Remindr


Remindr logo

Remindr ဆိုတာ web ပေါ်မှာ alarm ပေးလို့ရတဲ့ နာရီ web 2.0 site တစ်ခုပါ။ အဲဒီမှာ ဘာ register မှ လုပ်စရာမလိုပဲ ကိုယ် alert လုပ်ချင်တဲ့ စာသားနဲ့ ဘယ် service ကို သုံးပြီး alert လုပ်ရမလဲ ဆိုတာ ရွေးလိုက်ရင် ရပါပြီ။ သူ့မှာ Twitter, email, Jabber (GoogleTalk), Mobile Phone Number 4 မျိုးကနေ message ပို့ ပေးနိုင်ပါတယ်။

Remindr Screen Shot

သူက ကိုယ့် email, phone no တင် မကပဲ အခြား သူတွေရဲ့ မေးတွေ ဖုန်းတွေပါ message ပို့လို့ ရပုံရပါတယ်..မြန်မာကိုတော့ ပို့လို့ မရပါဘူး။ ဘာလို့လဲဆိုတော့ ဘာမှ id မတောင်းလို့ပါ။ Date ကတော့ ဒီနေ့ date ကို ယူလို့ မရလို့ အနည်းဆုံး ၁ ရက်တော့ ကြိုလုပ်ရပါလိမ့်မယ်။ နောက် ကိုယ်ပို့ချင်တဲ့ အချိန် ထည့်ပေးရုံပါပဲ။ အချိန်က Greenwich Mean Time ကို အခြေခံပြီး အလုပ်လုပ်ပါတယ်။ ဒီ web application ကို Ruby On Rails နည်းပညာနဲ့ ရေးထားတာ ဖြစ်ပြီး သူသုံးထားတဲ့ Twitter Bot ကို လဲ follow လုပ်နိုင်ပါတယ်။ ဒီ ဆားဗစ်က တကယ်တော့ Twitter Timer လို အလုပ်လုပ်တာပါပဲ။ လောလောဆယ် Chrsitmas နဲ့ New Year အတွက် ဒီ Remindr ဆားဗစ် သုံးပြီး Greeting လုပ် လိုက်ဦးမယ်။ ပျော်ရွှင်ပါစေ။ ။



Related Posts

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: