Apple New MacBook Pro

Apple ရဲ့ New MacBook Pro အသစ်ကို အခု 2009 မှာ ထွက်ပါပြီ.. ဒါက october မှာ ထွက်ခဲ့တဲ့ New MacBook တွေထက် ၃ လလောက် နောက်ကျပြီးမှ ထွက်လာတာပါ။ ဒီ MacBook အသစ်မှာ အရင် New MacBook spec အတိုင်း ပဲဖြစ်ပြီး ကွဲပြားတာတွေက Core 2 Duo Processor speed, Nvidia Graphic, Apple Ports တို့က MacBook နဲ့ ကွဲပါတယ်။ Pro တွေကိုတော့ 15.4-inch နဲ့ 17-inch ဆိုပြီး ဆိုဒ် ၂ မျိုး နဲ့ထုတ်ထားပါတယ်။

15.4-inch မှာ Core 2 Duo 2.4GHz, 2.53GHz, or 2.8GHz တွေ ရှိပြီး 17-inch မှာတော့ 2.66GHz or 2.93GHz ရှိပါတယ်။ Nividia Graphic က NVIDIA GeForce 9600M GT graphics processor တွေ သုံးထားတာက Apple laptop တွေထဲမှာ graphic အမြင့်ဆုံးသုံးထားခြင်းပါ MacBook Air တောင်မှ Geforce 9400 ပဲသုံးထားတာပါ။ Hard Disk က 250GB or 320GB 5400-rpm hard drive ပါပါတယ်။ RAM က DDR3 2GB to 8GB အထိပါပါတယ်။

ဒီ New MacBook Pro ရဲ့ အထူးခြားဆုံး အချက်ကတော့ ကမ္ဘာပထမဆုံး long life battery notebook ဖြစ်ပါတယ်.. Graphic GPU အပေါ် မူတည်ပြီး ပုံမှာ ပြထားသလိုပဲ 9400 M ဆိုရင် up to 8 hours, 9600M ဆိုရင် up to 7hours သုံးနိုင်တာပါ။ Battery က ကြာရှည်ခံပေမယ့် laptop weight က ပုံမှန် 5.5 pounds or 6.6 pound ပါပဲ။ နောက် တစ်ချက် battery ကြာရှည်သုံးနိုင်သလို LED-backlit Display က လဲ ပါဝါ အစားခံပါတယ်။ နောက် Energy Star, EPEAT Gold compliance ပါ။

Screen Resolution က 15-inch မှာ 1440 by 900 pixels နှင့် 17-inch မှာ 1920 by 1200 pixels ရတာက graphic သမားတွေ အတွက် နှစ်သက်စရာပါ။ Pro မှာ အသစ်ပါတဲ့ port ကတော့ ExpressCard/34 slot ဖြစ်ပါတယ်.. ကျန်တာကတော့ အကုန်တူတူပါပဲ။ ဈေးနှုန်းတွေက 15-inch က အနိမ့်ဆုံးဈေး $1999 က စတာဖြစ်ပြီး 17-inch ကတော့ $2799 ဖြစ်ပါတယ်။ ဒီဈေးနှုန်းက အနိမ့်ဆုံး 15-inch $1999 ဆိုတာတောင် MacBook Air ထက် ဈေးများပါတယ်။ Apple New Product MacBook Series တွေရဲ့ spec ခြားနားချက်တွေကို Full Comparisom Chart မှာ ကြည့်နိုင်ပါတယ်။


The Evolution Of Apple Design | My Burmese Blog said,
Wrote on January 22, 2009 @ 4:33 pm
[...] 2008 အထိတပ်ထားပြီး 2009 မှာ မှ ထုတ်တဲ့ New MacBook Pro ပုံပါထည့်ထားတယ်။ ကျွန်တော် [...]
Like or Dislike:
0
0