Web Show 2008

December 25 Christmas နေ့က ရန်ကုန် Myanmar Info-Tech မှာ Web Show 2008 ကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ personal websites 15 ခု နှင့် အခြား community sites တွေကိုလဲ ပြသခဲ့ပါတယ်။ Sponsers အနေနဲ့ Creative, Myanmar Times, အလင်းတန်း, NOW, MCIS တို့က ပါဝင်ခဲ့တာပါ။ ကျွန်တော်လဲ အဲဒီမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ နောက် အခြား ပရောဂျက်ဆိုဒ် တစ်ခုလဲ အပါအ၀င်ပါ။ လက်ရှိတော့ အဲဒီ ဆိုဒ်က အစမ်းကာလသာရှိ ပါသေးတယ်။ မကြာခင် စတင်နိုင်မှာပါ။
ပွဲက လူထင်သလောက် မလာခဲ့ပေမယ့် လူကတော့ မနည်းပါဘူး။ လူငယ်တွေ အလာများပြီး လူကြီးပိုင်းတွေပါ လာတာကိုတွေ့ရပါတယ်. အဲဒီမှာ အမေးအဖြေ တွေ နဲ့ အခြား အင်တာဗျူးပုံစံတွေလဲ ပါဝင်ခဲ့ပါတယ်။ လူကြီးပိုင်းတွေလဲ ကွန်ပျူတာ နည်းပညာကို စိတ်ဝင်စားလာကြတာ တွေ့ခဲ့ရပါတယ်။ နောက် အဲဒီမှာ မနက် ၉ နာ၇ီက စခဲ့တာ ဖြစ်ပြီး ညနေ ၅ နာရီမှာ ပြီးဆုံးပါတယ်။ ပြိုင်ပွဲရဲ့ ဆုကိုတော့ လာကြည့်တဲ့ ပရိတ်သတ်တွေက ရွေးပေးခဲ့တာ ဖြစ်ပြီး ကိုမျက်လုံး Thet Htoo က ရရှိခဲ့ပါတယ်။ ပွဲက အဆင်ပြေပြေနဲ့ ပြီးသွားခဲ့ပြီး ပွဲစီစဉ်သူ ကိုဇော်ဇော် က နောက်နှစ်မှာ လဲ ဒီလိုပွဲမျိုးတွေ ထပ်ပြီး ပြုလုပ်မည့်အကြောင်း ပြောသွားပါတယ်။
ပွဲတုန်းက ပုံတွေ အချို့ ကိုတော့ အခု တင်လိုက်ပါတယ်။
ဒါ မနက်အစောပိုင်းမှာ ကျွန်တော်တို့ ကွန်ပျူတာတွေ ပြင်ဆင်နေကြတဲ့ပုံပါ။

ဒါက ပြထားတဲ့ ဆိုဒ်တွေ..

ဒါကတော့ Info-Tech ပုံစံငယ်..

ဒါက ကောင်မလေးတွေ ကျွန်တော် ဆိုဒ် စိတ်ဝင်စားနေကြတဲ့ပုံ… အဟတ် ![]()






Myanmar ICT Exhibition 2009 | My Burmese Blog said,
Wrote on February 14, 2009 @ 1:13 pm
[...] Web Show 2008 10th Anniversary ICT Exhibition (2008) Foxconn Dota All Stars Tournament Myanmar ICT Exhibition 2008 [...]