Apple Introduces Revolutionary New Laptop With No Keyboard


Macbook Wheel Touch Keyboard

Apple ကနေ Keyboard မပါတဲ့ ပထမဆုံး Laptop ကို မိတ်ဆက်ပြတဲ့ ဗီဒီယိုကို Onion News Network က video မှာ ကြည့်ခဲ့ရပါတယ်။ Laptop က Ipod ကလို wheel မျိုးနဲ့ပါ။ ဒါကို ပြသွားတာက နှလုံးရောဂါ ဖြစ်နေပါတယ်ဆိုတဲ့ သတင်းကို ငြင်းထားပေမယ့် သိသိသာသာ ပိန်နေတဲ့ Apple CEO Steve Job ကနေ Mac World Expo မှာ ပြသွားခဲ့တာပါ။ ဒီ laptop ကို ကြည့်ရတာ ကျွန်တော့် အတွက်တော့ စိတ်မသက်သာစရာပါ ကြည့်ရတာ အရင် ရှေးတုန်းက တယ်လီဖုန်း ကိုကြည့်ရသလိုပါပဲ.. နောက် ဂိမ်း ဘယ်လိုဆော့လို့ ရမလဲ ?

ဒီလက်တော့ကို ဗီဒီယိုထဲမှာ ပြထားခဲ့တဲ့ ဈေးနှုန်းက $2,599 (8 GB) နဲ့ $9,960 (40 GB) ပါတဲ့ ဈေးက မသေးပါဘူး။ ဒီ MacBook ကို နောက် ၃ လကနေ ၁၅ လ အတွင်း ထုတ်မယ်လို့ ကြားရပါတယ်။ ဗီဒီယို ထဲက တစ်ယောက်ကတော့ ဒီလို ပြောပါတယ်.. “I’ll buy almost anything that is shiny and made by Apple” ကျွန်တော်ကတော့ မ၀ယ်ဘူး မတန်လို့…။

ဒီ MacBook Wheel အကြောင်းကို အခုထိ Apple.com မှာ သတင်းရှာလို့ မရသေးပါဘူး။ ။


Apple Introduces Revolutionary New Laptop With No Keyboard



Related Posts

2 Comments so far »

  1. TZA said,

    Wrote on January 10, 2009 @ 10:37 pm

    ညီ.. အဲဒါပျော်စေပျက်စေလုပ်ထားတာပါ၊ အတည်မဟုတ်ဘူး။
    http://en.wikipedia.org/wiki/The_Onion အဲဒီကြက်သွန်ကနေ ထုတ်တဲ့ဗီဒီယိုပါ။

    Like or Dislike: Thumb up 0 Thumb down 0

  2. Htoo Tay Zar said,

    Wrote on January 11, 2009 @ 2:21 pm

    Bro TZA @ ဟုတ် အကို အခုမှ Wiki ဖတ်ကြည့်မိတယ် အဲဒီ Onion ကနေ ဟာသ ကားတွေ လဲထုတ်တာ ကြည့်ဖူးတယ် ဒါပေမယ့် Fake News ပြတဲ့ လိုင်းမှန်း မသိဘူး အခုမှ သိတယ်.. PC World Mag မှာ လဲဒီ ဗီဒီယိုကို fake လို့ ဖတ်ရတယ်. ဒါပေမယ့် အစစ် အတိုင်းပဲ :D

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: