Addict O Matic ~ Inhale The Web

Addict-O-Matic ဆိုတာကတော့ Web 2.0 Search Engine တစ်ခုပါ. Personalize Search Engine ပါ။ သူက ဘာနဲ့ တူသလဲဆိုတော့ iGoogle နဲ့ ဆင်တူပါတယ်။ ဒါပေမယ့် iGoogle လို အခြား widget တွေတော့ မရှိပါဘူး။ သူ့မှာ search query (keyword) တစ်ခု ရှာလိုက်တာနဲ့ နာမည်ကျော် Powerful Web Services တွေ ဖြစ်တဲ့ Google, Live, Digg, YouTube, Twitter, Flickr, Delicious, Ask, BlinkX, Technorati, Yahoo တို့လို ဆိုဒ်တွေက result တွေကို frame အလိုက်ပြပေးတာပါ။ ဒါက အရင်ပြောခဲ့ဖူးတဲ့ Search !O နဲ့ ဆင်တူပါတယ်.. Tab ပုံစံပြတာနဲ့ Frame လိုက်ပြတာပဲ ကွာတာပါ။
နောက် အချို့ keyword တွေကိုတော့ TechChrunch, Engadget, Mashable, Download Squad, ZDnet News, Webware, New York Times, Life Hacker, CNet, Read Write Web တို့လို နာမည်ကြီး tech blog တွေက နေလဲ ရှာပေးပါတယ်။ ဒီလို search မျိုးတွေက တခါတလေ ဆိုဒ်တွေအများကြီးမှာ ရှာတာထက် ပိုပြီးမြန်တဲ့ အပြင် အဆင်ပြေပါတယ်။ အထူးသဖြင့် သတင်းလိုမျိုး ရှာတဲ့ အခါမှာပါ။
