro Myo Kyaw Htun @ ကျွန်တော်လဲ ပိုက်ဆံ ရှိပါဘူး အကိုရာ အကို ပိုက်ဆံစိုက်ပေးလို့ ရတာပါ.. =D
    Thu Lin Nay @ ဟုတ် notebook တော့ ရပြီ ဆော့ဝဲ တော့ မ၀ယ်နိုင်ပါဘူး အဟီး
    နေယံဦး @ ဟုတ် ရလာပြီဗျ ပန်းသီး စားမလား
    Rapster88 @ ကျွန်တော် AppleCare လဲဝယ်ချင်တယ် ပိုက်ဆံ မတတ်နိုင်တော့လို့ဗျ မပျက်ပါစေနဲ့ ဆုတောင်းရမှာပဲဗျာ
    MhawSayar @ Anti Virus တွေ သွင်းစရာတော့မလိုဘူး အကိုရေ အခြား သွင်းစရာဆော့ဝဲ လဲ ဘာမှမရှိဘူးဗျ အခုတော့ open source တွေ လိုက်ရှာနေတယ် =)
    layma @ ဟုတ် နောက်မှ ဖရီးရတဲ့ ဆော့ဝဲတွေ အကြောင်းရေးတော့မယ်
  8. zulu said,
    Wrote on April 22, 2009 @ 1:41 pm
    How about the heat? I’ve Macbook Pro and 3 Fans just to cool it down. For software, u can get it in Barr Road, Spectrum or Something. cost abit high though. You got iWork09? I’ve got Office08, got it from Active Media. 500K- that was cheap..
  9. မိုးတိမ် said,
    Wrote on October 23, 2009 @ 7:45 pm
    အစ်ကိုရေ…
    စိတ်ဝင်စားစရာ တခုဖတ်မိလို့ မေးကြည့်ချင်ပါတယ်
    အဆင်ပြေရင် ပြန်ဖြေပေးစေချင်ပါတယ်…..
    Mobile Phone ရှိရင် bluetooth နဲ့ remote လုပ်ပြီး သုံးရင်ရတယ်ဆိုလို့ပါ။
    Mac Book အမျိုးအစားတခုပဲ အဲ့ဒီအခွင့်အရေးရှိတာလား၊ ကျန်တဲ့ Sony Vaio,HP Pavilion dv6-1299er Artist Edition အဲ့လိုအမျိုးအစားတွေ ဆိုရင်ရော သုံးလို့ရနိုင်ပါသလား၊ အကယ်၍ Mac Book ဆိုရင်ရော ဘယ်လို ဖုန်းအမျိုးအစားမျိုးနဲ့ ရနိုင်လဲဆိုတာ သိချင်လို့ပါ။
  10. Htoo Tay Zar said,
    Wrote on October 23, 2009 @ 9:22 pm
    @ မိုးတိမ် ~ Mobile Phone ရှိရင် bluetooth နဲ့ remote လုပ်သုံးလို့ ရပါတယ်။ ဖုန်းမှာတော့ remote control function ပါရမယ်ထင်တယ်။ ကျွန်တော် Sony Ericsson K800i နဲ့ သုံးပါတယ်။ HP, Sony တွေလဲ ရပါတယ်။ အဓိကကတော့ ဖုန်းမှာ function ပါဖို့လိုတာပါ laptop အမျိုးအစားမရွေးပါဘူး။ ပါရင် laptop နဲ့ ဖုန်းကို pair လုပ်ပြီး သုံးလို့ ရပါပြီ။ cursor လဲရွှေ့လို့ရပါတယ်… powerpoint တွေ mediacenter တွေသုံးလို့ ရပါတယ် ခင်ဗျား…
Comment RSS · TrackBack URI
Leave a Comment
Name: (Required)
E-mail: (Required)
Website:
My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!
Comment: