Search io ~ Tabbed Search
![]()
Search.io ဆိုတာ search engine အသစ်တစ်ခုပါ အမှန်တော့ သူ့ကို engine လို့တောင် မခေါ်သင့်ဘူး ထင်တယ်။ သူက ကိုယ်ရှာချင်တဲ့ web, image, video စတာတွေ အပေါ်မူတည်ပြီး နာမည်ကြီးဆိုဒ်တွေရဲ့ result တွေကို tab စနစ်နဲ့ ပြပေးတာပါ။ ဒါက အမှန်တော့ အရင်ပြောဖူးတဲ့ Google + Yahoo!! Search Engines တွေ နဲ့ တူတယ်။

ဒီဆိုဒ်မှာကတော့ SE ၂ ခုထက် မကတဲ့ result ကို tab ပြောင်းပြီး ကြည့်လို့ ရပါတယ်။ Google, Microsoft Live, Ask, Yahoo!!, Alta Vista, AOL စတဲ့ SE တွေက result ကို ကြည့်လို့ရတယ်။ အဲဒါထက် ကောင်းတာတစ်ခုက ဒီဇိုင်နာတွေ၊ ဓာတ်ပုံ သမားတွေ stock photos ရှာချင်တယ်ဆိုရင် အဲဒီမှာ ရှာရင် Stock Exchange (sxc.hu), Photobucket, DeviantArt, iStockPhoto, Shutterstock, Flickr တို့လို database အများကြီး ရှိတဲ့ ဆိုဒ်တွေက result ကို တစ်ထိုင်တဲ ကြည့်လို့ ရတာကတော့ ကျွန်တော် အကြိုက်ဆုံး တစ်ခုပါပဲ။ တစ်ခုတော့ရှိတယ် copyright တွေ လားတော့ ကြည့်ရတာပေါ့။ ဒါပေမယ့် Search.io က အသုံးဝင်တဲ့ tabbed search engine တစ်ခုဆိုတာကတော့ အသေအချာပါပဲ။ ။

Addict O Matic ~ Inhale The Web | My Burmese Blog said,
Wrote on January 10, 2009 @ 8:50 pm
[...] ဒါက အရင်ပြောခဲ့ဖူးတဲ့ Search !O နဲ့ ဆင်တူပါတယ်.. Tab ပုံစံပြတာနဲ့ Frame [...]
Like or Dislike:
0
0