hit counter

Archive for December, 2008

Search io ~ Tabbed Search

Search.io ဆိုတာ search engine အသစ်တစ်ခုပါ အမှန်တော့ သူ့ကို engine လို့တောင် မခေါ်သင့်ဘူး ထင်တယ်။ သူက ကိုယ်ရှာချင်တဲ့ web, image, video စတာတွေ အပေါ်မူတည်ပြီး နာမည်ကြီးဆိုဒ်တွေရဲ့ result တွေကို tab စနစ်နဲ့ ပြပေးတာပါ။ ဒါက အမှန်တော့ အရင်ပြောဖူးတဲ့ Google + Yahoo!! Search Engines တွေ နဲ့ တူတယ်။

Read the rest of this entry »

Tips for Mobile Phone Users

ဒီရက်ပိုင်းမှာ မိုဘိုင်းဖုန်းတွေ တော်တော် စိတ်ဝင်စား နေမိတယ်။ လောလောဆယ် အခုထွက်နေတဲ့ James Bond ~ Quantum Of Solace က Sony Ericsson C902 ကိုလဲ စိတ်ဝင်စားနေပါတယ်။ နောက် 8.1 Mega Pixel နဲ့ C905 ဒီဖုန်းကတော့ ရန်ကုန်မှာ တောင် ဆိုင်တချို့မှာပဲ ရောက်ပါသေးတယ်။ စိတ်အ၀င်စားဆုံးက iPhone ပါပဲ။ ပိုက်ဆံစုပြီးဝယ်ဖို့ မနေ့က iPhone သွား ကြည့်ဖြစ်တယ်.. အမှန်တော့ iPhone ကို Internet သုံးဖို့ စိတ်ဝင်စားတာပါ။ နောက်နှစ် 2009 မှာ ရန်ကုန် ၁၆ မြို့နယ်မှာ Wi Fi ကွန်ရက် ရနိုင်တော့မယ် ဆိုလို့ပါ။ လောလောဆယ်တော့ ဒီမှာ iPhone က အရမ်းဈေးကြီး ပါတယ်။ 8GB ဖုန်းဟာ 8 သိန်း ၀န်းကျင် ရှိပါတယ်။ US မှာ တောင် စဖြန့်တာ 200 နဲ့ ထင်ပါတယ်။ ဒါကို ဒီက ဆိုင်တွေမှာ ၈ သိန်း ၉ သိန်း လောက်ဆိုတာ ဘယ်လို ဖြစ်လဲတော့ မစဉ်းစားတတ်အောင်ပါပဲ။ စင်ကာပူမှာ Singtel က ဘယ်လောက်နဲ့ ရောင်းလဲတော့ စုံစမ်းလိုက်ဦးမယ်။

လောလောဆယ် ဖုန်းတွေ အကြောင်းရေးရင်းနဲ့ ဖုန်းပြောတဲ့ အခါ သတိထားသင့်တာလေးတွေ သိသလောက် ရေးပါဦးမယ်။ တကယ်တော့ ရေးချင်တာ ကြာပါပြီ တချို့ သူငယ်ချင်းတွေနဲ့ ဖုန်းပြောတဲ့ အခါ အဆင်မပြေ ဖြစ်တာလေးတွေကို ပြောချင်တာပါ။

Read the rest of this entry »

Interview with Nick La from WDW

မနေ့က Nick La နဲ့ interview လုပ်ထားတဲ့ ပို့စ် တစ်ခုတွေ့လို့ ဘလော့ဂ်မှာ ပြန်တင်လိုက်ပါတယ်။ Nick La ဆိုသူကတော့ Web Designer Wall, N Design Studio, Best Web Gallery တို့ရဲ့ ဖန်တီးထားတဲ့ ဒီဇိုင်းနာ တစ်ယောက် ဖြစ်ပါတယ်။ သူဘလော့ဂ်တွေမှာ web design, web trends, illustrator စတဲ့ ဒီဇိုင်း အကြောင်းအရာတွေကို ဖတ်ရှုနိုင်ပါတယ်။ နောက် Best Web Gallery မှာတော့ အခြား css ဆိုဒ်တွေရဲ့ ဒီဇိုင်းတွေကို လေ့လာနိုင်ပါတယ်။

Read the rest of this entry »

World AIDS Day 2008 ~ 2

ဒီနေ့လဲ World AIDS Day 2008 (WAD) နေ့အတွက် ပို့စ်ဆက်တင်ပါဦးမယ်။ အမှန်တော့ အခုလို ၂ ပို့စ် ခွဲတင်ဖို့ အစီအစဉ် မရှိပေမယ့် မနေ့က တင်ရင်းနဲ့ ကွန်နက်ရှင်ကျသွားတာ publish လုပ်လိုက်တာ အခု တင်တဲ့ အောက်ပိုင်းပါမလာတော့ပဲ ဖြစ်သွားတာ။ အခုမှ ပုံတွေ နဲ့ အခြား လင့်ခ်တွေ တင်ရတာပါ။ ကွန်နက်ရှင်ကတော့ ဒီရက်ပိုင်း တော်တော်ဆိုးနေတယ်။ အခု တင်ထားတဲ့ပုံတွေက AIDS, HIV အတွက် သရုပ်ဖော်ထားတဲ့ ဓာတ်ပုံ၊ ဂရပ်ဖစ်တွေပါ။ အားလုံးက ဖန်တီးမှုအားကောင်း သလို မြင်ရုံနဲ့ ပုံရဲ့ အဓိပါယ်ကိုလဲ သိနိုင်ပါတယ်။ ပုံတွေက copyright (CC) တွေရှိ ထားတဲ့ အတွက် အောက်ကပုံတွေကို အခြားနေရာ NGO project, Non Profit project ဖြစ်ခဲ့ရင်တောင် သုံးခွင့်မရှိတာကိုတော့ သတိထားပေးပါ။ ပျော်ရွှင်ပါစေ။ ။

Read the rest of this entry »

World AIDS Day 2008

စာဖတ်သူတို့ရဲ့   စက်ထဲမှာ အရမ်းဆိုးပါတယ်ဆိုတဲ့ virus တချို့ ရှိကောင်းရှိနေနိုင်ပါတယ်.. ဒါပေမယ့် အဲဒီ virus ထက်ပိုပြီး အရေးကြီးတဲ့ virus က HIV (Human immunodeficiency virus) ဆိုတဲ့ virus ပါ။ ကျွန်တော်တို့ ကွန်ပျူတာ မရှိရင်တောင်နေနိုင် ပေမယ့် ကိုယ့် ချစ်ရတဲ့ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ နောက် ချစ်သူတွေ မရှိပဲ မနေနိုင်ပါဘူး။ AIDS ဆိုတဲ့ ရောဂါက ဒီနေ့ အထိ ကမ္ဘာပေါ်က 25 million ကျော်ကို သေစေခဲ့ ပြီးပါပြီ။ ဒီလို လူတွေကို ခြိမ်းခြောက်နေတဲ့ virus ကို ကာကွယ်ဖို့ က ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၁ ရက်နေ့ ဟာ AIDS အတွက် အားလုံး သတိရှိနေစေဖို့ အတွက် သတ်မှတ်ထားတဲ့ World AIDS Day ပါ။ ဒီနှစ် 2008 အတွက် ဆောင်ပုဒ်ကတော့ Stop AIDS. Keep the Promise – Lead – Empower – Deliver ဖြစ်ပါတယ်။

Read the rest of this entry »