Tips for Mobile Phone Users


ဒီရက်ပိုင်းမှာ မိုဘိုင်းဖုန်းတွေ တော်တော် စိတ်ဝင်စား နေမိတယ်။ လောလောဆယ် အခုထွက်နေတဲ့ James Bond ~ Quantum Of Solace က Sony Ericsson C902 ကိုလဲ စိတ်ဝင်စားနေပါတယ်။ နောက် 8.1 Mega Pixel နဲ့ C905 ဒီဖုန်းကတော့ ရန်ကုန်မှာ တောင် ဆိုင်တချို့မှာပဲ ရောက်ပါသေးတယ်။ စိတ်အ၀င်စားဆုံးက iPhone ပါပဲ။ ပိုက်ဆံစုပြီးဝယ်ဖို့ မနေ့က iPhone သွား ကြည့်ဖြစ်တယ်.. အမှန်တော့ iPhone ကို Internet သုံးဖို့ စိတ်ဝင်စားတာပါ။ နောက်နှစ် 2009 မှာ ရန်ကုန် ၁၆ မြို့နယ်မှာ Wi Fi ကွန်ရက် ရနိုင်တော့မယ် ဆိုလို့ပါ။ လောလောဆယ်တော့ ဒီမှာ iPhone က အရမ်းဈေးကြီး ပါတယ်။ 8GB ဖုန်းဟာ 8 သိန်း ၀န်းကျင် ရှိပါတယ်။ US မှာ တောင် စဖြန့်တာ 200 နဲ့ ထင်ပါတယ်။ ဒါကို ဒီက ဆိုင်တွေမှာ ၈ သိန်း ၉ သိန်း လောက်ဆိုတာ ဘယ်လို ဖြစ်လဲတော့ မစဉ်းစားတတ်အောင်ပါပဲ။ စင်ကာပူမှာ Singtel က ဘယ်လောက်နဲ့ ရောင်းလဲတော့ စုံစမ်းလိုက်ဦးမယ်။

လောလောဆယ် ဖုန်းတွေ အကြောင်းရေးရင်းနဲ့ ဖုန်းပြောတဲ့ အခါ သတိထားသင့်တာလေးတွေ သိသလောက် ရေးပါဦးမယ်။ တကယ်တော့ ရေးချင်တာ ကြာပါပြီ တချို့ သူငယ်ချင်းတွေနဲ့ ဖုန်းပြောတဲ့ အခါ အဆင်မပြေ ဖြစ်တာလေးတွေကို ပြောချင်တာပါ။


1 ~ ကိုယ်က သူငယ်ချင်း တစ်ယောက်ယောက်၊ မိတ်ဆွေ တစ်ယောက်ယောက်ကို ဖုန်းခေါ်တဲ့ အခါ ဘယ်လောက် ရင်းနှီးပါစေ ကိုယ့်နာမည်ကို ပြောဖို့ မမေ့ပါနဲ့။

တခါတလေ ဖုန်းပြောတဲ့ အခါ ကျွန်တော့် တချို့ သူငယ်ချင်းတွေက သူတို့ ခေါ်ပြီး နာမည်မပြောပဲ စကားတွေ ဆက်ပြောတဲ့ အခါ တစ်ဖက်က ဖုန်းကိုင်ရတာ ဘယ်သူမှန်း မသိပဲ အားနာပြီး ပြန်ပြောရတာ တွေ ခဏ တိုင်း ဖြစ်တတ်ပါတယ်။ ဟန်းဖုန်းချင်း ခေါ်တာက နံပတ်ပေါ်လို့ ကိစ္စ မရှိပေမယ့် ရိုးရိုးဖုန်းကိုင် တဲ့ အခါ ဘယ်သူလဲ မသိပဲ ပြောရတာ တော်တော်ခက်ပါတယ်.. ဖုန်းထဲမှာ လိုင်းမကြည်တာတွေ နောက် အပြင်က အသံလို မဟုတ်ပဲ အသံ ပြောင်းနေတာ တွေ ဖြစ်တဲ့ အခါ ကိုယ့်ကို တစ်ဖက်လူက မှတ်မိဖို့ ခက်ပါတယ်။ ဒါကြောင့် ဖုန်းခေါ်တဲ့ အခါတိုင်း ကျွန်တော် ဘယ်သူ ပါ စသဖြင့် ကိုယ့်နာမည် အရင် ပြော သင့်ပါတယ်။

2 ~ ဖုန်းထဲကနေ တချို့ အရေးကြီး ကိစ္စကို မပြောပါနဲ့။

ကျွန်တော့် သူငယ်ချင်းတချို့တွေက အရေးကြီးကိစ္စကို လဲ ဖုန်းထဲကနေ ပြောလေ့ရှိကြပါတယ်။ ကျွန်တော့် သဘောအရ ဆိုရင်တော့ အရေးကြီး ကိစ္စ (ဖုန်းကနေမပြောပဲ လူချင်းတွေ့ ပြောလို့ ရတာကို) အပြင်မှာ ပြောတာပိုကောင်းပါတယ်။ ဥပမာ – စီးပွားရေး ဆိုင်ရာမျိုးတွေကို အပြင်မှာ ပြောတာ ပိုကောင်းပါတယ်.. ဒါဆိုရင် လေးနက်တဲ့ သဘော သက်ရောက်သလို တစ်ဖက်လူရဲ့ မျက်နှာ အနေအထားကိုပါ အကဲ ခတ်လို့ ရပါတယ်။ နောက် ပိုက်ဆံ ကိစ္စတွေ ဖုန်းကနေ ပြောတဲ့ အခါ ကိုယ်ပြောတဲ့ အချိန် လိုင်းက မမိဖြစ်သွားရင် တစ်ဖက်လူ ကြားလိုက်မှာ မဟုတ်ပါဘူး။ သေချာတာက အပြင်မှာ ပြောတာက ပိုကောင်းမှာပါ။ ချွင်းချက် – ရည်းစားစကားပြောရင်လဲ အပြင်မှာ ပြောပါလေ =P

3 ~ Mobile Phone သုံးတဲ့ အခါ အမြဲ ဖုန်း key တွေကို lock လုပ်ထားပါ။ ကိုယ်သုံးချင်တဲ့ အခါ ဖွင့်ပါ။

ဒါကတော့ ကျွန်တော့် ကိုယ်တွေ့ပါ.. အမှန်တော့ ဖုန်း key unlock လုပ်တဲ့ * + unlock ခလုပ် ၂ ခု နှိပ်ရမှာ ပျင်းလို့ ဒီအတိုင်း မပိတ်ပဲ ထားတာ တခါတော့ ဖုန်းနဲ့ သူငယ်ချင်း တစ်ယောက်ကို ဖုန်းခေါ်ပြီး နောက် အပြင်လျှောက်သွားတာ ဖုန်းက ကျွန်တော်မသိလိုက်ပဲ နှိပ်မိပြီး ပြန်ခေါ်ပြီးသား ဖြစ်သွားပါတယ်။ ကံဆိုးချင်တော့ အဲဒီ အချိန်မှာပဲ လူဆိုးဘော်ဒါတွေနဲ့ သွားတွေ့ပြီး သူတို့ တွေ ပြောတဲ့ အကြောင်းအရာတွေက တစ်ဖက်က ဖုန်းမချပဲ ကိုင်ထားတဲ့ သူငယ်ချင်းက ကြားသွားပါတယ်.. အဲဒီမှာတင် ကျွန်တော့်ကို ဖုန်းမပြောတာ ၂ ပတ်လောက်တောင် ကြာသွားတယ် အခုမှ ပြန်ခေါ် ပါတယ်။ ဒါ့ကြောင့် အတင်းပြောမယ်ဆိုရင် ဖုန်း unlock လုပ်ပြီးမှသာ ပြောပါလေ =D

4 ~ မလိုအပ်ရင် Bluetooth ကို မဖွင့်ထားပါနဲ့။

ဖုန်းမှာ အမြဲ bluetooth ဖွင့်ထားတဲ့ အခါ ဖုန်း battery အကုန်မြန်ပါတယ်။ နောက် ဖုန်း virus အများစုက bluetooth ကနေ ကူးပါတယ်။ virus ရှိတဲ့ဖုန်းက အမြဲပဲ သူ့ ဧရိယာအတွင်းက bluetooth ဖွင့်ထားတဲ့ ဖုန်းကို လိုက်ရှာပါတယ် နောက် တွေ့ရင် ဖိုင် send မယ် accept လုပ်မလားလို့ ပေါ်ပါတယ်။ အဲဒီဖိုင်ကို ယူလိုက်မယ်ဆိုရင်တော့ ကိုယ့်ဖုန်းမှာ virus ၀င်သွားတာပါ။ ဒီလိုနဲ့ ကူးပါတယ်။ virus ဖိုင်အများစုကတော့ 46Sfdf လို စတဲ့ နာပတ်တွေနဲ့ အဓိပ္ပါယ်မရှိတဲ့ စာသားနဲ့ နာမည်တွေ ဖြစ်ပါတယ်။ တချို့တွေက လဲ နာမည်လှလှလေးတွေ ရှိပါတယ်။ ဒါကြောင့် bluetooth ကို ဖိုင်ကူးချင်မှ သာဖွင့်တာ အကောင်းဆုံးပါပဲ။ Infrared လဲ ပိတ်ထားသင့်ပါတယ်။ သူကတော့ range မကျယ်လို့ virus ကူးဖို့တော့ မလွယ်ပါဘူး။

5 ~ ဖုန်းက ဆက်သွယ်မှု ဧရိယာ အပြင်ရောက်နေပါတယ်၊ ဖုန်းပိတ်ထားပါတယ် လို့ ပြောတိုင်း အတည် မယူပါနဲ့။

တခါတလေ ကျွန်တော်တို့ ပြည်တွင်း ဖုန်းတွေမှာ ခေါ်လိုက်ရင် ဆက်သွယ်မှု ဧရိယာ အပြင်ရောက်နေပါတယ်၊ ဖုန်းပိတ်ထားပါတယ် စသဖြင့် ကြားရတတ်ပါတယ်။ အဲဒါတွေကို အမှန်တော့ အတည်ယူလို့ မရပါဘူး တခါတလေ ဖုန်း ၂ လုံး တပြိုင်တဲ ကိုင်ပြီး တစ်ဖက်ဖုန်းခေါ်၇င်တောင် ဆက်သွယ်မှု ဧရိယာ ပြင်ပရောက်တယ် ကြားရရင် ကြားရပါတယ်။

6 ~ Message ပို့တဲ့ အခါ ချက်ချင်း တစ်ဖက်ကို ရောက်တယ်လို့ မယူဆပါနဲ့။

ဖုန်း message တွေ ပို့တဲ့ အခါ တစ်ဖက်ဖုန်းကို အခု ပို့၊ စက္ကန့် ပိုင်း အတွင်း ရောက်တယ်ဆိုတာ သဘောတရားရှိပေမယ့် ပြည်တွင်းမှာ တခါတလေ လိုင်းကျပ်တဲ့ အခါ၊ နေ့ကြီးရက်ကြီးတွေမှာ ပို့ရင် တခါတလေ ကိုယ် ပို့ လိုက်တဲ့ အချိန်နဲ့ ၇ နာရီ ၈ နာရီ လောက်အထိ ခြားပြီးမှ ရောက်တတ်ပါတယ်။ ဒါကြောင့် တခါတလေ message ပို့တာထက် ဖုန်းခေါ်တာက ပိုပြီး အဆင်ပြေပါ လိမ့်မယ်။

7 ~ SIM Card ကို မလိုအပ်ပဲ အသွင်း၊ အထုတ် မလုပ်ပါနဲ့။

SIM Card ကို တကယ် မလိုအပ်ပဲ အသွင်း၊ အထုတ် ခဏ တိုင်းလုပ်တဲ့ အခါ ကြာရင် ကိုယ့် SIM Card အလုပ် မလုပ်တော့တာ၊ ကျိုးသွားတာ ဖြစ်တတ်ပါတယ်။ အဲဒီ လို ဖြစ်ရင် SIM Card လဲရင် မူရင်း နံပါတ်နဲ့ ကတ်ကိုလဲရင်တောင် ၁ သိန်း လောက် ကုန်ပါတယ်။ ပြည်ပမှာကတော့ မြန်မာငွေ တစ်သိန်းလောက်ဆိုရင် SIM Card အများကြီးရနိုင်ပေမယ့် ဒီမှာကတော့ ငွေတစ်သိန်းလောက်နဲ့ မူရင်း SIM Card ကျိုးလို့ လဲတာပဲ ရနိုင်ပါတယ်။

8 ~ အရေးကြီး data တွေကို memory card မှာ သာ save ပါ။

ဖုန်းထဲမှာ အရေးကြီး data တွေ မှတ်တဲ့ အခါ ကိုယ့်ဖုန်းမှာ ထပ်စိုက်ထားတဲ့ M2 ကဒ် လို memory card မှာ သာ မှတ်ပါ။ တကယ်လို့ ဖုန်းပျက်သွားတဲ့ အခါ ကိုယ့်ဖုန်းထဲက memory card ကို ထုတ်ယူပြီး နောက် ဖုန်းမှာ တပ်လိုက်ရုံပါပဲ။ မဟုတ်ရင်တော့ မူရင်း ဖုန်းကို ပြင်ပြီးမှသာ ပြန်ရနိုင်ပါလိမ့်မယ်။

9 ~ မိုးရွာထဲ သွားတဲ့ အခါ ရေလုံတဲ့ အိတ်ထဲထည့်ပါ။

မိုးရာသီရောက်တဲ့အခါ ထီးမပါတောင် ဖုန်းထည့်စရာ ရေလုံတဲ့ အိတ်တစ်ခုခု အမြဲ ဆောင်ထားသင့်ပါတယ်။ လူရေစိုတာက ခြောက်အောင်လုပ်လို့ရပေမယ့် ဖုန်းရေစိုရင် ပျက်တတ်ပါတယ်။ နောက် သင်္ကြန်လည်ရင် ဖုန်းထားခဲ့ပါ ဒါမှမဟုတ် ယိုးဒယားက လာတဲ့ ဖုန်းထည့်တဲ့ အိတ်နဲ့ထည့်ထားပါ။ ဒါမှ ရေလုံတဲ့ အပြင် ရေထဲကျခဲ့ရင်လဲ ဘေးဘက်မှာ လေပါတဲ့ အတွက် ပေါလောပေါ်နေမှာပါ။

10 ~ မိုးအရမ်းသဲသဲထဲ ကွင်းပြင်လိုနေရာမျိုးတွေမှာ ဖုန်းမပြောပါနဲ့။

အရင်ကတော့ သတင်းတွေထွက်သေးတယ် မိုးရွာထဲ ipod နားထောင်ရင် မိုးကြိုးပစ်တယ် ဘာတယ်နဲ့ အမှန်တော့ ipod က မိုးကြိုးပစ်လောက်အောင် မစွမ်းဆောင်နိုင်ပါဘူး။ ipod နားထောင်လို့ မိုးကြိုးပစ်တာ မဟုတ်ပဲ မိုးကြိုးပစ်ခံရတဲ့သူက ipod နားထောင်နေခြင်း သာဖြစ်ပါတယ်။ ဒါပေမယ့် မိုးရွာထဲ အကာအကွယ် မရှိတဲ့နေရာမှာ ဖုန်းပြောနေမယ်ဆိုရင်တော့ မိုးကြိုးပစ်ခံရဖို့ ရာခိုင်းနှုန်း အရမ်းများပါတယ်။ ဖုန်းကထွက်တဲ့ လှိုင်းက က ဒီအတိုင်းဆိုရင် မသိသာပေမယ့် အန္တရာယ်ရှိပါတယ်။ ဥပမာ – Guitar Amp နားမှာ ဖုန်းပြောရင်း အနားကပ်မိရင် amp က အသံလှိုင်းတွေ ကြောင်ကုန်ပါတယ်။ သူ့မှာပါတဲ့ receiver ဟာ မိုးရွာထဲမှာ မိုးကြိုး၊ လျှပ်စစ်ကို ဆွဲဆောင်နေသလို ဖြစ်ပါတယ်။ ဒါကြောင့် မိုးသည်းရင် ဖုန်းမပြောတာ အကောင်းဆုံးပါ။

ဒါတွေကတော့ ကျွန်တော် ကြုံတွေ့ခဲ့ရတဲ့ ဖုန်းနဲ့ ပက်သက်တဲ့ ရှောင်ရန် အချက်တွေသာ ဖြစ်ပါတယ်။ အခြား ဂရုစိုက်သင့်တာတွေလဲ ရှိဦးမှာပါ။ နောက်ထပ် ပြောချင်တာလေးတစ်ခုက ပြည်တွင်းမှာ ဖုန်းဝယ်မယ်ဆိုရင် တရားဝင် ကိုယ်စားလှယ်တွေဆီမှာ ၀ယ်တာ စိတ်ချရပါတယ်။ မဟုတ်ရင်တော့ ဈေးများနေတာ၊ ပစ္စည်း အဟောင်းဖြစ်နေတာမျိုး ဖြစ်နိုင်ဖို့ ရာခိုင်းနှုန်းများပါတယ်။ လောလောဆယ် ဒီမှာ Sony Ericsson, Nokia, ZTE စတဲ့ ဖုန်းတွေမှာ တရားဝင် ကိုယ်စားလှယ် ဆိုင်တွေရှိပါတယ်။

ဖုန်းတွေ ဘယ်ဆိုင်မှာ ဘာသက်သာတယ်ဆိုတာ သိချင်ရင်တော့ ကျွန်တော့်ကို မေးလို့ရပါတယ်။ မ၀ယ်ဘဲ ဆိုင်တွေ အစုံပတ်ပြီး ဈေးစုံစမ်း၊ အစမ်းသုံး ထားတာ ဟဲ ဟဲ =P ။ လောလောဆယ် ကျွန်တော်ကတော့ T-Mobile Android G1 ထက် iPhone 3G ကို စိတ်ဝင်စားနေပါတယ်။ နောက် C905 လဲ လိုချင်တယ်။ သူကလဲ ၈ သိန်းဝန်းကျင်လောက် ရှိမယ် ထင်တယ်။ Nokia N97 အကြောင်းတော့ အခုထိ မဖတ်ရသေးဘူး။ လက်ရှိကတော့ ချူချာနေတဲ့ 128 Mb ဖုန်းလေးထဲ သီချင်းတွေ အပြည့်ထည့်ပြီး ကိုင်နေဆဲပါပဲ။ ။



Related Posts

3 Comments so far »

  1. Rapster88 said,

    Wrote on December 9, 2008 @ 11:33 pm

    US မှာ iPhone ကို 200 က contract နဲ့ဖြစ်လို့ပါ။ စင်ကာပူက iPhone ကတော့ unlock လုပ်စရာ မလိုဘူးလို့ ကြားတယ်ဗျ။ ကျွန့်တော့် classmate တစ်ယောက် အဲဒီဖက်က ၀ယ်တာ ရင်းဂစ် ၂၁၀၀ လောက်ကျခဲ့တယ်ဆိုတော့ အစိမ်း ၅၈၀ လောက် ပေါက်နိုင်တယ်။

    ကျွန်တော်လဲ iPhone မြင် iPhone, HTC ဆို HTC.. Nokia နဲ့ G1 ကလဲ ကြားထဲ ၀င်ဝင်ပါလိုက်သေးတယ်.. ဒါပေမယ့် သရေတွေကြီးပါပဲဗျာ.. :D

    Like or Dislike: Thumb up 0 Thumb down 0

  2. MhawSayar said,

    Wrote on December 11, 2008 @ 6:39 am

    Tips လေးတွေက အများအတွက် အသုံးဝင်နိုင်တာမို့လို့ ပြန်ရှဲလိုက်တယ် ညီ။ Thx! :)

    Like or Dislike: Thumb up 0 Thumb down 0

  3. Rapster88 said,

    Wrote on December 11, 2008 @ 7:43 am

    ဆောရီးဗျာ။ ကျွန်တော် အခုမှ typo အမှားကို မြင်တယ်။ Contact ကို Contract လို့ ပြင်ပေးပါ။ :D

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: